Monday, September 23, 2019

တပ္မေတာ္ကို အားၿပဳိင္စရာအေၾကာင္းမရွိဟု NLD ဆုိ

 
တပ္မေတာ္သည္ ႏုိင္ငံေရးပါတီမဟုတ္ေသာေၾကာင့္ ဥပေဒေၾကာင္းအရတပ္မေတာ္အား NLDက အားၿပဳိင္ စရာ အေၾကာင္းမရွိဟု NLD ဗဟုိအလုပ္အမႈေဆာင္ ဦးေအာင္ၾကည္ညြန္႔က ေျပာၾကားလုိက္သည္။

ရန္ကုန္ၿမဳိ႕ ေရႊဂံုတိုင္ရွိ NLD ရုံးခ်ဳပ္ စက္တင္ဘာ ၂၂ရက္က က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈကုိ ပါတီဗဟုိအလုပ္အမႈေဆာင္ ဦးေအာင္ၾကည္ညြန္႔က ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ တပ္နဲ႔ NLDနဲ႔ အားၿပဳိင္သလား၊ မၿပဳိင္ဘူးလားဆုိတဲ့ ေမးခြန္းနဲ႔စပ္လ်ဥ္းၿပီး တကယ္တမ္း  ဥပေဒေၾကာင္း အရ ေျပာရင္ ကြ်န္ေတာ္တုိ႔ NLD က တပ္ကုိ ဘာမွ အားၿပဳိင္စရာအေၾကာင္း မရွိဘူး။ သူ (တပ္မေတာ္) ပါတီမဟုတ္ဘူး’’ဟု ဦးေအာင္ၾကည္ညြန္႔က ေျပာၾကားခဲ့သည္။
၂၀၀၈ခုႏွစ္ ဖြဲ႔စည္းပုံအေျခခံဥပေဒအရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ နယ္စပ္ေရးရာ၀န္ႀကီး ၊ ျပည္ထဲေရး၀န္ႀကီး ၊ကာကြယ္ေရး၀န္ႀကီးႏွင့္ သမၼတအမည္စာရင္းတုိ႔ကုိ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ တုိက္ရုိက္တင္သြင္းႏုိင္ခြင့္ရွိၿပီး အခန္း ၁ ႏုိင္ငံေတာ္အေျခခံမူမ်ား ပုဒ္မ၆ (စ)တြင္ ႏုိင္ငံေတာ္၏ အမ်ိဳးသားႏုိင္ငံေရးဦးေဆာင္မႈ အခန္းက႑တြင္ တပ္မေတာ္က ပါ၀င္ထမ္းေဆာင္ႏုိင္ေရးတုိ႔ကုိ အစဥ္ တစုိက္ ဦးတည္သည္ဟုလည္း ျပ႒ာန္းပါရွိသည္။
လက္ရွိတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ မြတ္ဆလင္လူမ်ိဳးမ်ားႏွင့္ ဟိႏၵဴဘာသာ၀င္မ်ား ကုိးကြယ္တည္ရွိရာ ဘုရားေက်ာင္းႏွင့္ ၀တ္ျပဳေက်ာင္းေတာ္မ်ားသုိ႔ လွည့္လည္၍ လူမႈေရး အက်ိဳးျပဳလွဴဒါန္းမႈမ်ား ျပဳလုပ္လ်က္ရွိသည္။
မင္းသီဟန္(အကုန္သိသတင္းဌာန)

တပ်မတော်ကို အားပြိုင်စရာအကြောင်းမရှိဟု NLD ဆို

တပ်မတော်သည် နိုင်ငံရေးပါတီမဟုတ်သောကြောင့် ဥပဒေကြောင်းအရ တပ်မတော်အား NLDက အားပြိုင်စရာ အကြောင်းမရှိဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ စက်တင်ဘာ ၂၂ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ တပ်နဲ့ NLDနဲ့ အားပြိုင်သလား၊ မပြိုင်ဘူးလားဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းပြီး တကယ်တမ်း  ဥပဒေကြောင်းအရ ပြောရင် ကျွန်တော်တို့ NLD က တပ်ကို ဘာမှ အားပြိုင်စရာအကြောင်း မရှိဘူး။ သူ (တပ်မတော်) ပါတီမဟုတ်ဘူး’’ဟု ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ၊ကာကွယ်ရေးဝန်ကြီးနှင့် သမ္မတအမည်စာရင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ တိုက်ရိုက်တင်သွင်းနိုင်ခွင့်ရှိပြီး အခန်း ၁ နိုင်ငံတော်အခြေခံမူများ ပုဒ်မ၆ (စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟုလည်း ပြဋ္ဌာန်းပါရှိသည်။
လက်ရှိတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွတ်ဆလင်လူမျိုးများနှင့် ဟိန္ဒူဘာသာဝင်များ ကိုးကွယ်တည်ရှိရာ ဘုရားကျောင်းနှင့် ဝတ်ပြုကျောင်းတော်များသို့ လှည့်လည်၍ လူမှုရေး အကျိုးပြုလှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)

No comments:

Post a Comment

My Blog List