Friday, September 27, 2019

၂၀၂၀ ရွေးကောက်ပွဲ အပြတ်အသတ်နိုင်ရေး ဗျူဟာကျကျ ရေးဆွဲနေသည်ဟု NLD ဆို


Image may contain: 8 people, people sitting
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိရေးအတွက် ဗျူဟာကျကျ ရေးဆွဲ လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ တည်ထောင်မှု ၃၁ နှစ်ပြည့် အခမ်းအနား၌ သဘာပတိမိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောဆိုသည်။

NLD ပါတီတည်ထောင်မှုသည် ယနေ့ (စက်တင်ဘာ ၂၇) တွင် ၃၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တော်ရှိ ပါတီဌာနချုပ်တွင် ကျင်းပနေသည်။
ဒီမိုကရေစီနှင့် တိုင်းပြည်အပေါ်တွင် သစ္စာရှိမှု၊ ပြည်သူလူထုအပေါ် မေတ္တာထားမှုကို ဆုံးခန်းတိုင် ဖော်ဆောင်ရေး အထွေထွေရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရရန် လုပ်ဆောင်ထားကြောင်း ၎င်းက ပြောဆိုသည်။
ပြည်သူလူထုက NLD အပေါ် ထားရှိသည့် ယုံကြည်မှု၊ လွတ်လပ်သည့်ဆန္ဒနှင့် အဆင့်သင့် ဖြစ်နေမည်ဟု စိတ်ချယုံကြည်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုသည် ပြည်ထောင်စုလွှတ်တော်မှသည် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုအတွက်အရေးကြီးသည့် စိန်ခေါ်မှုဖြစ်ကြောင်း NLD ပါတီ တည်ထောင်မှု ၃၁ နှစ်မြောက်နေ့ ကြေညာချက်တွင် ဖော်ပြသည်။
ပြည်သူလူထု လက်မခံသော၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် မညီသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးတွင် ပြည်သူနှင့် ပူးပေါင်းကာ ဆုံးခန်းတိုင် အောင်မြင်သည်အထိ လုပ်ဆောင်ရန် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူထားကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။
Photo - Phyo Min Thein FB

No comments:

Post a Comment

My Blog List