Wednesday, December 12, 2012

မြန်မာ MK ကုမ္ပဏီအုပ်စုနှင့် ထိုင်း TSL အကျိုးတူပူးပေါင်းပြီး ဇိမ်ခံကား အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာ ဖွင့်မည်

Photo: မြန်မာ MK ကုမ္ပဏီအုပ်စုနှင့် ထိုင်း TSL အကျိုးတူပူးပေါင်းပြီး ဇိမ်ခံကား အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာ ဖွင့်မည်  
Wednesday, 12 December 2012

မြန်မာကုမ္ပဏီတစ်ခုဖြစ်သော MK ကုမ္ပဏီများအုပ်စုနှင့် ထိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော TSL Auto Corporation တို့သည်
မြန်မာနိုင်ငံအတွင်း အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှု
ရရှိခဲ့ပြီး မော်တော်ယာဉ်အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာ ဖွင့်လှစ်ရန် လာမည့်ဇန်န၀ါရီလအတွင်း စတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းစာများတွင် ဖော်ပြချက်အရ သတင်းရရှိပါသည်။

အဆိုပါကုမ္ပဏီနှစ်ခုသည် မြန်မာနိုင်ငံတွင် အကျိုးတူဆောင်ရွက်နိုင်ရန် SMRT Myanmar ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ယင်း SMRT ကုမ္ပဏီကို ထိုင်း TSL က ၄၀ ရာခိုင်နှုန်း အစုရှယ်ယာပိုင်ဆိုင်ကာ မြန်မာ MK ကုမ္ပဏီအုပ်စုက ကျန်အစုရှယ်ယာများကို ပိုင်ဆိုင်ကြောင်းနှင့် TSL က ဘတ် ၃၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် အရောင်းပြခန်းနှင့်
ပြုပြင်ရေးစင်တာဖွင့်လှစ်ရန် ၉၀ ရာခိုင်နှုန်း အသင့်ဖြစ်ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

“ကားသစ်၊ ကားဟောင်းဖြန့်ချိပေးတဲ့ လုပ်ငန်းက ရှိပြီးဖြစ်ပေမယ့် ဒီကားပြုပြင်ရေးစင်တာဖွင့်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်” ဟု TSL အမှုဆောင်အရာရှိချုပ် Sureeporn Udompolpanich က ပြောကြားပါသည်။

SMRT Myanmar မှ မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဥရောပနိုင်ငံထုတ် မော်တော်ယာဉ်များကို တင်သွင်းရောင်းချပေးသွား
မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ကားပြုပြင်ရေးစင်တာကိုလည်း ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်း ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းမှ လာမည့်နှစ်နှစ်၊ သုံးနှစ်အတွင်း ကြိုတင်ခွန်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ရှစ်သိန်းခန့် ပေးဆောင်သွားနိုင်ရန် ရည်မှန်းကြောင်း TSL အမှုဆောင် အရာရှိချုပ်က ပြောကြားခဲ့ပါသည်။ ထို့အတူ အကျိုးတူပူးပေါင်းမှု ၃၅ ရာခိုင်နှုန်းကျော်လွန်မှုကြောင့် ကားပြုပြင်ရေး
စင်တာအတွက် လိုအပ်သည့် စက်ပစ္စည်းအသုံးဆောင်များ တင်သွင်းမှု
အတွက် ရှစ်နှစ်ကြာ အခွန်ကင်းလွတ်ခွင့် ရရှိခဲ့ကြောင်း ၎င်း၏ပြောကြားချက်
အရလည်း သိရပါသည်။

TSL ထိုင်းနိုင်ငံ၏ ဇိမ်ခံကား တင်သွင်းဖြန့်ချိသည့် လုပ်ငန်းများတွင် အကြီးဆုံးကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြင်ပ၌ ပထမဆုံးမြှုပ်နှံမှု
ဖြစ်ပါသည်။ မြန်မာကုမ္ပဏီဖြစ်သော MK ကုမ္ပဏီများအုပ်စုသည်  ဖက်ရှင်အ၀တ်အထည်ဆိုင်များ၊ စားသောက်ကုန်လုပ်ငန်းများနှင့်
မော်တော်ယာဉ် အလှဆင်လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် သက်တမ်း ၂၀ ၀န်းကျင်ရှိပြီဖြစ်သော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

Eleven Media Group
မြန်မာကုမ္ပဏီတစ်ခုဖြစ်သော MK ကုမ္ပဏီများအုပ်စုနှင့် ထိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော TSL Auto
Corporation တို့သည် မြန်မာနိုင်ငံအတွင်း အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့ပြီး
 မော်တော်ယာဉ်အရောင်းပြခန်းနှင့်ပြုပြင်ရေးစင်တာ ဖွင့်လှစ်ရန် လာမည့်ဇန်န၀ါရီလအတွင်း စတင်ပြင်ဆင် သွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းစာများတွင် ဖော်ပြချက်အရ သတင်းရရှိပါသည်။
အဆိုပါကုမ္ပဏီနှစ်ခုသည် မြန်မာနိုင်ငံတွင် အကျိုးတူဆောင်ရွက်နိုင်ရန် SMRT Myanmar ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ယင်း SMRT ကုမ္ပဏီကို ထိုင်း TSL က ၄၀ ရာခိုင်နှုန်း အစုရှယ်ယာပိုင်ဆိုင်ကာ မြန်မာ MK ကုမ္ပဏီအုပ်စုက ကျန်အစုရှယ်ယာများကို ပိုင်ဆိုင်ကြောင်းနှင့် TSL က ဘတ် ၃၅ သန်း ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် အရောင်းပြခန်းနှင့် ပြုပြင်ရေးစင်တာဖွင့်လှစ်ရန် ၉၀ ရာခိုင်နှုန်း အသင့်ဖြစ် ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

“ကားသစ်၊ ကားဟောင်းဖြန့်ချိပေးတဲ့ လုပ်ငန်းက ရှိပြီးဖြစ်ပေမယ့် ဒီကားပြုပြင်ရေးစင်တာဖွင့်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်” ဟု TSL အမှုဆောင်အရာရှိချုပ် Sureeporn Udompolpanich က ပြောကြားပါသည်။

SMRT Myanmar မှ မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဥရောပနိုင်ငံထုတ် မော်တော်ယာဉ်များကို တင်သွင်းရောင်းချပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ကားပြုပြင်ရေးစင်တာကိုလည်း ဖွင့်လှစ်ရန် 
 ပြင်ဆင်နေခြင်း ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းမှ လာမည့်နှစ်နှစ်၊ သုံးနှစ်အတွင်း ကြိုတင်ခွန်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ရှစ်သိန်းခန့် ပေးဆောင်သွားနိုင်ရန် ရည်မှန်းကြောင်း TSL အမှုဆောင် အရာရှိချုပ်က ပြောကြားခဲ့ပါသည်။ ထို့အတူ အကျိုးတူပူးပေါင်းမှု ၃၅ ရာခိုင်နှုန်းကျော်လွန်မှုကြောင့် ကားပြုပြင်ရေး စင်တာအတွက် လိုအပ်သည့် စက်ပစ္စည်းအသုံးဆောင်များ တင်သွင်းမှု အတွက် ရှစ်နှစ်ကြာ အခွန်ကင်းလွတ်ခွင့် ရရှိခဲ့ကြောင်း ၎င်း၏ပြောကြားချက် အရလည်း သိရပါသည်။

TSL ထိုင်းနိုင်ငံ၏ ဇိမ်ခံကား တင်သွင်းဖြန့်ချိသည့် လုပ်ငန်းများတွင် အကြီးဆုံးကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြင်ပ၌ ပထမဆုံးမြှုပ်နှံမှု ဖြစ်ပါသည်။ မြန်မာကုမ္ပဏီဖြစ်သော MK ကုမ္ပဏီများအုပ်စုသည် ဖက်ရှင်အ၀တ်အထည်ဆိုင်များ၊ စားသောက်ကုန်လုပ်ငန်းများနှင့် မော်တော်ယာဉ် အလှဆင်လုပ်ငန်းများ ကို အဓိကလုပ်ကိုင်နေသည့် သက်တမ်း ၂၀ ၀န်းကျင်ရှိပြီဖြစ်သော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။


No comments:

Post a Comment

My Blog List