Wednesday, December 12, 2012

ရုရှား သမ္မတ ဗလာဒီမာ ပူတင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အတွက် မူဝါဒ ချမှတ် ဆောင်ရွက်သင့် ဟုဆို

Photo: ရုရှား သမ္မတ ဗလာဒီမာ ပူတင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အတွက် မူဝါဒ ချမှတ် ဆောင်ရွက်သင့် ဟုဆို
Wednesday, December 12, 2012 

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရန် အစိုးရ၏ ကြိုးပမ်း အားထုတ်မှုသည် တစ်ကြိမ်တည်းဖြင့် လက်မလျှော့ သင့်ဘဲ မျှတမှု ရှိသော မူဝါဒကို ကျင့်သုံး ဆောင်ရွက်သင့် သည်ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၁ဝ ရက်တွင် ပြောကြား ခဲ့သည်။

အကျင့်ပျက် ခြစားမှု ကွယ်ပျောက်စေရန် လုပ်ဆောင်ရာတွင် ဥပဒေ ချိုးဖောက် သူတိုင်းသည် ထိုက်သင့်သည့် ပြစ်ဒဏ် ကျခံရမည် ဖြစ်ကြောင်း သတိပေး နှိုးဆော်ရမည်ဟု ပူတင်က အစည်း အဝေး တစ်ခု၌ ၎င်း၏ ထောက်ခံသူ များအား ပြောကြား ခဲ့သည်။

ထို့အပြင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို လူ့အဖွဲ့အစည်း တစ်ခုလုံး အတွင်း၌ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် ရမည်ဟု ၎င်းက ထပ်လောင်း
ပြောကြား ခဲ့သည်။

အလားတူ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး မူဝါဒကို အစိုးရ အဖွဲ့ဝင်များမှ အောက်ခြေ လူတန်းစား အထိ ကျယ်ကျယ် ပြန့်ပြန့် 
ကျင့်သုံး သွားမည်ဟု ရုရှား ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က လည်း ကတိပေး ပြောကြား ခဲ့သည်ဟု သတင်း ရရှိသည်။

မြ၀တီ
အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရန် အစိုးရ၏ ကြိုးပမ်း အားထုတ်မှုသည် တစ်ကြိမ်တည်းဖြင့် လက်မလျှော့ သင့်ဘဲ မျှတမှု ရှိသောမူဝါဒကို ကျင့်သုံး ဆောင်ရွက်သင့် သည်ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၁ဝ ရက်တွင် ပြောကြား ခဲ့သည်။
အကျင့်ပျက် ခြစားမှု ကွယ်ပျောက်စေရန် လုပ်ဆောင်ရာတွင် ဥပဒေ ချိုးဖောက် သူတိုင်းသည် ထိုက်သင့် သည့် ပြစ်ဒဏ် ကျခံရမည် ဖြစ်ကြောင်း သတိပေး နှိုးဆော်ရမည်ဟု ပူတင်က အစည်း အဝေး တစ်ခု၌ ၎င်း၏ ထောက်ခံသူ များအား ပြောကြား ခဲ့သည်။

ထို့အပြင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို လူ့အဖွဲ့အစည်း တစ်ခုလုံး အတွင်း၌ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် ရမည်ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

အလားတူ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး မူဝါဒကို အစိုးရ အဖွဲ့ဝင်များမှ အောက်ခြေ လူတန်းစား အထိ ကျယ်ကျယ် ပြန့်ပြန့် ကျင့်သုံး သွားမည်ဟု ရုရှား ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က လည်း ကတိပေး ပြောကြား ခဲ့သည်ဟု သတင်း ရရှိသည်။


No comments:

Post a Comment

My Blog List