ယနေ့ဖြစ်ပွားလျှက်ရှိသည့်
ဆန္ဒဖော်ထုတ်မှုများကို ဒေသဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်
အစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ
ကိုင်တွယ်ဖြေရှင်း သွားမည်ဖြစ်ပြီး၊ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်နေခြင်းများဖြစ်သောကြောင့် ငြိမ်းချမ်းစွာပင်ဖြေရှင်းသွားလိမ့်မည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Popular News
သို့ပြောသည်။
"အခုပြနေကြတာကတရားဝင်စာတင်တယ်လို့မဟုတ်ပေမယ့်ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒဖော်ထုတ်နေကြတာလေ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြေလည်အောင်ဖြေရှင်းသွားကြမှာပါ"ဟု ဦးဇော်ဌေးကပြောသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဆန္ဒဖော်ထုတ် မှုများကို ကိုင်တွေဖြေရှင်းခြင်း မပြုနိုင်ပါမူ၊ လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုအဆင့်သို့ ထပ်ဆင့်တင်ပြရမည်ဖြစ်ပြီး၊ ယင်းသို့ တင်ပြလာပါက ပြည်ထောင်စုအစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းသွားမည်ဟုလည်း ဦးဇော်ဌေးက ထပ်လောင်းပြောကြားသည်။

No comments:
Post a Comment