Monday, December 10, 2012
မန္တလေးတွင် အလှူငွေခွဲဝေရာမှ ဘုန်းကြီးတုများ ခိုက်ရန်ဖြစ်ပွားခြင်း
          မနေ့က ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ရေတော်တိုက်ဟောင်း၊ အနန္တ ဂုဏ်ရည် ကျောင်းအောက်ထပ်မှာ ဘုန်းကြီးအဖွဲ့နှစ်ဖွဲ့ အလှူငွေခွဲဝေရေးကိစ္စ မကျေနပ်ရာကနေ ခိုက် ရန် ဖြစ်ပွားခဲ့တဲ့အတွက်  ၈၈ မျိုးဆက်အဖွဲ့ဝင်များမှ ဝင်ရောက် ထိန်းသိမ်းပေး ခဲ့ရကြောင်း သိရှိရပါတယ်။
    ဖြစ်ပုံကဒီလိုပါ… မနေ့က နေ့လယ်ပိုင်းလောက် အနန္တဂုဏ်ရည်ဘုန်းကြီးကျောင်းမှာ စောင့်ရှော က်ရေးအဖွဲ့ (မန္တလေး)က ဘုန်းကြီးတွေနဲ့ စောင့်ရှောက်ရေးအဖွဲ့(မုံရွာ)က ဘုန်းကြီးတွေ တွေ့ဆုံခဲ့ပါတယ်။ ၈၈ အဖွဲ့က ဒေါ်ဝေဝေထွန်းတို့၊ ဒေါ်စန္ဒာတို့၊ ကိုကျော်စိုးတို့ ကိုညီနိုင်တို့လဲတက်ရောက်ပါတယ်။ ရည်ရွယ် တာကတော့ မန္တလေးအဖွဲ့နဲ့ မုံရွာအဖွဲ့ ပူးပေါင်းကြဖို့အရေး ဆွေးနွေးတာပါ။ အစည်းအဝေးစတာနဲ့ မန္တလေးအဖွဲ့ ဆရာတော် ဦးကာဝိယက  မုံရွာအဖွဲ့ရဲ့ ဘဏ္ဍာရေးအခြေအနေကို စုံစမ်းမေးမြန်း ပါတော့တယ်။ မုံရွာအဖွဲ့မှာ အလှူခံရရှိငွေ ၂၃၉ သိန်း ရှိကြောင်း၊ ငွေတွေကို မစိုးရိမ်တိုက်သစ် ဆရာတော် ဝီရသူထံအပ်နှံထားကြောင်း မုံရွာအဖွဲ့ဝင် ဦးသု(ခေါ်) ဦးဝိမလကပြောပါတယ်။ ဦးကာဝိယက ဒါဆိုရင် ဒီငွေတွေကို သူတို့ဆီ လွှဲပြောင်းအပ်နှံရမယ်လို့ တောင်းဆိုပါတော့တယ်။ ဦးသု(ခေါ်) ဦးဝိမလက သူတို့ အဖွဲ့ရဲ့ရံပုံငွေတွေကို ဝီရသူဆရာတော်ဆီမှာ အပ်ထားပြီး ဖြစ်တဲ့အတွက် လွှဲပြောင်းပေးအပ်နိုင်မှာ မဟုတ်   ကြောင်း ခပ်တင်းတင်းပဲပြန်ပြောပါတယ်။
          မန္တလေးအဖွဲ့ဘုန်းကြီးတွေက ဝီရသူကို အယုံအကြည်မရှိကြောင်း၊ အဲဒီဆရာတော်ဆီမှာ ထိန်းသိမ်း ထားတယ်ဆိုရင် သူ့အမျိုးတွေ တိုက်ဆောက်ဖို့အတွက်ပဲဖြစ်သွားမယ်ဆိုတဲ့အကြောင်း၊ လက် မခံနိုင်ကြောင်း၊ အဖွဲ့နှစ်ဖွဲ့ပူးပေါင်းချင်ရင်တော့ ငွေကိုမဖြစ်မနေ အပ်ရမှာဖြစ်ကြောင်းပြော ပါတယ်။
မန္တလေးဘုန်းကြီးများက အယုံအကြည်ကင်းမဲ့နေတဲ့ ဝီရသူဆရာတော်
ဒီလို ငြင်းကြခုန်ကြရင်းနဲ့ မန္တလေးအဖွဲ့ဝင် ဦးဥတ္တမသာရက “ဘုန်းကြီးတို့… အခုခေတ်မှာ ဘာလုပ်လုပ် ငွေလိုတာ သဘောပေါက်ရမယ်။ ငွေမရှိဘဲ ဘာမှလုပ်လို့မရဘူး။ ဒါကြောင့် ငွေအပ်ရင် အပ် မအပ်ရင် get  out” လို့ ဝင်ပြောပါတယ်။ ဒီစကားကိုကြားတော့ ဦးသု(ခေါ်) ဦးဝိမလ လည်း ဒေါသ မထိန်းနိုင်တော့ဘဲ ဦးဥတ္တမသာရရဲ့ သင်္ကန်းကိုဆွဲပြီး “ဘုန်းကြီး ငွေသိပ်မက်သလား”လို့မေးပါတယ်။ အဲဒီ မှာတင် မန္တလေးဘုန်းကြီးတွေနဲ့ မုံရွာ ဘုန်းကြီးတွေ ဝရုန်းသုန်းကားဖြစ်ကြပါတယ်။ ၈၈ အဖွဲ့တွေကလည်း မန္တလေးဘုန်းကြီးဆွဲရမလား၊ မုံရွာဘုန်းကြီး ထိန်းရမလားမသိနဲ့ ဆွဲမိဆွဲရာဆွဲပါ သတဲ့။ မြင်မကောင်း ချက်ကတော့ ကမ်းကုန်ပါပဲ။ တချို့ဘုန်းကြီးတွေ သင်းပိုင်တောင် ကျွတ်ကျတယ်ဆိုပဲ။ နောက်ဆုံးမုံရွာ ဘုန်းကြီးတွေကအဝေးကွင်းမှာမို့လက်လျှော့ပြီးပြန်သွားခဲ့ကြတယ်။ကျောင်းပြင်လဲရောက်ရော ကျောင်းဘက်
လှည့်ပြီးဘာပြောသလဲဆိုတော့“တောင်းတိုင်းပေးရင်သူဌေးတောင်ခွေးဖြစ်မယ်သူတောင်းစား  ကောင်းစားရေး မူဝါဒ မြန်မာပြည်မှာမရှိဘူး”တဲ့… တစ်ခါ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီး ဘက်လှည့်ပြီး “မုံရွာက ဘုန်းကြီးတွေကွ ငတုံးတွေမဟုတ်ဘူး။ ဘယ်သူ့မှဂရုမစိုက်လို့ မန္တလေးဆင်းလာ တာ။ သတ္တိရှိရင် မုံရွာလိုက်ခဲ့”     လို့ပြောသွားလိုက်ပါသေးတယ်။
သံဝေဂရလိုက်တာဗျာ။ ဒါယကာ၊ ဒါယိကာမတွေက ချွေးနဲစာနဲ့ သာသနာတော်အတွက် လှူဒါန်း ကြတယ်။ သာသနာတော်အတွက်ရည်မှန်းတဲ့ လှူဒါန်းမှုအစုစုကို ဒီဘုန်းကြီးတွေက ကိုယ်ရေးကိုယ်တာ အတွက် သိမ်းပိုက်ဖို့ ကြံကြတယ်။ ကြားလို့မှမကောင်း၊ မြင်လို့မှမတော် ဘုန်းကြီးရန်ဖြစ်တဲ့ပွဲ တစ်သက်မှာ တစ်ခါပဲကြားဖူးပါတယ်။ ဒီခေတ်မှာ နိုင်ငံရေးဗန်းပြပြီး သင်္ကန်းခြုံအလှူခံတာ ဟာ ခေတ်ပေါ်ဘုန်းကြီး တုတွေရဲ့ အကောင်းဆုံးစီးပွားရေး လုပ်ငန်းကြီး ဖြစ်နေပါပေါ့လားဗျာ။ လှူတဲ့လူတွေကလည်း အတုမှန်း မသိ၊ အစစ်မှန်းမသိ သင်္ကန်းပါပြီးရောဆိုပြီး လှူကြတယ်။ ဝိနည်းတော် ၂၂၇ ပါးမှာ တစ်ပါးနဲ့မှမညီတဲ့ ဘုန်းကြီးလိမ်တွေက ပြုံးပြုံးကြီးနဲ့ သင်္ကန်းကြားထဲက လွယ်အိတ်ပုန်းထဲကို ထည့်တယ်။ မြွေမြွေချင်းခြေမြင် ဆိုသလို ဘယ်ဘုန်းကြီးဘယ်လောက်ချမ်းသာတယ်ဆိုတာ သူတို့အချင်းချင်းကျတော့ သိတယ်ဗျို့။ အဲဒီမှာ ဇရှိတဲ့ဘုန်းကြီးက လူမိုက်ဆန်ဆန်ဝေစုတောင်းတော့တာပဲ။ သူတို့စကားနဲ့ဆိုခွဲတမ်းပေါ့ဗျာ။ တစ်ချို့ဆိုရင် ဘုန်းကြီးအချင်းချင်း ဝေစုမတည့်လို့ ရိုက်ကြ၊ နှက်ကြတဲ့အထိရှိတယ်။ ဗုဒ္ဓသာသနာတော်အတွက်တော့ ရင်လေးလွန်းလှပါတယ်။ ဘာသာရေးကို အရောင်ဆိုးသူတွေကြောင့် သာသနာတော်ညစ်နွမ်းနေရတာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ထိခိုက်ခံစားရပါတယ်။
မသင့်တော်လှတဲ့မြင်ကွင်းပဲဖြစ်ပါတယ်၊ သင်္ကြန်လည်တော့မလားတောင် ထင်ရပါတယ်
ဆရာတော်၊ သံဃာတော်ကြီးများဘုရား… မန္တလေးမှာဖြစ်ခဲ့တဲ့ ဘုန်းကြီးရန်ပွဲကို နမူနာထားပြီး သာသနာတော်သန့်ရှင်းရေး အတွက် ဆောင်ရွက်သင့်သည်များကို အစိုးရတာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီး ထိန်းသိမ်း ပေးကြပါဦးဘုရား။ တပည့်တော်တို့ လှူဒါန်းတဲ့ငွေ သံဃာအစစ်တွေဆီရောက်ဖို့၊ တပည့်တော် တို့လှူတဲ့ငွေကြောင့် ဘုန်းကြီးအတုအချင်းချင်း စစ်မခင်းကြဖို့၊ နိုင်ငံရေးလုပ်စားတဲ့ ဘုန်းဘုန်းများ ပပျောက်စေဖို့ အားကိုးမျှော်လင့်စွာနဲ့ လျှောက်ထားတောင်းပန်လိုက်ရပါတယ်ဘုရား…။
သာသနာတော် သန့်ရှင်းတည်တံ့စေလိုသူတစ်ဦး
13 comments:
  1. ဒီဘုန်းကြီးတွေနေရာတကာကိုပါတယ်
    ဘုန်းကြီးတု ဘုန်းကြီးယောင် တွေ
    ငရဲကိုတသီတတန်းကြီးကျမှာ မြင်ယောင်တယ်
    ReplyDelete
  2. ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ဘူး
    တိုင်းပြည်ကို ဖျက်ယုံတင်မဟုတ်ဘူး
    သာသနာကိုပါ ပျက်အောင်လုပ်နေကြတာ
    ကြားလို့တောင် မကောင်းဘူး
    ဝေစုမတည့်လို့ဆိုပါလား
    ဘုန်းကြီးမလုပ်နဲ့ အပြင်မှာ လူမိုက်ဘဲ ထွက်လုပ်ပါတော့
    ပြည်သူတွေ လှူဒါန်းတဲ့ ငွေကို အလွဲသုံးစားတွေလုပ်နေတာ
    ReplyDelete
  3. ဟိုက် ဘုန်းကြီး ရန်ပွဲဆိုပါလား
    အလှူငွေ အဝေမတည့်တဲ့
    မန္တလေး ဘုန်းကြီးနဲ့ မုံရွာဘုန်းကြီး ရန်ပွဲတဲ့ဗျာ
    ဘုရားသားတော်က ဒီလိုလုပ်နေရင်
    ဗုဒ္ဓဘာသာက ဘယ်လိုလုပ် တည်တံ့ခိုင်မြဲတော့မလဲ
    ReplyDelete
  4. သေစမ်း ဘုန်းကြီးရန်ပွဲတဲ့ကွာ
    ဘာတွေဖြစ်နေကြတာလဲကွာ
    ReplyDelete
  5. ဘာသာတရားကို ရှေ့တန်းပြုပြီး လုပ်စားကိုင်စားတဲ့ အနောင်ချောင်လို့ သာကူးနာကူး ဘုန်းကြီးယောင်၊ ဘုန်းကြီးတုတွေကို အမြန်ဆုံး သာသနာ့နယ်မြေက ဖယ်ရှားပေးစေလိုပါတယ်......
    ReplyDelete
  6. သံဃာတော်အစစ်များကို ရိုသေပါတယ်၊ ဒါပေမယ့် အခုလိုနေရာတကာမှာ သင်္ကန်းခြုံပြီး လမ်းသရဲဆန်ဆန်လုပ်နေကြတဲ့ ဘုန်းကြီးအတု ကတုံးများအတွက် ရဲထက်စိုးအဖွဲ့က လက်ဆောင်ပေးဖို့ အစီအစဉ်ရှိတယ်။
    ပြီးတော့မှ သံဃာတွေကို ဘာလုပ်တယ် ညာလုပ်တယ် ပြောကြအုံးမယ်။ သံဃာအစစ်တွေကလည်း ဒီလိုသာသနာတော်ကို ညစ်နွမ်းအောင်လုပ်တဲ့ ကလေကချေတွေကို ပြတ်ပြတ်သားသား ရှင်းထုတ်သင့်ပါတယ်။
    ReplyDelete
  7. ဘုန်းကြီးတဲ့ သာသနာကို ကာကွယ်မှာလား .....အနေချောင်လို့ ဒါမှမဟုတ် အလှူမေတ္တာလက်သစ်တွေ့လို့ သာကူးတရားဟောတာလားမသိဘူး..........
    ReplyDelete
  8. ဘာတွေဖြစ်ကုန်ပြီးလဲ ဘုရားသားတော်တွေ သံဃာတော်တွေဆိုတာက ငွေကို မစင်ကဲ့သို့ရွံ့ရှာရမယ်လို့ ပါတယ်ဆိုတာ ဖတ်ဖူးတာဘဲလေ
    အော်အော် သံဃာကိုဖျက်နေတာဘုန်းကြီးတွေပါလား
    ဘုရားကို စေတီကွယ်၏
    တရားကို စာအုပ်ကွယ်၏
    သံဃာကို ဘုန်ကြီးကွယ်၏
    ဆိုတဲ့စကားပုံကမှန်နေပြီးလားကွာ
    ReplyDelete
  9. ဘုန်းကြီးရန်ပွဲတဲ့ ....ဟေ့.........
    ယုံကြည်ချက်ကြောင့် ............... အတ္တဖြစ်တယ်....
    အတ္တကြောင့် ................... ၀ိသမဖြစ်တယ်.......
    လောဘကြောင့် .......................ဒေါသတွေဖြစ်တယ်..............
    ဒေါသကြောင့်.......................ရန်ပွဲတွေဖြစ်တယ်..................
    ဘုန်းဘုန်းတို့ဟောခဲ့တာပဲ............
    ဘယ်သူတွေတရားရဖို့ ဘုန်းဘုန်းတို့ ရန်ပွဲတွေ ဖြစ်နေရတာလဲ..............
    လောဘကြောင့်လား.............ဒါမှမဟုတ်................
    ဘုန်းဘုန်းက ...........
    သြော်................ ပိုက်ဆံတွေ တခြားကိုယ်တော်တွေ ရသွားမှာ စိုးလို့လား...
    ပြောပါ..... ဘုန်းဘုန်း(ဖိဖိ)
    ReplyDelete
  10. အဝေးခွင်းနဲ့ အိမ်ကွင်းတော်တော်ကြည့်ကောင်းမှာပဲ၊ မနေ့က ပွဲလိုမန်ယူနဲ့မန်စီးတီး လိုပဲနေမှာပဲ။
    သင်္ကန်း အရှိန်အ၀ါနဲ့ လွယ်လွယ်လေးပိုက်ဆံရတယ်။ ပြီးတော့ ဝေစုမတည့်၊ ရန်ပါဖြစ်ကြတယ်။
    ကြားလို့မှကောင်းကြသေးရဲ့လား။ ဒီ အတုအယောင်တွေကြောင့် ကမ္ဘာကသိတဲ့ မြန်မာ့သာသနာညှိုးနွမ်းတော့မယ်
    ReplyDelete
  11. “ လက်သီးကြိုက်လား၊ လက်ဝါးကြိုက်လား ကြိုက်တာကိုရွေးစမ်း ဂတုံးရေ ” သင်္ကန်းကိုတော့ကန်တော့ပါတယ်
    ဒီသင်္ကန်းကြောင့် စေတနာရှိတဲ့ အလှူရှင်တွေကလှူတယ်၊ စီးချင်းထိုးပြီး ဝေစုခွဲတဲ့ ဒီဘုန်းကြီး အတုအယောင် တွေက သာသနာသိက္ခာမဲ့အောင် စီးချင်းထိုးပြီး ဝေစုခွဲနေတယ်။ ဒီအတုအယောင်တွေကြောင့် တစ်ကယ် သိက္ခာသမာဓိနဲ့ရှိတဲ့ ဘုန်းကြီးတွေအတွက် ရင်လေးပါတယ်ဗျာ
    ReplyDelete
  12. Don't believe it. Blogger is earning
    by writing such kind of post.
    Dollar earning blogger!
    What a pity!
    ReplyDelete
  13. Oh.... Oh......!what wround with phone phone.
    ReplyDelete
My Blog List