Friday, December 14, 2012

သံဃာများ ပူးပေါင်းပါဝင်ခြင်းမရှိသည့်အတွက် တောင်ကြီးမြို့ အထွေထွေ သပိတ်အစီအစဉ် ရပ်နားခဲ့ရ

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ လောကမာန်အောင်ကျောင်းတိုက်ဆရာတော် ဦးခေမာနန္ဒသည် လက်ပံတောင်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး သံဃာတော်များ၁၂ ရက်နေ့ ၁၂ နာရီ ကျော်လွန်ပါက တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ
 ရဟန်း/သာမဏေများစုစည်းပြီးထုတ်ပြန်တောင်းဆိုထားသည့် အချက်သုံးချက်အား နိုင်ငံတော်အစိုးရမှ တစ်စုံတစ်ရာ တုန့်ပြန်ဆောင်ရွက်ပေးခြင်း မရှိလျှင် ဒီဇင်ဘာလအထွေထွေသပိတ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရုံးစိုက်ရာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လမ်းလျှောက် ချီတက်ပြီး တောင်းဆိုချက် (၃) ချက်အားသံပြိုင်အော်ဟစ်တောင်းဆိုရန် ၁၂ ရက်နေ့ တွင် လောက မာန်အောင်ကျောင်းတိုက်တွင် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု သိရှိရသည်။
သို့သော်လည်း အကြောင်းအရာ အသေးစိတ်ကို မသိရှိရသော်လည်း အဆိုပါ အထွေထွေ သပိတ်ပြုလုပ်မည့်အစီအစဉ်အားတောင်ကြီးမြို့ပေါ်ရှိသံဃာများမှပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ လောကမာန်အောင်ကျောင်းတိုက်သို့ အထွေထွေသပိတ် ပြုလုပ်ရန်အတွက် သံဃာတော် (၆) ပါးခန့်သာ ကြွချီလာပြီး ကျန်ဆရာတော်များ ကြွချီလာခြင်းမရှိကြောင်း သိရှိရသည်။
ထို့အတွက် အထွေထွေသပိတ်ကို စီစဉ်ထားခဲ့သည့်အတိုင်း မပြုလုပ်လိုက်ရခြင်းမှာ သံဃာတော်များ ပါဝင်ဆောင်ရွက်ခြင်း မရှိသည့်အတွက် ချီတက်လမ်းလျှောက်ရာတွင် အင်အားနည်းပါးနေသည့်အပြင် ထိုလမ်းလျှောက်ဆန္ဒပြပွဲအစီအစဉ်အား ပြည်နယ်အစိုးရမှလည်း ခွင့်ပြုခြင်းများ မရရှိခြင်းကြောင့် အဆိုပါအထွေထွေသပိတ်အား ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း လောကမာန်အောင်ကျောင်းတိုက်တွင် သတင်းသုံးလျှက်ရှိသည့် အမည်မဖော်လိုသည့် သံဃာတော်တစ်ပါးမှ ပြောခဲ့သည်။

No comments:

Post a Comment

My Blog List