Thursday, December 13, 2012

ဝင်ငွေနည်းမိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာသုံးသန်းကျော် ဘရာဇီးတွင် တည်ဆောက်လျက်ရှိ


Photo: ၀င်ငွေနည်းမိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာသုံးသန်းကျော် ဘရာဇီးတွင် တည်ဆောက်လျက်ရှိ
Wednesday, 12 December 2012 

ဘရာဇီးနိုင်ငံတွင် ဝင်ငွေနည်းပါးသော မိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာ သုံးသန်းကျော် ၂ဝ၁၄ ခုနှစ် မတိုင်မီ တည်ဆောက်ပြီးစီးရေး စီမံကိန်းကို လုပ်ငန်းစဉ် သုံးရပ်ဖြင့် အကောင်အထည်ဖော် လျက်ရှိကြောင်း ဘရာဇီးသမ္မတ 
ဒဲလ်မာရုဆဖ်က ဒီဇင်ဘာ ၁ဝ ရက်တွင် ပြောကြားသည်။ 

ပထမအသုတ် အိမ်ခြေ တစ်သန်းကို တည်ဆောက်ပြီးဖြစ်ပြီး 
ဒုတိယအသုတ် အိမ်ခြေတစ်သန်းကို တည်ဆောက်နေပြီဖြစ်ကြောင်း သမ္မတဒဲလ်မာ၏ ရေဒီယို အသံလွှင့်ချက်ကို ဆင်ဟွာ သတင်းတွင် ကိုးကားဖော်ပြသည်။ 

ယခု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် ဝင်ငွေနိမ့်ပါး မိသားစုများ အိမ်ပိုင်ရာပိုင်ဖြင့် နေထိုင်ရေး အတည်တကျ ဖြစ်စေရန် စွမ်းဆောင် အကောင်အထည်ဖော် ပေးလျက်ရှိရာ အစိုးရ၏ ကျွန်ုပ်တို့ အိမ်၊ ကျွန်ုပ်တို့ စီမံကိန်း၏ ကဏ္ဍတစ်ရပ်ဖြစ် သည်။ 

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအရ ဝင်ငွေနည်း မိသားစုများ အနေဖြင့် လစဉ် အရစ်ကျ ငွေပေးသွင်းခြင်းဖြင့် နေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ လစဉ် ဝင်ငွေ၏ ငါးရာခိုင်နှုန်းသာ အရစ်ကျ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ 

Khit Lu Nge
ဘရာဇီးနိုင်ငံတွင် ဝင်ငွေနည်းပါးသော မိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာ သုံးသန်းကျော် ၂ဝ၁၄ ခုနှစ် မတိုင်မီ တည်ဆောက်ပြီးစီးရေး စီမံကိန်းကို လုပ်ငန်းစဉ် သုံးရပ်ဖြင့် အကောင်အထည်ဖော် လျက်ရှိကြောင်း ဘရာဇီးသမ္မတဒဲလ်မာရုဆဖ်က ဒီဇင်ဘာ ၁ဝ ရက်တွင် ပြောကြားသည်။

ပထမအသုတ် အိမ်ခြေ တစ်သန်းကို တည်ဆောက်ပြီးဖြစ်ပြီး ဒုတိယအသုတ် အိမ်ခြေတစ်သန်းကို တည်ဆောက်နေပြီဖြစ်ကြောင်းသမ္မတဒဲလ်မာ၏ ရေဒီယိုအသံလွှင့်ချက်ကို ဆင်ဟွာသတင်းတွင်ကိုကား   ဖော်ပြ သည်။
ယခု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် ဝင်ငွေနိမ့်ပါး မိသားစုများ အိမ်ပိုင်ရာပိုင်ဖြင့် နေထိုင်ရေး အတည် တကျ ဖြစ်စေရန် စွမ်းဆောင် အကောင်အထည်ဖော် ပေးလျက်ရှိရာ အစိုးရ၏ ကျွန်ုပ်တို့ အိမ်၊ ကျွန်ုပ်တို့ စီမံကိန်း၏ ကဏ္ဍတစ်ရပ်ဖြစ် သည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအရ ဝင်ငွေနည်း မိသားစုများအနေဖြင့် လစဉ်အရစ်ကျ ငွေပေး သွင်းခြင်းဖြင့် နေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ လစဉ် ဝင်ငွေ၏ ငါးရာခိုင်နှုန်းသာ အရစ်ကျ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

My Blog List