Friday, December 14, 2012

လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များ ဆန္ဒပြမှု NLD ပါတီ လက်မခံ

Photo: လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များ ဆန္ဒပြမှု NLD ပါတီ လက်မခံ
ရန်ကုန်၊ ဒီဇင်ဘာလ ၁၄ ရက်။

လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များနှင် အခြားကွန်ယက် အဖွဲ့အစည်းများမှ ဆန္ဒ ဖော်ထုတ်ခြင်း အား NLD ပါတီမှ လက်မခံကြောင်း ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့ကNLDအဖွဲ့ချုပ်ရုံးတွင်  
ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲတွင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်ပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျှက် ရှိကြောင်း၊ NLD ပါတီအနေဖြင့် ပါတီဝင်များအား ဆန္ဒဖော်ထုတ်ပွဲများတွင် ၀င်ရောက်ပါဝင်ခြင်းမရှိစေရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအဖြစ်ဆောင်ရွက်နေခြင်း ဖြစ်ပြီး NLD အဖွဲ့ချုပ်ကိုယ်စားဆောင် ရွက်နေခြင်း မဟုတ်သောကြောင့် NLD ပါတီဝင်များမှ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်အား သွေဖီနိုင်သည့် လုပ်ငန်းများကို  ပြုမူဆောင် ရွက်ခြင်းမပြုရန်နှင့် ယခုဆန္ဒ ဖော်ထုတ်ပွဲတွင် ပါဝင်သော NLD ပါတီဝင်များကိုလည်း ပါတီစည်းကမ်းများအတိုင်း ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင် အရေးအား စုံစမ်းနေစဉ် ကာလအတွင်း NLD ပါတီဝင်များအနေဖြင့်မည်သည့် လှုပ်ရှားမှု တွင်မှ ပါဝင်ပတ်သတ်ခြင်းမပြုရန်နှင့် သံဃာတော်များ၏ တောင်းဆိုချက်များသည် NLD ပါတီနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။ 

၎င်းနောက် သံဃာတော်များနှင့် အခြားကွန်ယက်များက ဆန္ဒ
 ဖော်ထုတ်နေခြင်း သည် နိုင်ငံတော်မှ ပြဌာန်းထားသော စီတန်းလှည့်လည်ခွင့် ဥပဒေအား အလွဲသုံးစား လုပ်နေကြောင်း NLD ပါတီက ယူဆကြောင်းပြောကြားခဲ့ပါသည်။
စုံစမ်းရေးကော်မရှင်မှ ရလဒ်များထွက်ပေါ်လာသည့်အခါ တာဝန်ရှိ သူများအား ထိရောက်သော အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်သဖြင့် NLD ပါတီဝင်များမှ ဆန္ဒပြမှုတွင် ပါဝင်ပတ်သတ်ခြင်း မပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းသိရပါသည်။ အဆိုပါ ဆန္ဒပြမှုများနှင့် ပတ်သတ်ပြီး NLD ပါတီ၏ သဘောထားအား မကြာမီထုတ်ပြန်သွားမှာဖြစ်ကြောင်း
 ပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များနှင် အခြားကွန်ယက် အဖွဲ့အစည်းများမှ ဆန္ဒ ဖော်ထုတ်ခြင်း အား NLD ပါတီမှ လက်မခံကြောင်း ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့ က NLDအဖွဲ့ချုပ်ရုံးတွင်ပြုလုပ်သောဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲတွင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်ပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျှက် ရှိကြောင်း၊ NLD ပါတီအနေဖြင့် ပါတီဝင်များအား ဆန္ဒဖော်ထုတ်ပွဲများတွင် ၀င်ရောက်ပါဝင်ခြင်းမရှိစေရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦး အဖြစ်ဆောင် ရွက်နေခြင်း ဖြစ်ပြီး NLD အဖွဲ့ချုပ်ကိုယ်စားဆောင် ရွက်နေခြင်း မဟုတ်သောကြောင့် NLD ပါတီဝင်များမှ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်အား သွေဖီနိုင်သည့် လုပ်ငန်းများကို ပြုမူဆောင် ရွက်ခြင်း မပြုရန်နှင့် ယခုဆန္ဒ ဖော်ထုတ်ပွဲတွင် ပါဝင်သော NLD ပါတီဝင်များကိုလည်း ပါတီစည်းကမ်းများအတိုင်း ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင် အရေးအား စုံစမ်းနေစဉ် ကာလအတွင်း NLD ပါတီဝင်များအနေဖြင့်မည်သည့် လှုပ်ရှားမှု တွင်မှ ပါဝင်ပတ်သတ်ခြင်းမပြုရန်နှင့် သံဃာတော်များ၏ တောင်းဆိုချက်များသည် NLD ပါတီနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် သံဃာတော်များနှင့် အခြားကွန်ယက်များက ဆန္ဒ ဖော်ထုတ်နေခြင်း သည် နိုင်ငံတော်မှ ပြဌာန်း ထားသောစီတန်းလှည့်လည်ခွင့် ဥပဒေအား အလွဲသုံးစားလုပ်နေကြောင်း NLD ပါတီက ယူဆကြောင်းပြော ကြားခဲ့ပါသည်။
စုံစမ်းရေးကော်မရှင်မှ ရလဒ်များထွက်ပေါ်လာသည့်အခါ တာဝန်ရှိ သူများအား ထိရောက်သော အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်သဖြင့် NLD ပါတီဝင်များမှ ဆန္ဒပြမှုတွင် ပါဝင်ပတ်သတ်ခြင်း မပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းသိရပါသည်။ အဆိုပါ ဆန္ဒပြမှုများနှင့် ပတ်သတ်ပြီး NLD ပါတီ၏ သဘောထားအား မကြာမီထုတ်ပြန်သွားမှာဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

My Blog List