Friday, December 14, 2012

သယံဇာတထုတ်ယူရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ချက်အတွက် ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲပေးအပ်သွားမည်

Photo: သယံဇာတထုတ်ယူရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး
ဆောင်ရွက်ချက်အတွက် ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲပေးအပ်သွားမည်
Friday, 14 December 2012

ဗြိတိန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာဟူဂိုဆွိုင်းယား ဦးဆောင်သော စွမ်းအင်ကဏ္ဍတွင် အတွေ့အကြုံရှိ ကုမ္ပဏီများပါဝင်သော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က
ရောက်ရှိခဲ့သည်။

၎င်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ဗြိတိန်၏ ဆက်လက်ပူးပေါင်းပါဝင်မှုကို ပြသရန်နှင့် စွမ်းအင်ကဏ္ဍတွင် ဗြိတိန်ပညာရှင်များ၏ ပါဝင်မှုကို တိုးမြှင့်ရန် လာရောက်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

''ကျွန်တော်က စွမ်းအင်ကဏ္ဍကို ဦးတည်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကိုလည်း ဦးဆောင်လာတာ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ တာဝန်ယူမှုရှိတဲ့ ဗြိတိန်နဲ့ ချိတ်ဆက်တာဟာ ရေရှည်အကျိုးသက်ရောက်မှုနဲ့ လူမှုဘ၀တွေကို ပိုကောင်းမွန်စေမယ်ဆိုတာ ယုံကြည် ပါတယ်'' ဟု ၎င်းက ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းက တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများကို အားပေးသွားမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသော နားလည်မှုစာချွန်လွှာတစ်စောင်ကို မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် သယံဇာတထုတ်ယူရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ကနဦး ဆောင်ရွက်ချက် Extractive Industries Trans-parency Initiative (EITI) နှင့် စပ်လျဉ်း၍ မြန်မာအစိုးရနှင့် နီးကပ်စွာ ဆောင်ရွက်လျက်
ရှိကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်ကို ထောက်ခံပံ့ပိုးသွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

'' EITI ဟာ အခွန်အကောက်ပွင့်လင်းမြင်သာမှုကို မြှင့်တင်ဖော်ဆောင်နေတဲ့ 
ကမ္ဘာလုံးဆိုင်ရာစံ သတ်မှတ်ချက်တစ်ရပ် ဖြစ်ပါတယ်။ သည်လုပ်ငန်းစဉ် စတင်ဆောင်ရွက်မှုကို ပံ့ပိုးပေးဖို့ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက အသိပေး ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် အမြင်များကိုလည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။ ခရီးစဉ်အတွင်းတွင် ၎င်းက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ငြိမ်း ချမ်းရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်မင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နှင့်
တွေ့ဆုံသွားမည် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သူမ၏နေအိမ်သို့ သွားရောက် တွေ့ဆုံ
သွားမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာဆွိုင်းယား၏ ခရီးစဉ်တွင် ဗြိတိန်ကုမ္ပဏီများဖြစ်သည့် Norton Rose၊ Barclays၊ Mott McDonalds စသည့် ကုမ္ပဏီများလည်း လိုက်ပါလာမည်
ဖြစ်ကြောင်း သိရသည်။ ကုန်သွယ်ရေးကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် စည်းမျဉ်းချမှတ်လည်ပတ်ပုံ၊ ဘဏ္ဍာရေး စီမံပုံတို့နှင့် အဆိုပါကိစ္စများ လုပ်ဆောင်ရန် လိုအပ်သည့် အရည်အသွေးများမြှင့်တင်မှုတို့အတွက် လိုအပ်သည့် အကြံဥာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
ဗြိတိန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာဟူဂိုဆွိုင်းယား ဦးဆောင်သော စွမ်းအင်ကဏ္ဍတွင် အတွေ့    အကြုံရှိ ကုမ္ပဏီများပါဝင်သော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကရောက်ရှိခဲ့သည်။
၎င်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ဗြိတိန်၏ ဆက်လက်ပူးပေါင်း ပါဝင်မှုကို ပြသ ရန်နှင့် စွမ်းအင်ကဏ္ဍတွင် ဗြိတိန်ပညာရှင်များ၏ ပါဝင်မှုကို တိုးမြှင့်ရန် လာရောက်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

''ကျွန်တော်က စွမ်းအင်ကဏ္ဍကို ဦးတည်တဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကိုလည်း ဦးဆောင်လာတာ ဖြစ်ပါတယ်။ ဒီကဏ္ဍမှာ တာဝန်ယူမှုရှိတဲ့ ဗြိတိန်နဲ့ ချိတ်ဆက်တာဟာ ရေရှည် အကျိုး သက်ရောက်မှုနဲ့ လူမှုဘ၀တွေကို ပိုကောင်းမွန်စေမယ်ဆိုတာ ယုံကြည်ပါတယ်'' ဟု ၎င်းက ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းက တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများကို အားပေးသွားမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသော နားလည်မှုစာချွန်လွှာတစ်စောင်ကို မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်းနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် သယံဇာတထုတ်ယူရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး ကနဦး ဆောင်ရွက်ချက် Extractive Industries Trans-parency Initiative (EITI) နှင့် စပ်လျဉ်း၍ မြန်မာအစိုးရနှင့် နီးကပ်စွာ ဆောင်ရွက် လျက် ရှိကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်ကို ထောက်ခံပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

'' EITI ဟာ အခွန်အကောက်ပွင့်လင်းမြင်သာမှုကို မြှင့်တင်ဖော်ဆောင်နေတဲ့ကမ္ဘာလုံးဆိုင်ရာစံ သတ်မှတ် ချက်တစ်ရပ်ဖြစ်ပါတယ်။ သည်လုပ်ငန်းစဉ် စတင်ဆောင်ရွက်မှုကို ပံ့ပိုးပေးဖို့ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက အသိပေး ပြောကြားခဲ့သည်။

၎င်းကမြန်မာနိုင်ငံ၏နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများအပေါ်အမြင်များကိုလည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။ ခရီးစဉ်အတွင်းတွင် ၎င်းက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ငြိမ်း ချမ်းရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်မင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း  သူမ၏နေအိမ်သို့  သွားရောက် တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာဆွိုင်းယား၏ ခရီးစဉ်တွင် ဗြိတိန်ကုမ္ပဏီများဖြစ်သည့် Norton Rose၊ Barclays၊ Mott McDonalds စသည့် ကုမ္ပဏီများလည်း လိုက်ပါလာမည် ဖြစ်ကြောင်း သိရသည်။ ကုန်သွယ်ရေး ကိုယ်စားလှယ်များ က မြန်မာနိုင်ငံတွင် စည်းမျဉ်းချမှတ်လည်ပတ်ပုံ၊ ဘဏ္ဍာရေး စီမံပုံတို့နှင့် အဆိုပါကိစ္စများ လုပ်ဆောင်ရန် လိုအပ်သည့် အရည်အသွေးများမြှင့်တင်မှုတို့အတွက် လိုအပ်သည့် အကြံဥာဏ်များ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

My Blog List