စစ်ပစ္စည်းများတင်ဆောင်လာသောရထားတစ်စင်းမန္တလေးမြစ်ကြီးနားလမ်းပိုင်းမိုးညှင်းအလွန်မိုင်တိုင်၆၄၃အနီးတွင်(၂၁)ရက်နေ့တွင်ကေအိုင်အေမှ
မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ကေအိုင်အေပြော ခွင့်ရသူဦးလနန်ကပြောကြားခဲ့သည်။ ၄င်းသတင်းနှင့် ပတ်သတ် ၍ မြန်မာ့မီးရထား မှဝန်ထမ်းများနှင့် ရထားမှောက်တဲ့ နေရာသို့ ရောက်ရှိခဲ့သော မိုးညှင်း ဒေသခံ များ၏ပြောပြချက်အရလည်းကောင်း၊ သတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
ရထားထဲမှာဘာစစ်ပစ္စည်း၊ လက်နက်ခဲယမ်းတွေမှမပါပါဘူး၊ လက်နက်ခဲယမ်းတွေပါရင်ရထား မှောက်တဲ့ အချိန်မှာ မီးလောင်ပေါက်ကွဲကုန်မှာပေါ့၊ ရထားပေါ်မှာ အဓိကပါလာတာက စားသောက် ကုန်တွေ ပါ။ မှောက်နေ တဲ့ ရထားတွဲတွေမှာကြက်သွန်အိတ်တွေနဲ့ဆားအိတ်တွေ ပြန့်ကျဲနေတာတွေ့ပါတယ်လို့ ဆိုသွားပါသည်။
မိုင်းဒဏ်ကြောင့် မန္တလေးမြို့ဟောင်း -မြစ်ကြီးနား ကုန်တင်ရထား အမှတ် (၉၃၇) ၏ စက်ခေါင်း DD-1137 လမ်းချော်ပြီး ကုန်တွဲသုံးတွဲနှင့်နားနေတွဲတစ်တွဲ တိမ်းမှောက်ခဲ့ကာ ကုန်တွဲတစ်တွဲ လမ်းချော်ခဲ့ ပါသည်။ ဤသို့ကြောင့် ရထားစက် ခေါင်းမောင်း ဦးကျော်မြင့်၊ လက်ထောက် ဦးနေလင်းထွန်းနှင့် လက်ထောက် စက်ခေါင်းမောင်း ဦးဥာဏ်ထွန်းတို့ ဒဏ်ရာရရှိခဲ့သည်။ ဒါဏ်ရာ မှာ ပြင်းထန်မှုမရှိပေ။
အဆိုပါကုန်တင်ရထား တိမ်းမှောက်သွားသဖြင့် လမ်းပိတ်ပြီး ခေတ္တ ရပ်နားနေရသော မန္တလေး -မြစ်ကြီးနား အစုန်အ ဆန်ရထားအချို့မှ ခရီးသည်များကို ရွှေ့ပြောင်းပေးသည့် နည်းဖြင့် ပို့ဆောင်သွား မည်ဟု မီးရထားဝန်ထမ်းများက ဆိုပါ သည်။ ရထားလမ်းကိုလည်းဒီနေ့ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး မန္တလေး ဘူတာကြီးမှ မြစ်ကြီးနားရထားများကိုလည်း ပုံမှန်အတိုင်း ထွက်ခွာစေမည်ဟု မီးရထား ၀န်ထမ်းများက ခရီးသည်များကို ပြောကြားထားပါသည်။

No comments:
Post a Comment