Monday, September 30, 2019

အစိုးရႏွင့္လႊတ္ေတာ္ ပုလင္းတူဘူးဆို႔ျဖစ္သြားပါက ဒီမိုကေရစီပ်က္ျခင္း ျဖစ္ေၾကာင္း ဦးကိုကိုႀကီးေျပာ


Image may contain: 1 person, text
အစိုးရႏွင့္လႊတ္ေတာ္ ပုလင္းတူဘူးဆို႔ ျဖစ္သြားၿပီဆိုပါက ဒီမိုကေရစီ ပ်က္ျခင္းျဖစ္ေၾကာင္း ျပည္သူ႕ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာၾကားသည္။

စက္တင္ဘာ၂၉ ရက္က ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ ေ႐ႊၾကာပင္ရပ္ကြက္ရွိ ျပည္သူ႕ပါတီ႐ုံးသစ္ဖြင့္ပြဲ အခမ္းအနား၌ မိန္႔ခြန္းေျပာၾကားရာတြင္ အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
လႊတ္ေတာ္၏အဓိကတာဝန္သည္ အစိုးရကို စိစစ္ထိန္းေက်ာင္းရန္၊ ထိန္းၫွိ ေပးရန္ျဖစ္ကာ ဘတ္ဂ်က္ကို စီမံခန္႔ခြဲ ဆုံးျဖတ္ေပးရန္ျဖစ္ၿပီး သတ္မွတ္သည့္ ေဘာင္အတြင္း လႊတ္ေတာ္က သတ္မွတ္ထားသည့္ ဥပေဒ၊ နည္းဥပေဒမ်ားအတိုင္း သမၼတအပါအဝင္ လိုက္နာရမည္ျဖစ္ေၾကာင္း၊ သမၼတႏွင့္ဝန္ႀကီးအဖြဲ႕က လႊတ္ေတာ္ကေန ထိန္းေက်ာင္းရမည္ျဖစ္ေၾကာင္း ဦးကိုကိုႀကီးက ေျပာဆိုသည္။
"တကယ္လို႔ သမၼတနဲ႔ လႊတ္ေတာ္ နဲ႔ ၊ အစိုးရနဲ႔ လႊတ္ေတာ္နဲ႔က ပုလင္းတူ ဘူးဆို႔ ျဖစ္သြားၿပီဆိုရင္ အဲဒါဒီမိုကေရစီပ်က္ၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ အစိုးရကို လႊတ္ေတာ္က ထိန္းေက်ာင္းရမယ့္အစား ေယာကၡမႏို႔ သမက္ မစို႔ဝံ့ဆိုတာရွိတယ္ျမန္မာစကား။ မေျပာရဲမဆိုရဲ၊ ဒီၾကားထဲမွာမွ အစိုးရကို အက်ပ္အတည္းျဖစ္ေအာင္မလုပ္ပါနဲ႔။ အက်ပ္အတည္း ျဖစ္မယ့္ ေမးခြန္းေတြ မေမးပါနဲ႔ဆိုေတာ့ တကယ္က အက်ပ္အတည္းျဖစ္ေအာင္ လုပ္ေနတာ မဟုတ္ဘူး။ လႊတ္ေတာ္က လႊတ္ေတာ္အလုပ္ကို လုပ္ကိုလုပ္ရမွာ။ အဲဒီအလုပ္ တာဝန္ ပ်က္သြားၿပီဆိုရင္ အဲဒါ ဒီမိုကေရစီပ်က္တာပဲ"ဟု ၎က ေျပာဆိုသည္။
ထို႔ျပင္ အစိုးရမွ ေဆာင္႐ြက္ေနသည့္ကိစၥမ်ား၊ အစိုးရ၏ကတိကဝတ္မ်ားမည္သို႔ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ထားသည္မ်ားကို ေအာင္ျမင္မႈရွိ ၊ မရွိ ဝန္ႀကီးဌာန အလိုက္ ကိစၥရပ္မ်ားကို လႊတ္ေတာ္က ေခၚယူၾကားနာရမည္ ျဖစ္ေၾကာင္း ဦးကိုကိုႀကီးက ေျပာဆိုသည္။
"ၾကားနာတဲ့အခါမွာ တစ္ခါတေလက်လို႔ရွိရင္ ေမးခြန္းတစ္ခုပဲေမးၿပီးေတာ့ ေနာက္ဆက္တြဲေမးခြန္းေတြ ေမးရမယ့္ကိစၥေတြမွာ မေမးႏိုင္တဲ့အခါက်ေတာ့ ေမးသာ ေမးလိုက္တယ္ အေျဖကမထြက္ဘူး။ ဒါေတြကလႊတ္ေတာ္နဲ႔ ပတ္သက္လို႔ ေလ့လာေန တဲ့အတြက္ ျမင္ေနရတယ္"ဟု ၎က ေျပာဆိုသည္။
လႊတ္ေတာ္အေနျဖင့္ ပင္မတာဝန္မ်ားကို လုပ္ေဆာင္ႏိုင္ျခင္းမရွိပါက လႊတ္ေတာ္ တာဝန္ကို ပ်က္ကြက္ေနျခင္းျဖစ္ေၾကာင္း၊ ထိုသို႔ ပ်က္ကြက္ေနျခင္းသည္ လႊတ္ေတာ္က ပ်က္ကြက္တာလား၊ လႊတ္ေတာ္က လုပ္ခြင့္မရေအာင္ တားဆီး ထားလို႔ အခက္အခဲမ်ားျဖစ္ေပၚေနတာလား သုံးသပ္ၾကရန္ ဦးကိုကိုႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။
"လႊတ္ေတာ္က အသက္ဝင္တဲ့ တကယ့္ကို တက္ႂကြတဲ့ လႊတ္ေတာ္ျဖစ္မေနဘူး ဆိုရင္ ကၽြန္ေတာ္တို႔ကဘာေၾကာက္လာလဲဆိုရင္ အစိုးရေရာ၊ လႊတ္ေတာ္ေရာ၊ အႏိုင္ရပါတီပါ တစ္ခုတည္းျဖစ္ေနၿပီးေတာ့ ေနာက္ဆုံးက် အတိုက္အခံ မရွိေတာ့ဘူး။ သူတို႔ကို ပြင့္ပြင့္လင္းလင္းေျပာမယ့္၊ ဆိုမယ့္၊ ေဝဖန္မယ့္သူ မရွိေတာ့ဘူး။ ေျပာရင္လည္း တံဆိပ္ ေတြကပ္၊ စြဲခ်က္ေတြတင္ၿပီးေတာ့ ဒီမိုကေရစီကို ေအာက္ေျခက ဖ်က္ဆီးေနတယ္လို႔ ျမင္တယ္"ဟု ၎က ေျပာဆိုသည္။
ထိုသို႔ ေထာက္ျပရာတြင္လည္း အတိုက္အခံသေဘာမ်ိဳးေျပာေနျခင္း မဟုတ္ဘဲ တိုင္းျပည္ အက်ိဳးစီးပြားကို အေလးအနက္ထား ျဖစ္သင့္ျဖစ္ထိုက္သည္ကို ေထာက္ျပ၊ အႀကံျပဳ၊ ေဝဖန္ျခင္းမ်ိဳးျဖစ္ရန္လိုအပ္ၿပီး အျပစ္သက္သက္ ေျပာေနျခင္းသည္လည္း အေျဖထြက္မည္ မဟုတ္ေၾကာင္း ဦးကိုကိုႀကီးက ေျပာဆိုသည္။
ျပည္သူ႕ပါတီသည္ ပါတီတည္ေထာင္ခြင့္ မွတ္ပုံတင္ၿပီးသည့္အခ်ိန္မွ စတင္၍ ယေန႔အခ်ိန္အထိ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ရွိ ၿမိဳ႕နယ္မ်ားတြင္ ပါတီ႐ုံးခန္း ေပါင္း ၅၀ ေက်ာ္ ဖြင့္လွစ္ထားၿပီး ပါတီဝင္အင္အားသည္ ေသာင္းႏွင့္ခ်ီ၍ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
သတင္း၊ ဓာတ္ပုံ - မင္းမင္းထြန္း

Unicode ဖြင့်ဖတ်ရန်
 အစိုးရနှင့်လွှတ်တော် ပုလင်းတူဘူးဆို့ဖြစ်သွားပါက ဒီမိုကရေစီပျက်ခြင်း ဖြစ်ကြောင်း ဦးကိုကိုကြီးပြော
အစိုးရနှင့်လွှတ်တော် ပုလင်းတူဘူးဆို့ ဖြစ်သွားပြီဆိုပါက ဒီမိုကရေစီ ပျက်ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
စက်တင်ဘာ၂၉ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ပြည်သူ့ပါတီရုံးသစ်ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်၏အဓိကတာဝန်သည် အစိုးရကို စိစစ်ထိန်းကျောင်းရန်၊ ထိန်းညှိ ပေးရန်ဖြစ်ကာ ဘတ်ဂျက်ကို စီမံခန့်ခွဲ ဆုံးဖြတ်ပေးရန်ဖြစ်ပြီး သတ်မှတ်သည့် ဘောင်အတွင်း လွှတ်တော်က သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ အတိုင်း သမ္မတအပါအဝင် လိုက်နာရမည်ဖြစ်ကြောင်း၊ သမ္မတနှင့်ဝန်ကြီးအဖွဲ့က လွှတ်တော်ကနေ ထိန်းကျောင်းရမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောဆိုသည်။
"တကယ်လို့ သမ္မတနဲ့ လွှတ်တော် နဲ့ ၊ အစိုးရနဲ့ လွှတ်တော်နဲ့က ပုလင်းတူ ဘူးဆို့ ဖြစ်သွားပြီဆိုရင် အဲဒါဒီမိုကရေစီပျက်ပြီ။ ဘာကြောင့်လဲဆိုတော့ အစိုးရကို လွှတ်တော်က ထိန်းကျောင်းရမယ့်အစား ယောက္ခမနို့ သမက် မစို့ဝံ့ဆိုတာရှိတယ်မြန်မာစကား။ မပြောရဲမဆိုရဲ၊ ဒီကြားထဲမှာမှ အစိုးရကို အကျပ်အတည်းဖြစ်အောင်မလုပ်ပါနဲ့။ အကျပ်အတည်း ဖြစ်မယ့် မေးခွန်းတွေ မမေးပါနဲ့ဆိုတော့ တကယ်က အကျပ်အတည်းဖြစ်အောင် လုပ်နေတာ မဟုတ်ဘူး။ လွှတ်တော်က လွှတ်တော်အလုပ်ကို လုပ်ကိုလုပ်ရမှာ။ အဲဒီအလုပ် တာဝန် ပျက်သွားပြီဆိုရင် အဲဒါ ဒီမိုကရေစီပျက်တာပဲ"ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် အစိုးရမှ ဆောင်ရွက်နေသည့်ကိစ္စများ၊ အစိုးရ၏ကတိကဝတ်များမည်သို့ အကောင်အထည်ဖော်ဆောင်ရွက်ထားသည်များကို အောင်မြင်မှုရှိ ၊ မရှိ ဝန်ကြီးဌာန အလိုက် ကိစ္စရပ်များကို လွှတ်တော်က ခေါ်ယူကြားနာရမည် ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောဆိုသည်။
"ကြားနာတဲ့အခါမှာ တစ်ခါတလေကျလို့ရှိရင် မေးခွန်းတစ်ခုပဲမေးပြီးတော့ နောက်ဆက်တွဲမေးခွန်းတွေ မေးရမယ့်ကိစ္စတွေမှာ မမေးနိုင်တဲ့အခါကျတော့ မေးသာ မေးလိုက်တယ် အဖြေကမထွက်ဘူး။ ဒါတွေကလွှတ်တော်နဲ့ ပတ်သက်လို့ လေ့လာနေ တဲ့အတွက် မြင်နေရတယ်"ဟု ၎င်းက ပြောဆိုသည်။
လွှတ်တော်အနေဖြင့် ပင်မတာဝန်များကို လုပ်ဆောင်နိုင်ခြင်းမရှိပါက လွှတ်တော် တာဝန်ကို ပျက်ကွက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျက်ကွက်နေခြင်းသည် လွှတ်တော်က ပျက်ကွက်တာလား၊ လွှတ်တော်က လုပ်ခွင့်မရအောင် တားဆီး ထားလို့ အခက်အခဲများဖြစ်ပေါ်နေတာလား သုံးသပ်ကြရန် ဦးကိုကိုကြီးက တိုက်တွန်းပြောကြားခဲ့သည်။
"လွှတ်တော်က အသက်ဝင်တဲ့ တကယ့်ကို တက်ကြွတဲ့ လွှတ်တော်ဖြစ်မနေဘူး ဆိုရင် ကျွန်တော်တို့ကဘာကြောက်လာလဲဆိုရင် အစိုးရရော၊ လွှတ်တော်ရော၊ အနိုင်ရပါတီပါ တစ်ခုတည်းဖြစ်နေပြီးတော့ နောက်ဆုံးကျ အတိုက်အခံ မရှိတော့ဘူး။ သူတို့ကို ပွင့်ပွင့်လင်းလင်းပြောမယ့်၊ ဆိုမယ့်၊ ဝေဖန်မယ့်သူ မရှိတော့ဘူး။ ပြောရင်လည်း တံဆိပ် တွေကပ်၊ စွဲချက်တွေတင်ပြီးတော့ ဒီမိုကရေစီကို အောက်ခြေက ဖျက်ဆီးနေတယ်လို့ မြင်တယ်"ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ ထောက်ပြရာတွင်လည်း အတိုက်အခံသဘောမျိုးပြောနေခြင်း မဟုတ်ဘဲ တိုင်းပြည် အကျိုးစီးပွားကို အလေးအနက်ထား ဖြစ်သင့်ဖြစ်ထိုက်သည်ကို ထောက်ပြ၊ အကြံပြု၊ ဝေဖန်ခြင်းမျိုးဖြစ်ရန်လိုအပ်ပြီး အပြစ်သက်သက် ပြောနေခြင်းသည်လည်း အဖြေထွက်မည် မဟုတ်ကြောင်း ဦးကိုကိုကြီးက ပြောဆိုသည်။
ပြည်သူ့ပါတီသည် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ပြီးသည့်အချိန်မှ စတင်၍ ယနေ့အချိန်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ မြို့နယ်များတွင် ပါတီရုံးခန်း ပေါင်း ၅၀ ကျော် ဖွင့်လှစ်ထားပြီး ပါတီဝင်အင်အားသည် သောင်းနှင့်ချီ၍ ရှိနေပြီဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List