Tuesday, December 11, 2012

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု Myanmar Wanbao ကုမ္ပဏီ ဆို

Photo: စုံစမ်းစစ်ဆေးရေးကော်မရှင်၏ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု 
Myanmar Wanbao ကုမ္ပဏီ ဆို
Monday, 10 December 2012

ကြေးနီစီမံကိန်းနှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူဆောင်ရွက်နေသော စုံစမ်း စစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ် ချက်ကို လိုက်နာဆောင်ရွက်သွား မည်ဖြစ်ကြောင်း Myanmar Wanbao ကုမ္ပဏီက ပြောသည်။

''ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့ ကော်မရှင်ကို ကြိုဆိုပါ တယ်။ လေးလည်း လေးစားပါ တယ်။ အစိုးရရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လိုက်နာရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကော်မရှင်က
နိုင်ငံတော်ကိုယ်စား လုပ်တာဆိုတော့ လေးစားရမယ်။ ဆုံးဖြတ်ချက်ကို လိုက်နာရမယ်။ ဒါပဲရှိတာပေါ့''ဟု Myanmar Wanbao ကုမ္ပဏီ၏ Admin Manager Dong Yunfei က ပြောသည်။

အဆိုပါ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရာ တွင် တရားမျှတမှုရှိမည်ဟုလည်း မျှော် လင့်ကြောင်း ၄င်းက ဆိုသည်။
ထို့အပြင် ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖြေရှင်းမှု ကိုလက်ခံမည်ဟု မီဒီယာများကိုပြော ကြားထားပြီး ဒေသခံသုံးဦးသည်လည်း အဆိုပါစုံစမ်းစစ်ဆေး ရေးကော်မရှင် တွင်လည်း ပါဝင်ခွင့်ရရှိခဲ့သည်။

''နှစ်ဘက်ပူးပေါင်းဆောင်ရွက် ရင် အဆင်ပြေမယ်။ မျှမျှတတရှိ မယ်။ သူတို့ပူးပေါင်းမယ်ဆိုရင် ကြိုဆိုပါတယ်။ အခုလည်း စုံစမ်း စစ်ဆေးမှု
တွေကို ပြုလုပ်နေပါတယ်'' ဟု ယင်းကော်မရှင်တွင် ပါဝင်သူ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က 
The Messenger ဂျာနယ်သို့ ပြောသည်။

ကြေးနီစီမံကိန်းနှင့်ပတ်သက် ၍ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အဖွဲ့ သုံးဖွဲ့ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ် ပြီး၊ သပိတ်စခန်းများတွင် ဖြစ်ပွား 
ခဲ့သော သံဃာတော်များနှင့် ပတ် သက်သည့် ကိစ္စရပ်များကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူဆောင်ရွက်
သွားမည်ဖြစ် ကြောင်းသိရသည်။

Messenger News Journal
ကြေးနီစီမံကိန်းနှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူဆောင်ရွက်နေသော စုံစမ်း စစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ် ချက်ကို လိုက်နာဆောင်ရွက်သွား မည်ဖြစ်ကြောင်း Myanmar Wanbao ကုမ္ပဏီက ပြောသည်။
''ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့ ကော်မရှင်ကို ကြိုဆိုပါ တယ်။ လေးလည်း လေးစားပါ တယ်။ အစိုးရရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လိုက်နာရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကော်မရှင်က
နိုင်ငံတော်ကိုယ်စား လုပ်တာဆိုတော့ လေးစားရမယ်။ ဆုံးဖြတ်ချက်ကို လိုက်နာရမယ်။ ဒါပဲရှိတာပေါ့''ဟု Myanmar Wanbao ကုမ္ပဏီ၏ Admin Manager Dong Yunfei က ပြောသည်။

အဆိုပါ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရာ တွင် တရားမျှတမှုရှိမည်ဟုလည်း မျှော် လင့်ကြောင်း ၄င်းက ဆိုသည်။
ထို့အပြင် ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖြေရှင်းမှု ကိုလက်ခံမည်ဟု မီဒီယာများကိုပြော ကြားထားပြီး ဒေသခံသုံးဦးသည်လည်း အဆိုပါစုံစမ်းစစ်ဆေး ရေးကော်မရှင် တွင်လည်း ပါဝင်ခွင့်ရရှိခဲ့သည်။

''နှစ်ဘက်ပူးပေါင်းဆောင်ရွက် ရင် အဆင်ပြေမယ်။ မျှမျှတတရှိ မယ်။ သူတို့ပူးပေါင်းမယ်ဆိုရင် ကြိုဆိုပါတယ်။ အခုလည်း စုံစမ်း စစ်ဆေးမှု တွေကို ပြုလုပ်နေပါတယ်'' ဟု ယင်းကော်မရှင်တွင် ပါဝင်သူ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က
The Messenger ဂျာနယ်သို့ ပြောသည်။

ကြေးနီစီမံကိန်းနှင့်ပတ်သက် ၍ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အဖွဲ့ သုံးဖွဲ့ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ် ပြီး၊ သပိတ်စခန်းများတွင်ဖြစ်ပွားခဲ့သော သံဃာတော်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။


No comments:

Post a Comment

My Blog List