Tuesday, December 11, 2012

တူရကီ- ဆီးရီးယား နယ်စပ် ဧရိယာတွင် တူရကီ နိုင်ငံမှ ပက်ထရီရော့ ဒုံးပျံများ တပ်ဖြန့် ချထား

Photo: တူရကီ- ဆီးရီးယား နယ်စပ် ဧရိယာတွင် တူရကီ နိုင်ငံမှ ပက်ထရီရော့ ဒုံးပျံများ တပ်ဖြန့် ချထား
Monday, December 10, 2012

တူရကီ- ဆီးရီးယား နယ်စပ် ဧရိယာတွင် ပက်ထရီရော့ ဒုံးပျံများ တပ်ဖြန့် ချထားခြင်းသည် တူရကီ နိုင်ငံမှ တစ်ဆင့် ဆီးရီးယား နိုင်ငံအပေါ် စစ်ရေးအရ ကြားဝင် ဆောင်ရွက်ရန် နေတိုး အဖွဲ့၏ ပဏာမ လုပ်ဆောင်ချက် တစ်ရပ် ဖြစ်ကြောင်း အီရန် ဥပဒေပြု လွှတ်တော် 
အမတ် တစ်ဦးက ပြောကြား ခဲ့ပါသည်။

တူရကီ နိုင်ငံတွင် ပက်ထရီရော့ ဒုံးပျံများ တပ်ဖြန့် ချထားခြင်းဖြင့် နေတိုး အဖွဲ့သည် ဆီးရီးယား နိုင်ငံအား ထိန်းချုပ် နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း အီရန် ပါလီမန် အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ကော်မတီ၏ အဖွဲ့ဝင် ဖြစ်သော Mohammad- Saleh Jokar က ဒီဇင်ဘာလ ၉ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ 

ရုရှား၊ ဆီးရီးယားနှင့် အီရန် နိုင်ငံတို့က အပြင်းအထန် ကန့်ကွက်လျက် ရှိသော်လည်း နေတိုး စစ်ဘက် မဟာမိတ် အဖွဲ့သည် ဆီးရီးယား နိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်စပ် ဧရိယာ တစ်လျှောက်တွင် မြေပြင်မှ ဝေဟင်ပစ် ပက်ထရီရော့ ဒုံးပျံများ တပ်ဖြန့်ချ ထားရန် တူရကီ နိုင်ငံ၏ မေတ္တာ ရပ်ခံ တောင်းဆို ချက်အား ဒီဇင်ဘာလ ၄ ရက်နေ့တွင် အတည်ပြု လက်ခံ ခဲ့ပါသည်။ ဒုံးပျံများ တပ်ဖြန့် ချထားရန် နေတိုး အဖွဲ့၏ အစီအစဉ် အပေါ် နိုင်ငံ အများစုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဆီးရီးယား နိုင်ငံအား စစ်ရေး အရကြားဝင် ဖြေရှင်း ဆောင်ရွက်ရေး လမ်းဖွင့်ပေးရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ် သည်ဟု ၎င်းတို့က ပြောကြားလျက် ရှိပါသည်။

မြ၀တီ
တူရကီ- ဆီးရီးယား နယ်စပ် ဧရိယာတွင် ပက်ထရီရော့ ဒုံးပျံများ တပ်ဖြန့် ချထားခြင်းသည် တူရကီ နိုင်ငံမှ တစ်ဆင့် ဆီးရီးယား နိုင်ငံအပေါ်စစ်ရေးအရ ကြားဝင် ဆောင်ရွက်ရန် နေတိုး အဖွဲ့၏ ပဏာမ လုပ်ဆောင် ချက်တစ်ရပ် ဖြစ်ကြောင်း အီရန် ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးက ပြောကြား ခဲ့ပါသည်။
တူရကီ နိုင်ငံတွင် ပက်ထရီရော့ ဒုံးပျံများ တပ်ဖြန့် ချထားခြင်းဖြင့် နေတိုး အဖွဲ့သည် ဆီးရီယား နိုင်ငံအား ထိန်းချုပ် နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း အီရန် ပါလီမန် အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒကော်မတီ၏ အဖွဲ့ဝင်ဖြစ်သော Mohammad- Saleh Jokar က ဒီဇင်ဘာလ ၉ရက်နေ့ တွင် ပြောကြား ခဲ့ပါသည်။

ရုရှား၊ ဆီးရီးယားနှင့် အီရန် နိုင်ငံတို့က အပြင်းအထန် ကန့်ကွက်လျက် ရှိသော်လည်း နေတိုး စစ်ဘက် မဟာမိတ် အဖွဲ့သည် ဆီးရီးယား နိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်စပ် ဧရိယာ တစ်လျှောက်တွင် မြေပြင်မှ ဝေဟင်ပစ် ပက်ထရီရော့ ဒုံးပျံများ တပ်ဖြန့်ချ ထားရန် တူရကီ နိုင်ငံ၏ မေတ္တာ ရပ်ခံ တောင်းဆို ချက်အား ဒီဇင်ဘာလ ၄ ရက်နေ့တွင် အတည်ပြု လက်ခံ ခဲ့ပါသည်။ ဒုံးပျံများ တပ်ဖြန့် ချထားရန် နေတိုး အဖွဲ့၏ အစီအစဉ် အပေါ် နိုင်ငံ အများစုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဆီးရီးယားနိုင်ငံအား စစ်ရေးအရကြားဝင် ဖြေရှင်းဆောင်ရွက်ရေး လမ်းဖွင့်ပေးရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ် သည်ဟု ၎င်းတို့က ပြောကြားလျက် ရှိပါသည်။


No comments:

Post a Comment

My Blog List