Wednesday, December 12, 2012

အင်ဒိုနီးရှား နိုင်ငံတွင် မြေပြိုမှုဖြစ်ပွား မိုင်းအလုပ်သမား တစ်ဦး သေဆုံး ၂၁ ဦး ပျောက်ဆုံး လျက်ရှိ

Photo: အင်ဒိုနီးရှား နိုင်ငံတွင် မြေပြိုမှုဖြစ်ပွား မိုင်းအလုပ်သမား တစ်ဦး သေဆုံး 
၂၁ ဦး ပျောက်ဆုံး လျက်ရှိ
Wednesday, 12 December 2012

အင်ဒိုနီးရှား နိုင်ငံ၏ အထင်ကရ နေရာတစ်ခု ဖြစ်သော ဂျာဗားကျွန်းတွင် မြေပြိုမှု ဖြစ်ပွားခဲ့ရာ ရွှေတူးမိုင်း အလုပ်သမား တစ်ဦး သေဆုံးခဲ့ပြီး အခြား ၂၁ဦး မှာလည်း ပျောက်ဆုံး လျက်ရှိကြောင်း
ရဲတပ်ဖွဲ့က ပြောကြား ထားသည်။အချိန်အခါ မဟုတ် မိုးရွာသွန်း မှုကြောင့်
ဒီဇင်ဘာ ၁ဝရက် နှောင်းပိုင်း အချိန်က အနောက် ဂျာဗားကျွန်း ဆူ ကာဘူမီ ခရိုင် အတွင်းရှိ တောင်ထူထပ်ရာ နေရာ၌ မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အနောက် ဂျာဗား ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး မာတီနပ်စ်ဆီ တွမ်ပါးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြား ထားသည်။

ကယ်ဆယ်ရေး လုပ်သားများသည် ပျောက်ဆုံး လျက်ရှိသော မိုင်းလုပ်သား ၂၁ ဦးကို ရှာဖွေ လျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ထားသည်။

မိုင်းလုပ်သား အများစုသည် မိုင်းတွင်း များ၌ ကျန်ရှိသော ရွှေအနည်းငယ်ကို
ပြန်လည် ရှာဖွေခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလေ့ရှိပြီး ထိုသို့ ပြုလုပ်ခြင်းသည် အန္တရာယ် ရှိသည်ဟု ယူဆရ သောကြောင့် အစိုးရက တားမြစ်ထားကြောင်း သိရသည်။

မြ၀တီ
အင်ဒိုနီးရှား နိုင်ငံ၏ အထင်ကရ နေရာတစ်ခု ဖြစ်သော ဂျာဗားကျွန်းတွင် မြေပြိုမှု ဖြစ်ပွားခဲ့ရာ ရွှေတူးမိုင်း အလုပ်သမားတစ်ဦး သေဆုံးခဲ့ပြီး အခြား ၂၁ဦး မှာလည်း ပျောက်ဆုံး လျက်ရှိကြောင်း ရဲတပ်ဖွဲ့ က ပြောကြား ထားသည်။အချိန်အခါ မဟုတ် မိုးရွာသွန်း မှုကြောင့်ဒီဇင်ဘာ ၁ဝရက် နှောင်းပိုင်း အချိန်က အနောက်ဂျာဗားကျွန်းဆူကာဘူမီခရိုင်အတွင်းရှိ  တောင်ထူထပ်ရာ  နေရာ၌  မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အနောက် ဂျာဗား ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး မာတီနပ်စ်ဆီ တွမ်ပါးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြား ထားသည်။

ကယ်ဆယ်ရေး လုပ်သားများသည် ပျောက်ဆုံး လျက်ရှိသော မိုင်းလုပ်သား ၂၁ ဦးကို ရှာဖွေ လျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ထားသည်။

မိုင်းလုပ်သား အများစုသည် မိုင်းတွင်း များ၌ ကျန်ရှိသော ရွှေအနည်းငယ်ကို ပြန်လည် ရှာဖွေခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလေ့ရှိပြီး ထိုသို့ ပြုလုပ်ခြင်းသည် အန္တရာယ် ရှိသည်ဟု ယူဆရ သောကြောင့် အစိုးရက တားမြစ်ထားကြောင်း သိရသည်။


No comments:

Post a Comment

My Blog List