Friday, December 14, 2012

မှတ်ပုံတင်မရှိဘဲ ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်း ခိုးဝင်လာသူတစ်ဦးအား မင်းဘူးမြို့နယ် တရားရုံးမှ အလုပ်မဲ့ ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့

အမျိုးသားမှတ်ပုံတင်နှင့် ယာယီသက်သေခံလက်မှတ်မရှိဘဲ မကွေးတိုင်းဒေသကြီးအတွင်းသို့ ခိုးဝင်လာသော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကန်ဖော့ကျေးရွာနေသူ ဖော်ဇာလာမွတ်အား မင်းဘူးမြို့နယ် တရားရုံးမှ ၁၉၄၉ ခုနှစ်၊ပြည်ထောင်စုမြန်မာနိုင်ငထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ-၆(၃)အရ ဒီဇင်ဘာလ(၁၁)ရက်နေ့က အလုပ်မဲ့ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိ သည်။
 ဖော်ဇာလာမွတ်အား ဒီဇင်ဘာလ(၆)ရက်နေ့က မင်းဘူးမြို့ကိုင်းမကြီးဘေးမဲ့တောကြားစခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးသန့်ဇင်မှ အဆိုပါ ဥပဒေပုဒ်မဖြင့် တရားရုံးသို့ဦးတိုက်လျောက်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ဖော်ဇာလာမွတ်မှ မင်းဘူးမြို့နယ်တရားရုံးတွင် ၎င်း၌အပြစ်ရှိကြောင်း၊အလုပ်လုပ်ချင်၍ခိုးဝင်လာခြင်းဖြစ်ကြောင်းမှတ်ပုံတင်ကဒ်ပြား ပြုလုပ်ထားခြင်းမရှိကြောင်း၊ ၎င်း၏အဖနှင့်အမိထံတွင်လည်းမှတ်ပုံတင်ကဒ်ပြားမရှိကြောင်းခရီးသွားရာတွင်မှတ်ပုံတင်ကဒ်ပြားပါရမည်ဖြစ်ပြီး မှတ်ပုံတင်ကဒ်ပြားလည်းမပါ ပြုလုပ်ထားခြင်းလည်းမရှိ၍ ၎င်းတွင် အပြစ်ရှိပါသည်ဟု ထွက်ဆိုဝန် ခံခဲ့ကြောင်း သိရသည်။

ဖော်ဇာလာမွတ်အားစတင်ဖမ်းမိချိန်မှ တရားရုံးအမိန့်ချပြီးသည်အထိ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ထိန်းချုပ်ထားခဲ့ကြောင်း၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက အဆိုပါ အမှုကိစ္စ အား သွားရောက်မေးမြန်းခဲ့ရာ အချုပ်ခန်းတာဝန်မှူးမှ ၄င်းတို့ မှာ အမှုကိစ္စနှင့်ပတ်သက်၍ ဘာမှ မသိရှိကြောင်း တရားခံအမည်နှင့်အဖအမည်သာ သိရှိ၍ ၎င်းတို့တွင် ချုပ်ထားရန်သာ တာဝန် ရှိကြောင်း ပြောကြားခဲ့ပါသည်။ မင်းဘူးမြို့နယ် လ၀ကမှူးထံ သွားရောက်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ဘာမှပြောပိုင်ခွင့်မရှိကြောင်း အထက်လူကြီးများမှ ပြောခွင့်ပေးမှ ပြောပြ၍ရမည်ဖြစ်ကြောင်း အဆိုပါ ကိစ္စကို ရဲစခန်း၊စသုံးလုံးနှင့် အက်(စ်)ဘီဌာနတို့မှလည်း သိရှိပြီး ထိုဌာနများသို့ သွားရောက်မေးမြန်း ပါကလည်း ဖြေကြားခြင်းပြုမည်မဟုတ်ဘဲ ၎င်းထံသို့သာ ပြန်လည်စုံစမ်းမေးမြန်းခိုင်းမည် ဖြစ်ကြောင်း မှတ်ပုံတင်မပါလျင် ယခုကိစ္စတွင်မဟုတ်ဘဲ ယခင်ကတည်းက ၎င်းတို့အနေဖြင့် တရားစွဲဆို ဆောင်ရွက် ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

My Blog List