Monday, September 23, 2019

ဖက်ဒရယ်ဒီမိုကရေစီကိုသွားမည်ဟုပြောလျက်က တပ်မတော်၏ နယ်နိမိတ်ကို ချဲ့ထွင်သော အနေအထားသို့ ဦးတည်နေသလားဟု ဦးအောင်ကြည်ညွှန့် မေးခွန်းထုတ်


Image may contain: 2 people, people sitting

ဖက်ဒရယ်ဒီမိုကရေစီကိုသွားမည်ဟုပြောကြားနေလျက်က တပ်မတော်၏ အခြေခံနယ်နိမိတ်ကို ချဲ့ထွင်သော အနေအထားသို့ ဦးတည်နေသလားဟု NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က မေးခွန်းထုတ်ပြောကြား လိုက်သည်။

ယနေ့ (စက်တင်ဘာ ၂၂ )မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင်ပြုလုပ်သော ဒုတိယဗဟိုကော် မတီတတိယအကြိမ်အစည်းအဝေးအပြီးသတင်းစာရှင်း လင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုကိုပြန်လည် ဖြေကြားရာ၌ ထည့်သွင်းပြောကြား သွားခြင်းဖြစ်သည်။
အဆိုပါ ပြောကြားချက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ)၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းကို ရည်ညွှန်းကာ ပြောဆိုခြင်းဖြစ်သည်။
ဦးအောင်ကြည်ညွှန့်က " NLD တက်လာတဲ့အခါမှာ ကာ/လုံရဲ့အနေအထားကို လျှော့ချသလား၊ မလျှော့ချဘူးလားဆိုတဲ့ကိစ္စက၊ လျှော့ခြင်း မလျှော့ခြင်းက တို့ အနေနဲ့ ဘာမှလုပ်ထားတာမရှိဘူး။ တကယ်တော့ ကာ/လုံအနေနဲ့ ပါဝင်ဆောင်ရွက်ရမယ့်၊ ကာ/လုံ အနေနဲ့ကလုပ်ရမယ့် နိုင်ငံရေးအခင်းအကျင်းအခြေအနေတွေလည်းမပေါ်ပေါက်ဘူး။ ဒါကြောင့်မို့လို့ကာ/လုံ ရဲ့အနေ အထားက သူ့ ဖာသာသူ ရှိနေတာပဲရှိတယ်။ သူ့ကို
လျှော့ထားတာတွေ၊ နိမ့်ထားတာတွေ၊ ဘာမှမရှိဘူး" ဟု ဦးအောင်ကြည်ညွှန့်က ဆိုသည်။

ဆက်လက်ပြီး ဦးအောင်ကြည့်ညွှန့်က " ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို နောက်တင်လာတာရှိတယ်။ အဲဒီတင်လာတာကတော့ ကာ/လုံ အဖွဲ့ အနေနဲ့ဆိုရင် တကယ်လို့ တိုင်းပြည်အခြေအနေ ယိုယွင်းလာရင် လွှတ်တော်ကို ပယ်ဖျက်ဖို့ရာအတွက်
သမ္မတကိုအကြံပေးနိုင်တယ။် ဘာညာဆိုတဲ့ ၇ ချက်လောက် ထပ်ပြီးပါလာတာကို သွားတွေ့ရတယ်။ အဲဒီ လိုပါလာတာသွားတွေ့ရတဲ့ အနေအထားမျိုးကတော့။ ဘာကို သွားတွေ့လည်းဆိုရင် ရှင်းရှင်းပြောရင် ကြံ့ခိုင် ရေးကနေပြီး တင်လာတဲ့ကိစ္စ။ အဲဒီတော့ ဆိုလိုချင်တာက ဖက်ဒရယ်ဒီမိုကရေစီကို သွားကြမယ်လို့ပြောရင်းနဲ့ တပ်ရဲ့ အခြေခံ နယ်နိမိတ်ကို ပိုပြီးတော့ချဲ့ထွင်လာမယ့် ချဲ့ထွင်လာချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို ဦးတည်လေသလားလို့ စဉ်းစားရမယ့် အနေအထားမျိုးမှာရှိလာတယ်" ဟု ပြောကြားသည်။

တပ်မတော်နှင့် အားပြိုင်စရာ အကြောင်းမရှိ
--- --- ---
လက်ရှိတွင်ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD နှင့် တပ်မတော် သဘောထား ကွဲလွဲမူများဖြစ်ပေါ်နေ သောကြောင့် ရှေ့ ဆက်မည့်နိုင်ငံရေး အခင်းအကျင်းတွင် NLD နှင့် တပ်မတော် ပြိုင်ဆိုင်မှုများ ပြင်းထန်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ ဦးအောင်ကြည် ညွှန့် ကမူ တပ်မတော်နှင့် အားပြိုင်စရာအကြောင်းမရှိဟု ဆိုသည်။

"တပ်နဲ့ NLD အားပြိုင်သလား၊ မပြိုင်ဘူးလားဆိုတဲ့မေးခွန်း။ တတယ်တမ်း ဥပဒေကြောင်း အရပြောရရင် ကျွန် တော်တို့ NLD ကတပ်ကိုဘာမှ အားပြိုင်စရာ အကြောင်း မရှိဘူး။ သူက ပါတီ မဟုတ်ဘူး။ ကျွန်တော်တို့ကပါတီ" ဟု ဦးအောင်ကြည်က ပြောကြားသည်။
၂ ရက်တာပြုလုပ်ခဲ့သော NLD၏ဗဟိုကော်မတီအစည်း အဝေးတွင် ရှေ့လုပ်ငန်းစဉ်များ အဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ
ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ အဖွဲ့ချုပ် အဖွဲ့ဝင်များကြား ညီညွတ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးတို့ကို ချမှတ်ခဲ့သည်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List