Tuesday, December 11, 2012

ရှမ်းပြောင်းဖူးများ တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့လျှက်ရှိ

Photo: ရှမ်းပြောင်းဖူးများ တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့လျှက်ရှိ
Monday, December 10, 2012

မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်နေသည့် ရှမ်းပြည်နယ်မှ
ပြောင်းဖူးများမှာ တရုတ်ပြည်သို့ တိုက်ရိုက် တင်ပို့နေရခြင်းကြောင်း မန်းဈေးကွက်တွင် ရှမ်းပြောင်းဖူးဈေးကွက် ပြတ်လပ် နေကြောင်း မန္တလေးမြို့ ကုန်စည်ဒိုင်မှ သိရှိရသည်။

ရှမ်းပြည်မှထွက်သည့် ပြောင်းဖူးများ မန်းဈေးကွက်အတွင်း ပစ္စည်းတင်ပို့ခ မကာမိသောကြောင့် မန္တလေးသို့ မဆင်းတော့ပဲ တရုတ်ပြည်ဘက်သို့ နေ့စဉ် တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။

လက်ရှိ ရှမ်းပြည်တွင် ပြောင်းဖူး ပေါက်ဈေးမှာ သုံးတင်း တစ်အိတ်လျှပ်  (၂ သောင်း) ကျော် ရှိပြီး မန်းပေါက်ဈေးမူ (၁၉၅၀၀) ကျပ် ရှိသဖြင့် ရှမ်းပြောင်းဖူး သယ်ယူစရိတ်နှင့် ရောင်းဈေးမှာ မကိုက်ခြင်းကြောင့် တရုတ်ပြည်သို့ တိုက်ရိုက် တင်ပို့နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီနှစ် ဒီကပေါက်ဈေးနဲ့ ဟိုက ပေါက်ဈေးက သိပ်မကွာဘူး။ ရှမ်ပြည်နယ်ကနေ မန်း၊ မန်းကနေ တရုတ်ဆိုတော့ လမ်းစရိတ်နဲ့တင် မကိုက်တော့ဘူး။ အဲ့တာကြောင့် မန်းပြောင်းဒိုင်မှာ ရှမ်းပြောင်းက ပြတ်လပ်သွားတယ်။” ဟု မန်း ကုန်စည်ဒိုင်မှတစ်ဦးက ဆိုသည်။

ယခင်တွင် မန်းဈေးကွက်သို့ မြစ်ကြီးနား၊ ပျဉ်းမနား၊ ထန်းတပင်ဇီးကုန်း၊ ရှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှ ပြောင်းဖူးများ တင်ပို့ကြပြီး မန်းပြောင်းဒိုင်မှ မြန်မာပြည်အနှံ့သို့ ပြောင်းများ ရောင်းချပေးခြင်းဖြစ်သည်။

ထို့ပြင် တရုတ်ပြည်သို့လည်း မန်းဈေးကွက်အတွင်းမှ ရှမ်းပြောင်းများ တဆင့်ခံ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ယခုနှစ် ပြောင်း ဈေးကောင်းသဖြင့် ရှမ်းပြောင်းဖူးများမှ မန်းဈေးကွက်သို့ မဝင်တော့ဘဲ တရုတ်ပြည်သို့ တိုက်ရိုက် တင်ပို့နေခြင်းဖြစ်သည်။

 “ ဒီနှစ်တော့ ပြောင်းဈေးကောင်းတယ်။ ပြောင်းပေါ်ဦးက ပြောင်း အခြောက် ကျပ် (၄၀၀) ရတယ်။ ခုတော့ ၃၅၀၊ ၃၂၀ ပေါ့။ ဒီနှစ်က ပြောင်းဈေး
ကောင်းတယ်။ ဦးတို့က တရုတ်၊ မန္တလေးလို့ မခွဲ ရောင်းဘူး။ လာဝယ်တဲ့ ပွဲစား၊ ဒိုင်တွေကိုပဲ ရောင်းပေးတာ။” ဟု ရှမ်းပြည်နယ်မှ ပြောင်းခင်း စိုက်ပျိုးသူ တစ်ဦးက ပြောသည်။

မင်းမင်းလတ်- မန္တလေး (မြစ်မခ)
Myit Makha Mediagroup
မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်နေသည့် ရှမ်းပြည်နယ်မှ ပြောင်းဖူးများမှာ တရုတ်ပြည်သို့ တိုက်ရိုက် တင်ပို့နေရခြင်းကြောင်း မန်းဈေးကွက်တွင် ရှမ်းပြောင်းဖူးဈေးကွက် ပြတ်လပ် နေကြောင်း မန္တလေးမြို့ ကုန်စည်ဒိုင်မှ သိရှိရသည်။

ရှမ်းပြည်မှထွက်သည့် ပြောင်းဖူးများ မန်းဈေးကွက်အတွင်း ပစ္စည်းတင်ပို့ခ မကာမိသောကြောင့် မန္တလေးသို့ မဆင်းတော့ပဲ တရုတ်ပြည်ဘက်သို့ နေ့စဉ် တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။
လက်ရှိရှမ်းပြည်တွင်ပြောင်းဖူး ပေါက်ဈေးမှာ သုံးတင်း တစ်အိတ်လျှင်ကျပ် (၂ သောင်း) ကျော်ရှိပြီး မန်းပေါက်ဈေးမူ (၁၉၅၀၀) ကျပ်ရှိသဖြင့် ရှမ်းပြောင်းဖူး သယ်ယူစရိတ်နှင့်ရာင်းဈေးမှာ မကိုက်ခြင်းကြောင့် တရုတ်ပြည်သို့ တိုက်ရိုက် တင်ပို့နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီနှစ် ဒီကပေါက်ဈေးနဲ့ ဟိုက ပေါက်ဈေးက သိပ်မကွာဘူး။ ရှမ်ပြည်နယ်ကနေ မန်း၊ မန်းကနေ တရုတ်ဆိုတော့ လမ်းစရိတ်နဲ့တင် မကိုက်တော့ဘူး။ အဲ့တာကြောင့် မန်းပြောင်းဒိုင်မှာ ရှမ်းပြောင်းက ပြတ်လပ်သွားတယ်။” ဟု မန်း ကုန်စည်ဒိုင်မှတစ်ဦးက ဆိုသည်။

ယခင်တွင်မန်းဈေးကွက်သို့ မြစ်ကြီးနား၊ ပျဉ်းမနား၊ ထန်းတပင်ဇီးကုန်း၊ ရှမ်းပြည် တာင်ပိုင်းနှင့်မြောက်ပိုင်း တို့မှ ပြောင်းဖူးများ တင်ပို့ကြပြီး မန်းပြောင်းဒိုင်မှ မြန်မာပြည်အနှံ့သို့ ပြောင်းများ ရောင်းချပေးခြင်းဖြစ်သည်။

ထို့ပြင်တရုတ်ပြည်သို့လည်း မန်းဈေးကွက်အတွင်းမှ ရှမ်းပြောင်းများ တဆင့်ခံ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ယခုနှစ် ပြောင်း ဈေးကောင်းသဖြင့် ရှမ်းပြောင်းဖူးများမှ မန်းဈေးကွက်သို့မဝင်တော့ဘဲတရုတ်ပြည် သို့ တိုက်ရိုက် တင်ပို့နေခြင်းဖြစ်သည်။

“ ဒီနှစ်တော့ ပြောင်းဈေးကောင်းတယ်။ ပြောင်းပေါ်ဦးက ပြောင်း အခြောက် ကျပ် (၄၀၀) ရတယ်။ ခုတော့ ၃၅၀၊ ၃၂၀ ပေါ့။ ဒီနှစ်က ပြောင်းဈေး ကောင်းတယ်။ ဦးတို့က တရုတ်၊ မန္တလေးလို့ မခွဲရောင်းဘူး။ လာဝယ်တဲ့ပွဲစား၊ ဒိုင်တွေကိုပဲ ရောင်းပေးတာ။” ဟု ရှမ်းပြည်နယ်မှ ပြောင်းခင်း စိုက်ပျိုးသူ တစ်ဦး က ပြောသည်။


No comments:

Post a Comment

My Blog List