Wednesday, December 12, 2012

အအေးဒဏ် လွန်ကဲမှုကြောင့် ဘော့စနီးယားတွင် နှစ်ဦးသေဆုံး

Photo: အအေးဒဏ် လွန်ကဲမှုကြောင့် ဘော့စနီးယားတွင် နှစ်ဦးသေဆုံး
Wednesday, December 12, 2012 

ဘော့စနီးယားနိုင်ငံတွင် အအေးဒဏ် လွန်ကဲမှုကြောင့် ပြီးခဲ့သည့် သီတင်း
ပတ်အကုန်က လူနှစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြား ချက်အရသိရသည်။

ဘော့စနီးယားနိုင်ငံအနောက်မြောက် ပိုင်းရှိ ဆယ်လီနက်ရွာတွင် လူတစ်ဦး၏ ရုပ်အလောင်း တစ်လောင်းအား ၎င်း၏ သစ်သီးခြံတွင် တွေ့ရှိရကြောင်း၊ ၎င်းသည် ဒီဇင်ဘာ ၈ ရက်က ကွယ်လွန် ခဲ့ဟန်တူကြောင်း ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁ဝ ရက်တွင်ပြောကြားခဲ့ သည်။

ထို့ပြင် အခြားတစ်ဦးကိုလည်း လမ်းတစ်နေရာတွင် မေ့မြောလျက် တွေ့ရှိခဲ့ သဖြင့်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ သော်လည်း သေဆုံးသွားခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးစလုံးသည် အအေးဒဏ် လွန်ကဲသဖြင့် နှလုံးခုန် ရပ်ဆိုင်းပြီး ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရှိ တောင်ပေါ်ဒေသတွင် အပူချိန်သည် -၂၄ ဒီဂရီ ဆဲလ်ဆီးရပ် အထိ ကျဆင်းသွားပြီး နှင်းထုများ ထူထပ်စွာ ကျဆင်းခဲ့သောကြောင့် လမ်း ခရီးများ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ဆားဗီးယားနှင့် ခရိုအေးရှား တို့တွင် လည်း အအေးဒဏ် လွန်ကဲမှုကြောင့် ၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

မြ၀တီ
 
ဘော့စနီးယားနိုင်ငံအနောက်မြောက် ပိုင်းရှိ ဆယ်လီနက်ရွာတွင် လူတစ်ဦး၏ ရုပ်အလောင်း တစ်လောင်းအား ၎င်း၏ သစ်သီးခြံတွင် တွေ့ရှိရကြောင်း၊ ၎င်းသည် ဒီဇင်ဘာ ၈ ရက်က ကွယ်လွန် ခဲ့ဟန်တူကြောင်း ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁ဝ ရက်တွင်ပြောကြားခဲ့ သည်။
ထို့ပြင် အခြားတစ်ဦးကိုလည်း လမ်းတစ်နေရာတွင် မေ့မြောလျက် တွေ့ရှိခဲ့သဖြင့်ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ သော်လည်း သေဆုံးသွားခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးစလုံးသည် အအေးဒဏ် လွန်ကဲသဖြင့် နှလုံးခုန် ရပ်ဆိုင်းပြီး ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရှိ တောင်ပေါ်ဒေသတွင် အပူချိန်သည် -၂၄ ဒီဂရီ ဆဲလ်ဆီးရပ် အထိ ကျဆင်း သွားပြီး နှင်းထုများ ထူထပ်စွာ ကျဆင်းခဲ့သောကြောင့် လမ်း ခရီးများ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ဆားဗီးယားနှင့် ခရိုအေးရှား တို့တွင် လည်း အအေးဒဏ် လွန်ကဲမှုကြောင့် ၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

My Blog List