လက်ရှိမြန်မာနိုင်ငံတွင်
အသုံးပြုပြေးဆွဲလျက်ရှိသောမြန်မာ့ မီးရထား(မြို့ပတ်)လုပ်ငန်းအား BOT
စနစ်ဖြင့်ပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင်ငံ Jaca အဖွဲ့မှ တာဝန်ရှိသူများက ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၄ရက်က လာရောက် ကြည့်ရှုသွားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍ မြန်မာ့မီးရထားလုပ်ငန်းမှ BOT စနစ်ဖြင့်
လုပ်ကိုင်နိုင်ရန် လုပ်ငန်းဆိုင်ရာ အစည်းအဝေးများ
ပြုလုပ်စဉ်းစားလျက်ရှိပြီး ယင်းအစည်းအဝေးမှ အဖြေထွက်ရှိလာမှသာ
မြန်မာ့မီးရထား လုပ်ငန်း (မြို့ပတ်)အား BOT စနစ်ဖြင့်
လုပ်ကိုင်ခွင့်ရှိမရှိသိရှိရမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဂျပန်နိုင်ငံ Jaca မှတာဝန်ရှိသူများ လာရောက်ကြည့်ရှု သွားသည်နှင့် ပတ်သက်၍ မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောကြား ရာတွင် ““ဦးတို့အနေနဲ့ တိတိကျကျ တော့မသိသေးဘူး။ သူတို့ကတော့ ဟိုကြည့်၊ဒီကြည့်လုပ်သွားတာပဲ ရှိသေးတယ်။ဦးတို့အနေနဲ့ပြောလို့ မရသေးဘူး”” ဟု ဖြေကြားခဲ့သည်။

No comments:
Post a Comment