မနေ့ကဖြစ်ခဲ့တဲ့ကောနက်တီကတ်ပြည်နယ်ကမူလတန်းကျောင်းက၅နှစ်ခြောက်နှစ်အရွယ်ကလေးငယ်တွေ အများစု အပါအ၀င် လူ၂၆ ယောက် သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွက် သတင်းစာရှင်းလင်း
ပွဲ မှာ စိတ်ထိခိုက်မျက်ရည်ကျနေတဲ့ သမ္မတအိုဘားမားပါ။
ဒီလိုကိစ္စတွေနဲ့ ကြုံရင် သမ္မတတဦးထက် သမီးနှစ်ဦးရဲ့ ဖခင်မိဘတဦး အနေနဲ့ ပိုပြီးခံစား ရပါတယ် လို့ မျက်ရည်သုတ်ရင်း အရေးပေါ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာသူကပြောကြား ခဲ့ပါတယ်။
နောက်ဆုံးသတင်းတွေအရပစ်ခတ်မှုကြောင့်ကလေးအယောက်(၂၀)နဲ့လူကြီးခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ပစ်ခတ်သူသေနတ်သမား ကတော့ ကျောင်းက ဆရာမတဦးရဲ့ သား ကျောင်းသားတဦးလို့ သိရပြီးသူ့  အမေဆရာမလည်း နေအိမ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။
သူကိုယ်တိုင်လည်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ ရပါတယ်လို့ NBS ရု့ပ်သံသတင်း အရ သိရပါတယ်။

No comments:
Post a Comment