Wednesday, December 12, 2012

ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးဝန်ကြီး မြန်မာ နိုင်ငံသို့လာရောက်မည်

Photo: ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးဝန်ကြီး မြန်မာ နိုင်ငံသို့လာရောက်မည်
Wednesday, 12 December 2012

ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးဝန်ကြီး မစ္စတာဟူဂိုဆွီရီသည် ယခုရက်သတ္တပတ်၌ မြန်မာနိုင်ငံ သို့ လာ ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်း သည် မြန်မာနိုင်ငံရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များတွင် ဗြိတိန်အစိုးရ၏ ဆက်လက် ပါဝင်ပတ်သက်မှုပြုခြင်း လည်း ဖြစ်ကြောင်း သိရသည်။

မစ္စတာဟူဂိုနှင့် အတူ ဗြိတိန်ကျွမ်းကျင်ပညာရှင်များကို အထောက် အကူပြုစေမည့် လျှပ်စစ်ဓာတ်အား ကဏ္ဍအပေါ်အလေး ထားဆောင်ရွက်နေ သည့် ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှုမစ်ရှင် အဖွဲ့ပါ လိုက်ပါလာ မည်ဖြစ် သည်ဟု သိရသည်။ မြန်မာနိုင်ငံခရီးစဉ် အတွင်း မစ္စတာဟူဂိုက
မြန်မာနိုင်ငံ အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံသွားမည်ဖြစ်သ ကဲ့သို့ မကြာသေးမီက ပဋိ ပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် သို့ပါ မျက်မြင်ကိုယ်တွေ့အဖြစ် ကြည့်ရှုရန် သွားရောက်ဖွယ်ရှိကြောင်း သိရသည်။

မစ္စတာဆွီရီသည် မြန်မာအစိုးရ ထိပ်တန်း အဖွဲ့ဝင်များနှင့် သာမက အမျိုးသား ဒီမိုကရေဒီအဖွဲ့ ချုပ် ဒေါ်အောင်ဆန်း စုကြည်နှင့် ပါ တွေ့ဆုံရန် မြန်မာနိုင်ငံ ၏ နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်၏ သွင်ပြင် လက္ခဏာ များကို ဆွေးနွေးပြောကြားသွား မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပင် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ဖြစ်ပွားခဲ့သော အကြမ်းဖက်ပဋိပက္ခဖြစ် စဉ်များနှင့် ပတ်သက်၍ ဘက်ပေါင်း စုံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးပြောဆို မည်ဖြစ်သကဲ့သို့ အကြမ်းဖက်ပဋိပက္ခအ တွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ များကိုပါ
တွေ့ဆုံသွားမည်ဖြစ်သည်ဟု သိရသည်။

==========================================
မစ္စတာဟူဂိုဆွီရီ၏ အတ္ထုပတ္တိအကျဉ်း
*************************
မစ္စတာဟူဂိုဆွီရီကို နိုင်ငံခြား ရေးနှင့် ဓနသဟာယရုံးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ရက်တွင် ခန့်အပ်ခဲ့သည်။ မစ္စတာဆွီရီကို ၁၉၅၉ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ကလေးနှစ်ဦး ၏ ဖခင် အိမ်ထောင်သည် တစ်ဦးဖြစ် သည်။ တော်ဝင်စစ်တက္ကသိုလ် (အာရ် အမ်အေ)တွင် တက်ရောက်ခြင်း မပြုမီ စိန့်အင်ဒရူးတက္ကသိုလ်တွင် တစ်နှစ်ကြာ ခန့် သင်ယူဆည်း ပူးခဲ့သည်။ ဆင်းဟတ် စစ်တက္ကသိုလ် ကျောင်းဆင်း တစ်ဦးဖြစ်ပြီး ခြေလျင်အစောင့်တပ် ပထမတပ်ရင်းတွင် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံ ရသည်။ မစ္စတာဆွီရီသည် ဆိုဘီဘီနှင့် အမျိုးသားပြတိုက်တို့တွင်လည်း အကြီး အကဲတစ်ဦး အဖြစ် ဆောင်ရွက်ခဲ့ ဖူးသူ ဖြစ်သည်။

မစ္စတာဆွီရီသည် ၂၀၀၁ခုနှစ် တွင် အိစ်ဒီဗွန်ပြည်နယ် လွှတ်တော် အမတ်ဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၀ရ ခုနှစ်အတွင်း ဒေးဗစ်ကင်မရွန်း ၏ နောက်ယောင်ခံအစိုးရအဖွဲ့တွင် ယဉ် ကျေးမှုမီဒီယာနှင့် အားကစားဝန်ကြီး အ ဖြစ် အမှုထမ်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် ညွန့်ပေါင်းအစိုးရအဖွဲ့၌ မြောက် အိုင်ယာလန်ဆိုင်ရာ ဝန်ကြီးအဖြစ် ခန့် အပ်ခြင်း ခံရသည်။ ၂၀၁၁ ခုနှစ်တွင် ဘုရင်မ၏ အကြံပေးအဖွဲ့ဝင်အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။

Yangon Media Group
ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးဝန်ကြီး မစ္စတာဟူဂိုဆွီရီသည် ယခုရက်သတ္တပတ်၌ မြန်မာနိုင်ငံ သို့ လာ ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်း သည်မြန်မာနိုင်ငံရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များတွင် ဗြိတိန်အစိုးရ၏ ဆက်လက် ပါဝင်ပတ်သက်မှုပြုခြင်း လည်း ဖြစ်ကြောင်း သိရသည်။
မစ္စတာဟူဂိုနှင့် အတူ ဗြိတိန်ကျွမ်းကျင်ပညာရှင်များကို အထောက် အကူပြုစေမည့် လျှပ်စစ်ဓာတ်အား ကဏ္ဍအပေါ်အလေး ထားဆောင်ရွက်နေ သည့် ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှုမစ်ရှင် အဖွဲ့ပါ လိုက်ပါလာ မည်ဖြစ် သည်ဟု သိရသည်။ မြန်မာနိုင်ငံခရီးစဉ် အတွင်း မစ္စတာဟူဂိုက မြန်မာနိုင်ငံ အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံသွားမည်ဖြစ်သ ကဲ့သို့ မကြာသေးမီက ပဋိ ပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် သို့ပါ မျက်မြင်ကိုယ်တွေ့အဖြစ် ကြည့်ရှုရန် သွားရောက်ဖွယ်ရှိကြောင်း သိရသည်။

မစ္စတာဆွီရီသည်  မြန်မာအစိုးရ  ထိပ်တန်းအဖွဲ့ဝင်များနှင့်  သာမက   အမျိုးသား   ဒီမိုကရေဒီအဖွဲ့ ချုပ်
 ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံရန် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု
လုပ်ငန်းစဉ်၏ သွင်ပြင် လက္ခဏာ များကို ဆွေးနွေးပြောကြားသွား မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပင် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ဖြစ်ပွားခဲ့သော အကြမ်းဖက်ပဋိပက္ခဖြစ် စဉ်များနှင့် ပတ်သက်၍ ဘက်ပေါင်း စုံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးပြောဆို မည်ဖြစ်သကဲ့သို့ အကြမ်းဖက်ပဋိပက္ခအ တွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ များကိုပါ တွေ့ဆုံသွားမည်ဖြစ်သည်ဟု သိရသည်။

==========================================
မစ္စတာဟူဂိုဆွီရီ၏ အတ္ထုပတ္တိအကျဉ်း
*************************
မစ္စတာဟူဂိုဆွီရီကို နိုင်ငံခြား ရေးနှင့် ဓနသဟာယရုံးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ရက်တွင် ခန့်အပ်ခဲ့သည်။ မစ္စတာဆွီရီကို ၁၉၅၉ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ကလေးနှစ်ဦး ၏ ဖခင် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ တော်ဝင်စစ်တက္ကသိုလ် (အာရ် အမ်အေ)တွင် တက်ရောက်ခြင်း မပြုမီ စိန့်အင်ဒရူးတက္ကသိုလ်တွင်တစ်နှစ်ကြာခန့်သင်ယူဆည်းပူးခဲ့သည်။ဆင်းဟတ် စစ်တက္ကသိုလ် ကျောင်းဆင်း တစ်ဦးဖြစ်ပြီး ခြေလျင်အစောင့်တပ် ပထမတပ်ရင်းတွင် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံ ရသည်။ မစ္စတာဆွီရီသည် ဆိုဘီဘီနှင့် အမျိုးသားပြတိုက်တို့တွင်လည်း အကြီး အကဲတစ်ဦး အဖြစ် ဆောင်ရွက်ခဲ့ ဖူးသူ ဖြစ်သည်။

မစ္စတာဆွီရီသည် ၂၀၀၁ခုနှစ် တွင် အိစ်ဒီဗွန်ပြည်နယ် လွှတ်တော် အမတ်ဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၀ရ ခုနှစ်အတွင်း ဒေးဗစ်ကင်မရွန်း ၏ နောက်ယောင်ခံအစိုးရအဖွဲ့တွင် ယဉ် ကျေးမှုမီဒီယာနှင့် အားကစားဝန်ကြီး အ ဖြစ် အမှုထမ်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် ညွန့်ပေါင်းအစိုးရအဖွဲ့၌ မြောက် အိုင်ယာလန်ဆိုင်ရာ ဝန်ကြီးအဖြစ်ခန့်အပ်ခြင်း ခံရသည်။ ၂၀၁၁ ခုနှစ်တွင် ဘုရင်မ၏ အကြံပေး အဖွဲ့ဝင်အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။


No comments:

Post a Comment

My Blog List