အိန္ဒိယ လေတပ် (IAF) နှင့် MiG-29 လေယာဉ် အဆင့် မြှင့်တင်ရေး လုပ်ငန်း သဘော တူညီချက် စာချုပ် အရ ရုရှား နိုင်ငံသည် အိန္ဒိယသို့ MiG-29 UPG တိုက်ခိုက်ရေး ဂျက်လေယာဉ် ၃ စီးအား ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေယာဉ် ၃ စီးအား AN-124 ကုန်တင် လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်း
ဖြစ်ပါသည်။ အိန္ဒိယ လေတပ်သည် MiG-29s ၏ လုပ်ငန်း ၆၉ ခုအား အဆင့်
မြှင့်တင်ရန် အတွက် အမေရိကန် ဒေါ်လာ သန်း ၉ဝဝ အား MiG ကော်ပိုရေးရှင်း သို့
ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆင့် မြှင့်တင်ပြီးသော MiG-29 လေယာဉ် များအား နှစ် ၄ဝ ကြာ အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။ အဆိုပါ MiG-29 လေယာဉ် ၆ စီးအား ရုရှား နိုင်ငံတွင် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment