တမူး၊
မူဆယ်၊ မြ၀တီ အစရှိတဲ့ နေရာတွေမှာ ကုန်သွယ်မှု အတွက် တစ်ဦးချင်း
ကုန်သွယ်ခွင့် ကတ်တွေကို ဒီဇင်ဘာ လအစပိုင်းမှ စတင်ကာ အသုံးပြုခွင့်ပေးနေပြီ
ဖြစ်တယ်လို့ နယ်စပ် ကုန်သွယ်ရေး
ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ
တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ဟာ အသုံးပြုခွင့် သက်တမ်း ၁ နှစ်ရှိပြီး ၁
ရက်ကို ကျပ် ၁၀ သိန်းဖိုးနဲ့ တစ်ပတ်မှာ ၅ ရက် ကုန်သွယ်မှု ဆောင်ရွက် နိုင်မှာ
ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ပတ် အတွင်း ကျပ်သိန်း ၅၀ ဖိုးကို တစ်ကြိမ်းတည်း ကုန်သွယ် မှု ပြုလုပ်နိုင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် အဆိုပါ တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ပြု လုပ်လိုသူတွေဟာ မှတ်ပုံတင်၊ သန်းခေါင် စာရင်း၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာနဲ့ အတူ ငွေကျပ် ငါးသောင်း နိုင်ငံတော် ဘဏ္ဍာ အဖြစ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒီလို ကုန်သွယ်ခွင့် ကတ်ပြုလုပ် ပြီးရင်တော့ သက်ဆိုင်ရာ နယ်စပ် ကုန်သွယ်ရေး စခန်းများမှာ ခွင့်ပြု ထားတဲ့ ကုန်ပစ္စည်း တွေကို ကုန်သွယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
အခုလိုတစ်ဦးချင်း ကုန်သွယ်ခွင့်ကတ်ပြုလုပ်ပေးရာမှာတော့ ကုမ္ပဏီ မထောင်နိုင်တဲ့ဒသနေ ပြည်သူများ အတွက် ကုန်သွယ်မှုများ လွယ်ကူအောင် လုပ်ဆောင် နိုင်ဖို့ရည်ရွယ်ပြီး ပြုလုပ် ပေးတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်နိုင်ငံလုံးမှာ နယ်စပ် ကုန်သွယ်ရေး စခန်း ၁၃ ခုရှိပြီး အဆိုပါ ကုန်သွယ်ရေး စခန်းတွေမှာ တရားမ၀င် ကုန်သွယ်မှုတွေ ပပျောက်ဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက အဓိက ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။

No comments:
Post a Comment