ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ကျပ် ငါးထောင်တန် ငွေစက္ကူ အတု များမကြာခဏ စစ်ဆေး တွေ့ရှိမှုများ ဖြစ်ပေါ်လျှက်ရှိပြီး ဒီဇင်ဘာလ(၁၁)ရက်နေ့တွင်လည်း
ကမ္ဘောဇဘဏ်ခွဲ (ဟင်္သာတ) ၌ ငွေလွှဲသူများ ထံ ကတွေ့ရှိမှုများ ရှိခဲ့ကြောင်း
သိရသည်။အဆိုပါ ကျပ် ငါးထောင်တန် ငွေစက္ကူများအား အတုနှင့် အစစ်
ခွဲခြားရာတွင်စာရွက်အသားနှင့် လုံခြုံရေး ကြိုးလိုင်း ကွဲပြားမှုရှိကြောင်း၊ ငွေစက္ကူငါးထောင်
ကျပ်တန် အတုသည် စာရွက်သား ကြမ်းခြင်း၊ လုံခြုံရေး ကြိုး
တဆက်တည်းဖြစ်နေပြီး အစစ်တွင် လုံခြုံရေး ကြိုးသည် သိသာထင်ရှာစွာ
အဖြတ်လေးများရှိကြောင်း သိရသည်။
"ဘဏ်ကို လူကြုံနဲ့ ငွေလာလွှဲပေးတာပါ။ ငွေအားလုံးက (၁၆)သိန်း ရှိတယ်။ အဲဒီအထဲက ငါးထောင် တန်ပါတဲ့ တစ်သိန်းအုပ်မှာ တစ်ရွက်က အတု ဖြစ်နေတယ်လို့ ဘဏ်ကပြောလို့ လဲပေးရတယ်။ ဘဏ်က အတု ငါးထောင်တန်ကို ဖြဲပြီး အပိုင်းပြန်ပေးတယ်။ အစစ်နဲ့ တိုက်ကြည့်တော့
ကြိုးလိုင်းမှာ သိသိ သာသာ ကွာနေတယ်။ ဒီနေ့မှာ ကျွန်တော်နဲ့အတူ ငွေလွှဲတဲ့ သူငယ်ချင်းမှာလည်း ငါးထောင်တန် အတုတစ်ရွက် တွေ့ရတယ်။ ဘယ်က ပါလာတာလည်းတော့ မသိဘူး။ ကုန်သည် ပိုက်ဆံ ဆိုတော့ရောရာ ပါဘဲ”" ဟု ဇလွန်မြို့မှ ကမ္ဘောဇဘဏ်ခွဲ(ဟင်္သာတ)တွင်ငွေလာရောက် လွဲခဲ့သူ က ပြော သည်။
“ဒီလိုမျိုး ငါးထောင်တန်တွေက အတုတွေ ပေါ်နေတယ် ဆိုတော့ လက်ထဲကိုင်မထားရဲဘူး။ ဘဏ်ကို သွင်းရင်လည်း ဖြဲစုပ်ပစ်တော့ ဆုံးသွားတာပဲရှိတယ်။ အပြင်မှာပြန်သုံးလိုက်ကြတာ များတယ်။ အတုတွေ ပေါ်နေတော့မယုံနိုင်ဘူးလေ”ဟု ဈေးဝယ်သူတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ငါးထောင်ကျပ်တန် ငွေစက္ကူ အတုများ တွေ့ရှိမှုများ ဖြစ်ပေါ်နေသဖြင့် ဟင်္သာတမြို့ပေါ်ရှိ ဆိုင်ကြီးများတွင် ငွေရေတွက်ရာ၌ ငွေစက္ကူ အရည်အသွေးအား လက်ဖြင့် ပွတ်၍ စမ်းသပ်မှုများရှိကြောင်း၊ အဆိုပါငွေစက္ကူ အတုများကြောင့် ကျပ်ငါးထောင်တန်များအား စိတ်ချမှု နည်းပါးကာ သုံးစွဲမှုများပြား လာ ကြောင်း ဒေသခံများ ထံက သိရသည်။

No comments:
Post a Comment