Wednesday, December 12, 2012

မျက်စိ ဝေဒနာရှင် ၅၀၀ ကျော်အား ကုသပေးခဲ့

Photo: မျက်စိ ဝေဒနာရှင် ၅၀၀ ကျော်အား ကုသပေးခဲ့
Tuesday, 11 December 2012

ပြည်တွင်းရှိ မျက်စိနဲ့ ပတ်သက်တဲ့ ဝေဒနာရှင် ၅၀၀ ကျော်ကို ကုသိုလ်ဖြစ် ကုသပေးမှု အဖြစ် ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၉ ရက်နေ့ အထိ ပဲခူးတိုင်း
ဒေသကြီး ပဲနွယ်ကုန်း မြိှု့ရှိ တောရကြီး ကျောင်းတိုက်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ကုသပေးမှုကို မျက်စိ အလင်းမရသူများ၊ ထိခိုက်မိတဲ့ အတွက် မျက်စိဒဏ် ဖြစ်နေသူများ၊ မျက်စိအမြင် အားနည်း သူများကို ကုသပေးတာ ဖြစ်ပါတယ်။

အဆိုပါ ကုသမှုကို ဂမုန်းပွင့် မိသားစုရဲ့ လှူဒါန်းမှုနဲ့ တိပိဋက စက္ခုပါလ အဖွဲ့က ဒုတိယ အကြိမ်မြောက် လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ကုသပေး ရာမှာ မျက်စိအထူးကု ဆရာဝန်ကြီး ၁၃ ဦးက အခမဲ့ ဆေးဝါး ကုသပေးခြင်း၊ အခမဲ့ ခွဲစိတ်ကုသ ပေးခြင်းများကို ပြုလုပ်ပေး ခဲ့တာ
ဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်ဖို့ လိုအပ်တဲ့ အကြီးစား မျက်စိ ဝေဒနာရှင် ၁၄၈ ဦး၊ အသေးစား မျက်စိ ဝေဒနာရှင် ၂၀ ဦး အပါအ၀င် အခြား မျက်စိ
ဝေဒနာရှင် စုစုပေါင်း ၅၈၅ ဦး တို့ကို ကုသိုလ်ပြု ကုသပေးခဲ့တာ
ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို မျက်စိအလင်း လှူဒါန်းပွဲမှာ မျက်စိ ဝေဒနာရှင် များကို အခမဲ့ ကုသပေးခြင်း သာမက မျက်စိဝေဒနာရှင် တွေကို ဧည့်ခံ ကျွေးမွေးခြင်း၊ မျက်စိ ဝေဒနာရှင်များ အတွက် လိုအပ်တဲ့ အာဟာရများ ရရှိဖို့ စီမံပေးခြင်း၊ ခွဲစိတ်ပြီး မျက်စိ ဝေဒနာရှင်များ နားနေဖို့နဲ့ ညအိပ်ဖို့လိုအပ်ပါက ကူညီ ဆောင်ရွက် ပေးခြင်းများ ကိုလည်း လုပ်ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
 
MRTV  - 4
ပြည်တွင်းရှိ မျက်စိနဲ့ ပတ်သက်တဲ့ ဝေဒနာရှင် ၅၀၀ ကျော်ကို ကုသိုလ်ဖြစ် ကုသပေးမှု အဖြစ် ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၉ ရက်နေ့ အထိ ပဲခူးတိုင်း ဒေသကြီး ပဲနွယ်ကုန်း မြိှု့ရှိ တောရကြီး ကျောင်းတိုက်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ကုသပေးမှုကို မျက်စိ အလင်းမရသူများ၊ ထိခိုက်မိတဲ့ အတွက် မျက်စိဒဏ် ဖြစ်နေသူများ၊ မျက်စိအမြင် အားနည်း သူများကို ကုသပေးတာ ဖြစ်ပါတယ်။
အဆိုပါ ကုသမှုကို ဂမုန်းပွင့် မိသားစုရဲ့ လှူဒါန်းမှုနဲ့ တိပိဋက စက္ခုပါလ အဖွဲ့က ဒုတိယ အကြိမ်မြောက် လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ကုသပေး ရာမှာ မျက်စိအထူးကု ဆရာဝန်ကြီး ၁၃ ဦးက အခမဲ့ ဆေးဝါး ကုသပေးခြင်း၊ အခမဲ့ ခွဲစိတ်ကုသ ပေးခြင်းများကို ပြုလုပ်ပေး ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်ဖို့ လိုအပ်တဲ့ အကြီးစား မျက်စိ ဝေဒနာရှင် ၁၄၈ ဦး၊ အသေးစား မျက်စိ ဝေဒနာရှင် ၂၀ ဦး အပါအ၀င် အခြား မျက်စိ ဝေဒနာရှင် စုစုပေါင်း ၅၈၅ ဦး တို့ကို ကုသိုလ်ပြု ကုသပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို မျက်စိအလင်း လှူဒါန်းပွဲမှာ မျက်စိ ဝေဒနာရှင် များကို အခမဲ့ ကုသပေးခြင်း သာမက မျက်စိဝေဒနာရှင် တွေကို ဧည့်ခံ ကျွေးမွေးခြင်း၊ မျက်စိ ဝေဒနာရှင်များ အတွက် လိုအပ်တဲ့ အာဟာရများ ရရှိဖို့ စီမံပေးခြင်း၊ ခွဲစိတ်ပြီး မျက်စိ ဝေဒနာရှင်များ နားနေဖို့နဲ့ ညအိပ်ဖို့လိုအပ်ပါက ကူညီ  ဆောင်ရွက်
 ပေးခြင်းများ ကိုလည်း လုပ်ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။


No comments:

Post a Comment

My Blog List