Monday, December 10, 2012

ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားတာကို ချီးကျူး


လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့က ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးကျောင်းရှေ့ ကွင်းပြင်မှာဒီကနေ့ လူထုပရိသတ် ၂ သောင်းကျော်ကို အခုလို ပြောကြား  လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းတောင်မြို့ခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားနေစဉ်"ကျွန်မတို့သွားတဲ့အခါမှာ လူငယ်လေးတွေ တက်တက်ကြွကြွနဲ့ လာကြိုရင် ဝမ်းသာတယ်၊ ကျွန်မကို လာကြိုလို့ဝမ်းသာတာထက် သူတို့င်ငံရေးဗီဇ ရောက်သွားတာမို့လို့ ဝမ်းသာတာပါ၊ သူတို့တွေဟာ အသက်ကြီးလာတဲ့အခါမှာ နိုင်ငံရေးကို ပိုပြီးတော့ ရင့်ရင့်ကျက်ကျက်နဲ့ တက်တက်ကြွကြွ လုပ်နိုင်မှာပါ"
ဒီကနေ့ ဟောပြောတဲ့လူထုမိန့်ခွန်းမှာ ဘွဲ့ရအလုပ်လက်မဲ့ပြသနာ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နဲ့  နိုင်ငံရေးအကြောင်းတွေကို အဓိကထား ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာ မကွေးမြသလွန်ဘုရားကွင်းမှာမြို့ ခံလူထုတွေကို   ဟာပြောခဲ့ပြီး ရေနံချောင်းမြို့နဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ သွားရောက်ဟောပြောခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံ၊ ညောင်ဦးမြို့လေဆိပ်မှ ရန်ကုန်မြို့သို့ ညနေ ၅ နာရီ မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ကျောက်ပန်းတောင်းမြို့ ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို နားဆင်နိုင်ပါတယ်။

No comments:

Post a Comment

My Blog List