လစ်ဗျား
ပါလီမန်သည် နိုင်ငံ၏ တောင်ဘက်၌ ရှိသော နယ်စပ် ခုနစ်ခုအား ယာယီ ပိတ်ပစ်ရန်
အမိန့်ပေး ခဲ့ပြီး ကန့်သတ်ထားသည့် တပ်နယ်မြေများ အဖြစ် တရားဝင် ကြေညာ
ခဲ့ကြောင်း သိရသည်။
နယ်စပ်များအား ထိုကဲ့သို့ ပိတ်ပစ် ခြင်းသည် အခြား နိုင်ငံများမှ တရားမဝင်
ဝင်လာသူ များနှင့် ကုန်ပစ္စည်း များအား တားဆီးရန် အတွက် ဖြစ်ပြီး ချက်၊
နိုင်ဂျာ၊ ဆူဒန်နှင့် အယ်လ်ဂျီးရီးယား နိုင်ငံများနှင့် ထိစပ်နေသော ၎င်းတို့၏
နယ်စပ်များအား အချိန် မည်မျှကြာ ပိတ်ပစ်မည်ကို မသိရသေးကြောင်း ပါလီမန်၏
ပြော ရေးဆိုခွင့် ရှိသူ အိုမာဟူ မီဒန်က ပြောကြားခဲ့သည်။ လစ်ဗျား တောင်ပိုင်းရှိ ဒေသများသည် မူအာမာ ဂါဒါဖီ ရာထူးမှပြုတ် ကျပြီးချိန် မှစ၍ ဥပဒေမဲ့ နေရာများ ဖြစ်လာခဲ့ကြောင်း သိရသည်။
ထို့အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မာလီနိုင်ငံ မြောက်ပိုင်းရှိ အစ္စလာမ် စစ်သွေးကြွ များအား ပြည်ပတပ်ဖွဲ့ များက တိုက်ခိုက် ချေမှုန်းမှု များကြောင့် ၎င်းဒေသ၌ အခြေအနေ များမှာ ပိုမိုဆိုးရွား လျက်ရှိကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment