Friday, December 14, 2012

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားမည့်နေရာတွင် အသေးစားပေါက်ကွဲမူတစ်ခုဖြစ်ပွား။ အဖွဲ့ ချုပ်အမျိုးသမီးအဖွဲ့ ဝင်သုံးဦး ဒဏ်ရာရ

မြိတ်ခရိုင်ကျွန်းစုမြို့နယ်ကန်မော်ရွာရှိ၊ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားမည့်စင်အားသန့် ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့သည်။
သန့် ရှင်းရေးပြုလုပ်နေသူများမှ ကန်မော်ကျေး၇ွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် သုံးဦးဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။ တစ်ဦးမှာ အသက်ကြီးပိုင်းအမျိုးသမီးဖြစ်ပြီး ပေါင်တွင် အနည်းငယ် ဒဏ်ရာရ ရှိခဲ့သည်။ကျန်နှစ်ဦးမှာလူငယ်များဖြစ်ကြပြီးမျက်နှာတွင်ဒဏ်ရာများရရှိခဲ့သည်ဟု မြိတ်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တစ်ဦးက သတင်းပို့ ခဲ့သည်။

 ပေါက်ကွဲမူဖြစ်ပွားခဲ့သည့်နေရာတွင် တစ်ထောင်ခန့် တွင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး၊ သတ္တူများခဲစများ တွေ့ ရှိခဲ့ရ သည်ဟု အဆိုပါအဖွဲ့ ဝင်ကပြောဆိုသည်။ကန်မော်ပြည်သူ့ ဆေးရုံမှ သူနာပြု ဆရာမတစ်ဦး ကပေါက်ကွဲမူကြောင့်ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပြီး။ ကန်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘာဘူးကလည်း ပေါက်ကွဲမူဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြား ခဲ့သည်။  ယခုအချိန်ထိ တာဝန်ရှိသူများ အခင်းဖြစ်ပွာရာသို့ သွားရောက်စစ်ဆေးခြင်းမရှိသေးပါ။
ရေလမ်းခရီးဖြင့်သွားရခြင်းဖြစ်သဖြင့် နှောင့်နှေးနေတာဖြစ်နိုင်ကြောင်းမြိတ်မြို့ နယ် အဖွဲ့ ချုပ် လူငယ်တစ်ဦး က မှတ်ချက်ပေးခဲ့သည်။ တာဝန်ရှိသူများသည်။ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိနေ နိုင်ကြောင်းလည်း ၄င်းက ဗဟိုကော်မရှင်ရုံးအဖွဲ့ သို့ တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List