Wednesday, December 12, 2012

Volume Based Charging စနစ် နှုန်းထားအသစ်ကို မြန်မာ့ဆက်သွယ်ရေးမှ ညှိနှိုင်းတိုင်ပင်နေဆဲ

Photo: Volume Based Charging စနစ် နှုန်းထားအသစ်ကို မြန်မာ့ဆက်သွယ်ရေးမှ ညှိနှိုင်းတိုင်ပင်နေဆဲ
Tuesday, 11 December 2012

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခ Volume Based Charging စနစ် နှုန်းထားအသစ်ကို မြန်မာ့ဆက်သွယ်ရေးမှ ညှိနှိုင်း တိုင်ပင်နေဆဲ
ဖြစ်ပြီး ပြည်သူများ လက်ခံသဘောတူသည့် နှုန်းထားသစ်ကို ထုတ်ပြန် အတည်ပြုသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

“ဒီ နှုန်းထားသစ်ကို အတိအလင်း မထုတ်ပြန်သေးဘူး။ ကျွန်တော်တို့ (၈) ရက်နေ့ကနေ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

ထို့ကြောင့် ပြန်လည်ပြင်ဆင်ထားသည့် နှုန်းထားသစ် ယခုထွက်ပေါ်လာပြီး အများပြည်သူသို့ ကြိုတင် အသိပေး အကြောင်း  ကြားခြင်းဖြစ်ကြောင်း
သိရသည်။ အဆိုပါနှုန်းထားနှင့် ပတ်သက်ပြီး ယခုလ လယ်တွင် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခု အကြမ်းဖျင်း သတ်မှတ်ထားသည့် နှုန်းထားမှာ 1Mb ကိုငါးကျပ်
ဖြစ်ပြီး ပြင်ဆင်သတ်မှတ်မည့် နှုန်းထားများအား ပြည်သူတွေ လက်ခံနိုင်ခြင်းရှိ၊ မရှိ ကြည့်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူများလက်ခံနိုင်ပြီဆိုပါက နှုန်းထားသစ်ကို 
လာမည့်နှစ် ဇန်န၀ါရီခန့်တွင် စတင်သုံးမည် ဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူတွေသက်သာအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ခုတောင်းဆိုသင့်တဲ့ မိုဘိုင်းအင်တာနက်ကြေးက1 MB ကို ၁ ကျပ်နှုန်းသာကောက်ခံသင့်တာ။ ဒါမှ မြန်မာ့ဆက်သွယ်ရေး နဲ့သုံးစွဲသူတွေနဲ့ နှစ်ဦးနှစ်ဘက် မျှတမှာဖြစ်တယ်” ဟု မိုဘိုင်းဖုန်းဖြင့်အင်တာနက်သုံးစွဲသူ ကိုရဲကိုက ပြောသည်။

၂၀၁၂ ဒီဇင်ဘာလတွင် စနစ်သစ်ဖြစ် စတင်ကောက်ခံဖို့လုပ်ခဲ့သော်လည်း 100 KB ကို၁ ကျပ်နှင့် ကောက်ခံမည် ဟု ကြေညာလိုက်ရာ
ဈေးနှုန်းကြီးမြင့်ခြင်း၊အများပြည်သူမှ လက်မခံသောကြောင့် အချိန် တစ်လရွှေ့ဆိုင်းခဲ့ ခြင်းဖြစ်သည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခ Volume Based Charging စနစ် နှုန်းထားအသစ်ကို မြန်မာ့ ဆက်သွယ်ရေးမှ ညှိနှိုင်း တိုင်ပင်နေဆဲ ဖြစ်ပြီး ပြည်သူများ လက်ခံသဘောတူသည့် နှုန်းထားသစ်ကို ထုတ်ပြန် အတည်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီ နှုန်းထားသစ်ကို အတိအလင်း မထုတ်ပြန်သေးဘူး။ ကျွန်တော်တို့ (၈) ရက်နေ့ကနေ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
ထို့ကြောင့် ပြန်လည်ပြင်ဆင်ထားသည့် နှုန်းထားသစ် ယခုထွက်ပေါ်လာပြီး အများပြည်သူသို့ ကြိုတင် အသိပေး အကြောင်း ကြားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါနှုန်းထားနှင့် ပတ်သက်ပြီး ယခုလ လယ်တွင် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယခု အကြမ်းဖျင်း သတ်မှတ်ထားသည့် နှုန်းထားမှာ 1Mb ကိုငါးကျပ် ဖြစ်ပြီး ပြင်ဆင် သတ်မှတ် မည့် နှုန်းထားများအား ပြည်သူတွေ လက်ခံနိုင်ခြင်းရှိ၊ မရှိ ကြည့်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူများလက်ခံနိုင်ပြီဆိုပါက နှုန်းထားသစ်ကိုလာမည့်နှစ် ဇန်န၀ါရီခန့်တွင် စတင်သုံး မည် ဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူတွေသက်သာအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ခုတောင်းဆိုသင့်တဲ့ မိုဘိုင်း အင်တာနက်ကြေး က1 MB ကို ၁ ကျပ်နှုန်းသာကောက်ခံသင့်တာ။ ဒါမှ မြန်မာ့ဆက်သွယ်ရေး နဲ့သုံးစွဲသူတွေနဲ့ နှစ်ဦးနှစ်ဘက် မျှတမှာဖြစ်တယ်” ဟု မိုဘိုင်းဖုန်းဖြင့်အင်တာနက်သုံးစွဲသူ ကိုရဲကိုက ပြောသည်။

၂၀၁၂ ဒီဇင်ဘာလတွင်  စနစ်သစ်ဖြစ်  စတင်ကောက်ခံဖို့လုပ်ခဲ့သော်လည်း  100 KB ကို၁ကျပ်နှင့် 
 ကောက်ခံမည် ဟု ကြေညာလိုက်ရာ ဈေးနှုန်းကြီးမြင့်ခြင်း၊အများပြည်သူမှ လက်မခံသောကြောင့် အချိန် တစ်လရွှေ့ဆိုင်းခဲ့ ခြင်းဖြစ်သည်။


No comments:

Post a Comment

My Blog List