Tuesday, December 11, 2012

လုပ်ရက်ပါပေ့အရှင်ဝီရသူရယ်



          မြန်မာလူမျိုးများသည် သဒ္ဒါတရားကောင်းသော လူမျိုးများ ဖြစ်ပါသည်။ ဘုရားအား အမှူးထား၍ သာသနာတော်ကြီး တည်တံ့ခိုင်မြဲရေးနှင့် အမျိုး၊ ဘာသာ၊ သာသနာအတွက် ရည်မှန်းကာ သံဃာတော်များ အား လှူဒါန်းကြပါသည်။ သံဃာဆိုလျှင် ၀ိနည်း၊ သိက္ခာနှင့် ညီသည်/မညီသည်ဖြစ်စေ ဦးပြည်းကတုံးနှင့် သင်္ကန်းရုံထားလျှင်ပင် လှူဒါန်းချင်စိတ် ရှိပြီးဖြစ်ပါသည်။ အဆိုပါဗုဒဘာသာဝင်မြန်မာလူမျိုးများ၏ အားနည်း ချက်များအပေါ်တွင် မသမာသောသံဃာများ၏ ခုတုံးလုပ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။

          ယခုလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြမှုတွင် ဒဏ်ရာရရှိခဲ့သော သံဃာများအတွက် လှူဒါန်းခဲ့သည့် ငွေကြေးသိန်းပေါင်းနှစ်ရာအား အရှင်ဝီရသူ(မစိုးရိမ်တိုက်သစ်)မှ သိမ်းဆည်းယူငင်ထားကြောင်း သိရှိရပါသည်။ ပြည်သူလူထုမှ ဒုက္ခရောက်နေသော သံဃာတော်များအတွက်ရည်မှန်း၍ လှူဒါန်းထားသော ၀တ္ထုငွေများအား ဓမ္မကထိက အကျော်တစ်ပါးဖြစ်ပါလျက် အလွဲသုံးရက်သည်မှာ အံသြဖွယ်ဖြစ်ပါသည်။
          အရှင်ဝီရသူသည် လက်ပံတောင်းအရေးနှင့်ပတ်သက်၍ ဦးဆောင်သံဃာများမှ စည်းရုံးခဲ့စဉ်က ရှေ့တန်းကျကျ လိုက်ပါရန် ငြင်းပယ်ခဲ့ပါသည်။ ၎င်းကိုယ်တိုင် မဆောင်ရွက်လိုသဖြင့် သံ ဃာတော်ငယ် များအားမြှောက်ပင့်ပေးပြီး လက်ပံတောင်းတောင်သို့စေလွှတ်ခဲ့ပါသည်။ ဆရာတော် အရှင် ၀ီရသူ၏ ဘေးတီးပေး မှုဖြင့် ဆန္ဒပြမှုများအောင်မြင်ခဲ့ပါသည်။ အစိုးရမှနှိမ်နင်းမှုများပြုလုပ်သောအခါ ၎င်းသံ ဃာများသာဒဏ်ရာရပြီး ဖမ်းဆီးခြင်းခံခဲ့ရပါသည်။
          လက်ပံတောင်းတောင် အရေးစတင်လှုံ့ဆော်ခဲ့စဉ်က အရှင်ဝီရသူအနေဖြင့် မည်သူ၏ အကူအညီမှ မယူဘဲ ၎င်း၏ ဓမ္မကထိကအလှူငွေရရှိမှုများမှ သုံးစွဲသွားမည်ဟု ကြွေးကြော်ခဲ့သော်လည်း ယခုအခါ ၎င်း စိုက်ထုတ်သုံးစွဲခဲ့သောငွေများ ပြန်ရရေးအတွက် မကြံကောင်းမစည်အပ်ရာများ ပြုလုပ်နေသလားဟု ထင်မြင် ယူဆမိပါသည်။
          အရှင်ဝီရသူအနေဖြင့် အခြားလုပ်ငန်းကိစ္စနှင့် ကိုယ်ရေးကိုယ်တာများတွင်သုံးစွဲလိုပါက သီးခြား အလှူခံခြင်းပြုလုပ်သင့်ပါသည်။ ယခုလှူဒါန်းထားသောငွေများမှာ လက်ပံတောင်းတောင်အရေးဆန္ဒပြမှုတွင် ဒဏ်ရာရရှိခဲ့သော သံဃာများအတွက် လှူဒါန်းခဲ့သည့်ငွေများဖြစ်သဖြင့် ဒုက္ခရောက်နေသော သံဃာများအား ခုတုံးလုပ်ကာ ----- ပြ၍ ဆန်တောင်းခြင်းမျိုး မလုပ်သင့်ကြောင်း လျှောက်ထားလိုပါသည်။

No comments:

Post a Comment

My Blog List