Thursday, December 13, 2012

မြန်မာနိုင်ငံ၏ လာဘ်စားမှု ပပျောက်ရေး လုပ်ဆောင်မှုများတွင် UNDP နှင့် UNODC မှ ကူညီရန်အသင့်ရှိဟုဆို

Photo: မြန်မာနိုင်ငံ၏ လာဘ်စားမှု ပပျောက်ရေး လုပ်ဆောင်မှုများတွင် UNDP နှင့် UNODC မှ ကူညီရန်အသင့်ရှိဟုဆို  
Wednesday, 12 December 2012

မြန်မာနိုင်ငံ၏ လာဘ်စားမှု ပပျောက်ရေး လုပ်ဆောင်မှုများကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP နှင့် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုများ
ဆိုင်ရာရုံး UNODC မှ ကူညီပေးသွားရန် အသင့်ရှိနေကြောင်း ဒီဇင်ဘာလ 
၉ ရက်နေ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၉ ရက်၊ နိုင်ငံတကာ လာဘ်စားမှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် UNODC မှ Country Manager မစ္စတာဂျေဆင်အီလိုက် နှင့် UNDP မှ Country Manager မစ္စတာတွိုင်လီ ကာဗာနော့ဗ်တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ လာဘ်စားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNCAC) ကို ၂၀၀၅ ခုနှစ်တွင် လတ်မှတ်ရေးထိုး
ထားသော်လည်း အာဆီယံနိုင်ငံများထဲတွင် အဆိုပါ ကွန်ဗင်းရှင်း အသက်ဝင်လိုက်နာမှု လုပ်ဆောင်ရန် တစ်နိုင်ငံတည်းသာ ကျန်ရှိ
နေသည်ဟု ဆိုသည်။

UNCAC ကို လိုက်နာမည်ဟု လတ်မှတ်ရေးထိုးထားလျှင် နိုင်ငံအတွင်းရှိ အစိုးရအဖွဲ့အစည်းများ အနေနှင့် အမျိုးသားဥပဒေများ၊ အဖွဲ့အစည်းများ အပေါ်တွင် လာဘ်စားမှု ပပျောက်ရေး ကြိုးပမ်းမှုများ အကောင်အထည်
ဖော်ရမည် ဖြစ်ပြီး နေ့စဉ်အလေ့အထ အနေနှင့် ကျင့်သုံးရမည်ဖြစ်သည်။

ထို့ကြောင့် UNCAC ကို လိုက်နာရန် ဆောင်ရွက်ခြင်းက မြန်မာနိုင်ငံအတွက် မှန်ကန်သော ခြေလှမ်းတစ်ရပ်ဖြစ်မည်ဟု ၄င်းတို့က ဆိုသည်။ ထိုသို့ ဆောင်ရွက်မှသာ အစိုးရက လာဘ်စားမှု ပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိအမှတ်ပြု စံနှုန်းနှင့် ခိုင်မာသည့် ဥပဒေမူဘောင် တစ်ရပ်ကို ရရှိစေမည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လာဘ်စားမှု အရေးယူခြင်းအဖြစ် ကားမှောင်ခို တင်သွင်းမှုတွင် ပါဝင်ပတ်သတ်သည့် အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်း ၃၅ ဦးကို အရေးယူထားသည်ဟု သိရသည်။

Eleven Media Group
မြန်မာနိုင်ငံ၏ လာဘ်စားမှု ပပျောက်ရေး လုပ်ဆောင်မှုများကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP နှင့် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုများဆိုင်ရာရုံး UNODC မှ ကူညီပေးသွားရန် အသင့်ရှိနေကြောင်း ဒီဇင်ဘာလ၉ ရက်နေ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၉ ရက်၊ နိုင်ငံတကာ လာဘ်စားမှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် UNODC မှ Country Manager မစ္စတာဂျေဆင်အီလိုက် နှင့် UNDP မှ Country Manager မစ္စတာတွိုင်လီ ကာဗာနော့ဗ်တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ လာဘ်စားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNCAC) ကို ၂၀၀၅ ခုနှစ်တွင် လတ်မှတ်ရေးထိုး ထားသော်လည်း အာဆီယံနိုင်ငံများထဲတွင် အဆိုပါ ကွန်ဗင်းရှင်း အသက်ဝင် လိုက်နာမှု လုပ်ဆောင်ရန် တစ်နိုင်ငံတည်းသာ ကျန်ရှိ နေသည်ဟု ဆိုသည်။

UNCAC ကို လိုက်နာမည်ဟု လတ်မှတ်ရေးထိုးထားလျှင် နိုင်ငံအတွင်းရှိ အစိုးရအဖွဲ့အစည်းများ အနေနှင့် အမျိုးသားဥပဒေများ၊ အဖွဲ့အစည်းများ အပေါ်တွင် လာဘ်စားမှု ပပျောက်ရေး ကြိုးပမ်းမှုများ အကောင် အထည် ဖော်ရမည် ဖြစ်ပြီး နေ့စဉ်အလေ့အထ အနေနှင့် ကျင့်သုံးရမည်ဖြစ်သည်။

ထို့ကြောင့် UNCAC ကို လိုက်နာရန် ဆောင်ရွက်ခြင်းက မြန်မာနိုင်ငံအတွက် မှန်ကန်သော ခြေလှမ်း တစ်ရပ်ဖြစ်မည်ဟု ၄င်းတို့က ဆိုသည်။ ထိုသို့ ဆောင်ရွက်မှသာ အစိုးရက လာဘ်စားမှု ပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိအမှတ်ပြု စံနှုန်းနှင့် ခိုင်မာသည့် ဥပဒေမူဘောင် တစ်ရပ်ကို ရရှိစေမည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လာဘ်စားမှု အရေးယူခြင်းအဖြစ် ကားမှောင်ခို တင်သွင်းမှုတွင် ပါဝင်ပတ်သတ်သည့် အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်း ၃၅ ဦးကို အရေးယူထားသည်ဟု သိရသည်။

No comments:

Post a Comment

My Blog List