Monday, December 24, 2012

ဧရာဝတီမြစ်ကြောင်းတစ်လျောက် ရေထိန်းတံခါးများ တည်ဆောက်၍ မြစ်ကြောင်းထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် လေ့လာမှုများ စတင်ပြုလုပ်မည်

Photo: ဧရာဝတီမြစ်ကြောင်းတစ်လျောက် ရေထိန်းတံခါးများ တည်ဆောက်၍ မြစ်ကြောင်းထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် လေ့လာမှုများ စတင်ပြုလုပ်မည်  
Sunday, 23 December 2012 

ဧရာဝတီမြစ်ကြောင်းတစ်လျောက် ရေထိန်းတံခါးများ တည်ဆောက်၍
မြစ်ကြောင်းထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်
လေ့လာမှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ ပြောကြားချက်
အရ သိရပါသည်။

''အခုတည်ဆောက်မယ့် ရေထိန်းတံခါးတွေက ရေကို အသေပိတ်ပြီးလုပ်တဲ့ ဆည်ကြီးတွေလိုမဟုတ်ပါဘူး။ ရေလမ်းကြောင်းဖွင့်ထားပြီးမှ ရေကိုလှောင်ပြီး ပြန်လည်အသုံး ပြုတဲ့ ဆည်မျိုးဖြစ်ပါတယ်။ မြစ်ရေထဲက လျံတဲ့ရေကိုပဲ အသုံးပြုပြီးတော့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာဖြစ်ပါတယ်''ဟု
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောသည်။

ယင်းသို့ ဧရာဝတီမြစ်ကြောင်းတစ်လျောက် ရေထိန်းတံခါးများ တည်ဆောက်၍ မြစ်ကြောင်းထိန်းသိမ်းရေးနှင့်လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်အတွက် ဖြစ်နိုင်ခြေလေ့လာမှုများ ဆောင်ရွက်ရန် ဘယ်လ်ဂျီယံနိုင်ငံမှ ပညာရှင်များမှ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ လာရောက်မည်ဖြစ်သည်။

အဆိုပါ ဧရာဝတီမြစ်ကြောင်းတစ်လျောက် ပြုလုပ်သွားမည့် စီမံကိန်းများကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ကာ ဖြစ်နိုင်ခြေလေ့လာမှုများ ဆောင်ရွက်ပြီးပါက လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး ရလဒ်များနှင့် ဖြစ်နိုင်ခြေ
အနေအထားများကို ပြည်သူများသို့ ချပြသွားမည်ဖြစ်ကာ ပြည်သူလူထုမှ လက်မခံပါက စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားမည်
မဟုတ်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

''လေ့လာမှုတွေပြီးတာနဲ့ သမ္မတကြီးနဲ့ လွှတ်တော်ကိုတင်ပြပြီး လူထုကို ချပြသွားမယ်။ စီမံကိန်းကို တည်ဆောက်မယ်၊မတည်ဆောက်ဘူးဆိုတာက ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ပြည်သူရဲ့ဆန္ဒကို ခံယူပြီးလုပ်သွား မယ်''ဟု ဦးဉာဏ်ထွန်းအောင်က ဆိုသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျောက် မြစ်ကြောင်း ထိန်းသိမ်းရေး
လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့မှ ပြည်မြို့အထိ
မြစ်ကြောင်းတစ်လျောက်အား ပြုပြင်သွားမည် ဖြစ်ကာ စဉ့်ကူး၊ အင်းဝ၊ ပခုက္ကူ၊ မြင်းမူနှင့် ချောက်မြို့များအနီးတွင် ရေထိန်းတံခါးများ တည်ဆောက်ကာ လျပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ပြည်တွင်း၌ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရေအားလျပ်စစ်ရရှိရေးအတွက် ရေထိန်းတံခါးများတွင် တာဘိုင်
ခြောက်လုံးမှ ရှစ်လုံးအထိ တပ်ဆင်နိုင်ပြီး မဂ္ဂါဝပ် ၁၈၀ မှ ၂၄၀ အထိ ထုတ်ယူရရှိနိုင်မည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက
ပြောပါသည်။

ရေထိန်းတံခါးများက မြစ်ရေ အမြင့်ကို ထိန်းထားပေးသောကြောင့်
မြစ်ကြောင်းသွားလာရေးတွင် အဆင်ပြေစေပြီး နွေရာသီတွင်
ရေချိုလျော့နည်းမှုကို သက်သာစေခြင်းနှင့် မိုးရာသီ၌ မြစ်ရေကြီးမှုဖြစ်စဉ်များ
မှလည်း ကာကွယ်နိုင်မည်ဟု မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်းနိုင်တီယမ်းက ဆိုသည်။

လက်ရှိအခြေအနေတွင် ဧရာဝတီမြစ်ကြောင်းတစ်လျောက်
ရေကြောင်းကြပ်တည်းသော နေရာ ၄၆ နေရာနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျောက် ရေကြောင်းကြပ်တည်းသောနေရာ ၃၇ နေရာရှိသည်။ ယင်းနေရာများအား မြစ်ကြမ်းပြင်ပြုပြင်နည်းဖြင့် မြစ်ကြောင်းထိန်းသိမ်းရေး
လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ရာတွင် အချိန်ယူ
ဆောင်ရွက်ရသဖြင့် ဒုတိယ အဆင့်ပြုပြင်နည်းဖြစ်သော ရေမျက်နှာပြင် ထိန်းသိမ်းသည့် နည်းစနစ်အား ဆောင်ရွက်နိုင်ရန် စတင်စီစဉ်ခြင်း
ဖြစ်သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

ဧရာဝတီမြစ်ကြောင်းတစ်လျောက် ရေထိန်းတံခါးများ တည်ဆောက်၍ မြစ်ကြောင်းထိန်းသိမ်းရေးနှင့် လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်ရန်လေ့လာမှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရပါသည်။

''အခုတည်ဆောက်မယ့် ရေထိန်းတံခါးတွေက ရေကို အသေပိတ်ပြီးလုပ်တဲ့ ဆည်ကြီးတွေလို မဟုတ်ပါ ဘူး။ ရေလမ်းကြောင်းဖွင့်ထားပြီးမှ ရေကိုလှောင်ပြီး ပြန်လည်အသုံး ပြုတဲ့ ဆည်မျိုးဖြစ်ပါတယ်။ မြစ်ရေထဲက လျံတဲ့ရေကိုပဲ အသုံးပြုပြီးတော့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာဖြစ်ပါတယ်''ဟုပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောသည်။

ယင်းသို့ ဧရာဝတီမြစ်ကြောင်းတစ်လျောက် ရေထိန်းတံခါးများ တည်ဆောက်၍ မြစ်ကြောင်းထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် အတွက် ဖြစ်နိုင်ခြေလေ့လာမှုများ ဆောင်ရွက်ရန် ဘယ်လ်ဂျီယံနိုင်ငံမှ ပညာရှင်များမှ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ လာရောက်မည်ဖြစ်သည်။
အဆိုပါ ဧရာဝတီမြစ်ကြောင်းတစ်လျောက် ပြုလုပ်သွားမည့် စီမံကိန်းများကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကာ ဖြစ်နိုင်ခြေလေ့လာမှုများ ဆောင်ရွက်ပြီးပါက လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး ရလဒ်များနှင့် ဖြစ်နိုင်ခြေအနေအထားများကို ပြည်သူများသို့ ချပြသွားမည်ဖြစ်ကာ ပြည်သူ လူထုမှ လက်မခံပါက စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားမည်မဟုတ်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

''လေ့လာမှုတွေပြီးတာနဲ့ သမ္မတကြီးနဲ့ လွှတ်တော်ကိုတင်ပြပြီး လူထုကို ချပြသွားမယ်။ စီမံကိန်းကို တည်ဆောက်မယ်၊မတည်ဆောက်ဘူးဆိုတာက ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ပြည်သူရဲ့ဆန္ဒကို ခံယူပြီး လုပ်သွား မယ်''ဟု ဦးဉာဏ်ထွန်းအောင်က ဆိုသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျောက် မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မြစ်ကြီးနား မြို့မှ ပြည်မြို့အထိမြစ်ကြောင်းတစ်လျောက်အား ပြုပြင်သွားမည် ဖြစ်ကာ စဉ့်ကူး၊ အင်းဝ၊ ပခုက္ကူ၊ မြင်းမူနှင့် ချောက်မြို့များအနီးတွင် ရေထိန်းတံခါးများ တည်ဆောက်ကာ လျပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ပြည်တွင်း၌ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရေအားလျပ်စစ်ရရှိရေးအတွက် ရေထိန်းတံခါးများတွင် တာဘိုင်ခြောက်လုံးမှ ရှစ်လုံးအထိ တပ်ဆင်နိုင်ပြီး မဂ္ဂါဝပ် ၁၈၀ မှ ၂၄၀ အထိ ထုတ်ယူရရှိနိုင်မည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးကပြောပါသည်။

ရေထိန်းတံခါးများက မြစ်ရေ အမြင့်ကို ထိန်းထားပေးသောကြောင့်မြစ်ကြောင်းသွားလာရေးတွင် အဆင်ပြေစေပြီး နွေရာသီတွင်ရေချိုလျော့နည်းမှုကို သက်သာစေခြင်းနှင့် မိုးရာသီ၌ မြစ်ရေကြီးမှုဖြစ်စဉ်များ မှလည်း ကာကွယ်နိုင်မည်ဟု မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်းနိုင်တီယမ်းက ဆိုသည်။

လက်ရှိအခြေအနေတွင် ဧရာဝတီမြစ်ကြောင်းတစ်လျောက်ရေကြောင်းကြပ်တည်းသော နေရာ ၄၆ နေရာနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျောက် ရေကြောင်းကြပ်တည်းသောနေရာ ၃၇ နေရာရှိသည်။ ယင်းနေရာ များအား မြစ်ကြမ်းပြင်ပြုပြင်နည်းဖြင့် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ရာတွင် အချိန်ယူဆောင်ရွက်ရသဖြင့် ဒုတိယ အဆင့်ပြုပြင်နည်းဖြစ်သော ရေမျက်နှာပြင် ထိန်းသိမ်းသည့် နည်းစနစ်အား ဆောင်ရွက်နိုင်ရန် စတင်စီစဉ်ခြင်းဖြစ် သည်ဟု ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး က ပြောကြားခဲ့ သည်။

Eleven Media Group

No comments:

Post a Comment

My Blog List