Tuesday, December 11, 2012

အာဖဂန် နစ္စတန် နိုင်ငံမှ စိန်ပြောင်းများ ပစ်ခတ်မှုကြောင့် ပါကစ္စတန် နိုင်ငံသား တစ်ဦး သေဆုံး

Photo: အာဖဂန် နစ္စတန် နိုင်ငံမှ စိန်ပြောင်းများ ပစ်ခတ်မှုကြောင့် ပါကစ္စတန် နိုင်ငံသား တစ်ဦး သေဆုံး
Monday, December 10, 2012

ပါကစ္စတန် နိုင်ငံတွင် ဒီဇင်ဘာ ၈ ရက်က အာဖဂန် နစ္စတန်မှ စိန်ပြောင်းများ ပစ်ခတ် မှုကြောင့် ပါကစ္စတန် နိုင်ငံသား တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းရှိ မီဒီယာ များက ကြေညာ ခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံဘက်မှ ပစ်ခတ် လိုက်သော စိန်ပြောင်း ငါးလုံးအနက် တစ်လုံးမှာ အာဖဂန် နစ္စတန် နယ်စပ်ရှိ ပါကစ္စတန် ပိုင်နက် မြောက်ဝါဇီ ရစ္စတန်ရှိ အိမ်တစ်လုံး ပေါ်သို့ ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း Dunya ရုပ်သံ သတင်း ဌာနက ဖော်ပြ ခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၂ ရက် ကလည်း အာဖဂန် နစ္စတန် ခို့စ်ပြည်နယ်မှ ပစ်လွှတ် လိုက်သော စိန်ပြောင်း ငါးလုံးသည် မြောက်ဝါဇီ ရစ္စတန် ဒေသ ဂူလန် ခန်းမြို့ရှိ ဘန်ဂျဒါ ဒေသတွင် ကျရောက် ပေါက်ကွဲ ခဲ့သည်ဟု သိရသည်။ ပါကစ္စတန် တပ်များသည် တုံ့ပြန်သည့် အနေဖြင့် အဆိုပါ စိန်ပြောင်း ပစ်ခတ်ရာ နေရာသို့ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အပြန်အလှန် ပစ်ခတ်မှု များကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာ လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List