ယနေ့နံနက်
(ဒီဇင်ဘာ ၁၀ ရက်) တွင် ပါကစ္စတန်နိုင်ငံ၊ ဘန်နုမြို့ ရဲစခန်းအနီး၌
တာလီဘန်တစ်ဦး၏ အသေခံဗုံးခွဲမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့သည်။
အသေခံဗုံးခွဲရန် ကြံစည်ထားသူနှစ်ဦးက
ယင်းတို့ ၏ ဖောက်ခွဲရေးပစ္စည်းများအား ဘန်နုမြို့အနီးရှိ ကာကီရဲစခန်းသို့
အပ်နှံခဲ့သေးသည်ဟု Tehrik-e Taliban Pakistan (TTP) အဖွဲ့မှ
ပြောရေးဆိုခွင့်ရှိသူ အာစနူလာ အာစန်က ပါကစ္စတန်သတင်းဌာနတစ်ခု သို့
ပြောကြားခဲ့သည်။
ယင်းသို့ဖြစ်ရခြင်းမှာ TTP အဖွဲ့တည်ထောင်သူ
ခေါင်းဆောင် ဘိတ်တူလာ မူဆတ်၏တူဖြစ်သူ အီဗရာဟင် မူဆတ်ကို
သတ်ခဲ့ကြခြင်းကြောင့် လက်တုံ့ပြန်တိုက်ခိုက်ကြခြင်းဖြစ် သည်ဟု လည်းပြောကြားသွားခဲ့သည်။ ရဲအရာရှိများသည် သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းများနှင့်
ဒဏ်ရာရသူနှစ် ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင်
အသေခံဗုံးခွဲသူနှစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့ရသည်။
သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို တိတိကျကျ မသိရ သေးကြောင်း
ပါကစ္စတန်သတင်းဌာနများက ကြေညာထားသည်။
No comments:
Post a Comment