Wednesday, December 12, 2012

ကယား ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော် ကျင်းပမည်

Photo: ကယား ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော် ကျင်းပမည်
Wednesday, 12 December 2012 

(၆၁)နှစ်မြောက် ကယား ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှ ၁၉ ရက်အထိ လွိုင်ကော်မြို့ ကန္ဒရဝတီ အားကစားကွင်း အနီး၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ကယား ပြည်နယ်နေ့ ပွဲတော်တွင် တိုင်းရင်းသား ရိုးရာ ဝတ်စား
ဆင်ယင် ထုံးဖွဲ့မှု ပြပွဲနှင့်ပြိုင်ပွဲ၊ တိုင်းရင်းသား ရိုးရာ ယဉ် ကျေးမှု အက ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲများ၊ အားကစားနည်း မျိုးစုံပြိုင် ပွဲ များနှင့် နိုင်ငံကျော် အနု ပညာရှင် များစွာ ပါဝင်သည့် ဂီတ ဖျော်ဖြေပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်သဘင် ပွဲများ အပြင် ယခင်နှစ်ထက် ထူးခြားစွာ
နောင်ယားကန် အတွင်း လှေလှော်ပြိုင်ပွဲ၊ ငါးမျှား ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး စက်ဘီးပြိုင်ပွဲ၊ မာရသွန် ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များကိုလည်း ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ 

မြ၀တီ
(၆၁)နှစ်မြောက် ကယား ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်မှ ၁၉ ရက်အထိ လွိုင်ကော်မြို့ ကန္ဒရဝတီ အားကစားကွင်း အနီး၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ကယား ပြည်နယ်နေ့ ပွဲတော်တွင် တိုင်းရင်းသား ရိုးရာ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှု ပြပွဲနှင့်ပြိုင်ပွဲ၊ တိုင်းရင်းသား ရိုးရာ ယဉ် ကျေးမှု အက ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲများ၊ အားကစားနည်း မျိုးစုံပြိုင် ပွဲ များနှင့် နိုင်ငံကျော် အနု ပညာရှင် များစွာ ပါဝင်သည့် ဂီတ ဖျော်ဖြေပွဲ၊ အငြိမ့်ပွဲ၊ ဇာတ်သဘင် ပွဲများ အပြင် ယခင်နှစ်ထက် ထူးခြားစွာ နောင်ယားကန် အတွင်း လှေလှော်ပြိုင်ပွဲ၊ ငါးမျှား ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး စက်ဘီးပြိုင်ပွဲ၊ မာရသွန် ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များကိုလည်း ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

My Blog List