Friday, September 27, 2019

Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမွူးက ဗစ္တိုးရီးယား၏ ဖခင္၊ ဦးေလးႏွင့္ အေဒၚအပါအဝင္ ေျခာက္ဦး အား ကေလးသူငယ္ဥပေဒျဖင့္ အမွူဖြင့္


Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမွူးက ဗစ္တိုးရီးယား၏ ဖခင္၊ ဦးေလး၊ အေဒၚ အပါအဝင္ ေအာင္ႀကီး ဘက္မွ ေရွ႕ေန ၊ တရားလို ေရွ႕ေနႏွင့္ သကၠမိုးညိဳတို႔အား ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမွုဖြင့္ထားေၾကာင္း ပုဗၺသီရိၿမိဳ႕နယ္ ပတၱာနယ္ေျမရဲစခန္းမွ သိရသည္။

ေက်ာင္းႀကီးၾကပ္ေရးမွူး ေဒၚဥမၼာလွိုင္က ၎၏ သားႏွစ္ဦးျဖစ္သည့္ ကိုကိုႏွင့္ညီညီ၏ ဂုဏ္သိကၡာ က်ဆင္းေစရန္ ၄င္းတို႔က ေဆာင္ရြက္ခဲ့သည္ဟုဆိုကာ စက္တင္ဘာ ၂၆ ရက္က အမွုဖြင့္ တိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဗစ္တိုးရီးယား၏ ဖခင္၊ ဦးေလးႏွင့္ အေဒၚတို႔မွာ ဗစ္တိုးရီးယားအမွုအား ႐ုံးတင္စစ္ေဆးေနစဥ္ ၁၄.၈.၂၀၁၉ ရက္ ႐ုံးခ်ိန္တြင္ တရားဥပေဒႏွင့္မညီသည့္ သက္ေသခံခ်က္မ်ားကို တင္သြင္းျပဳလုပ္ခဲ့သျဖင့္ သတင္းမီဒီယာမ်ားအား တရားလိုေရွ႕ေနႏွင့္ တရားခံေရွ႕ေနတို႔က ေျဖၾကားမွုမ်ားေၾကာင့္ ၎၏ သားႏွစ္ဦးမွာ ျပစ္မွုက်ဴးလြန္သူအျဖစ္ စြပ္စြဲေျပာဆိုထင္ျမင္ခံေနရသျဖင့္ အမွုဖြင့္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၎အမွုတြင္ ပါဝင္ေဆာင္ရြက္ေနသူ သကၠမိုးညိဳ (ခ) ေဒါက္တာ ဝင္းကိုကိုသိန္းကလည္း ၁၄.၉.၂၀၁၉ ရက္တြင္ စတုတၳ႐ုံးခ်ိန္းဆိုေသာ ေခါင္းစဥ္ျဖင့္ အဆိုပါ ဗီဒီယိုဖိုင္အေၾကာင္းအား ၎၏ လူမွုကြန္ရက္ စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပခဲ့သျဖင့္ အမွုဖြင့္ခဲ့ျခင္းျဖစ္သည္။
အလားတူ အမွုဖြင့္ခံရသည့္ တရားလႊတ္ေတာ္ ေရွ႕ေန ႏွစ္ဦးမွာ စြပ္စြဲခံရသူ ေအာင္ႀကီးဘက္မွ လိုက္ပါေဆာင္ရြက္သည့္ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္ႏွင့္ တရားလိုဘက္မွ လိုက္ပါေဆာင္ရြက္သည့္  တရားလႊတ္ေတာ္ေရွ႕ေန ေဒၚရြက္ႏုေအာင္တို႔ ျဖစ္ေၾကာင္း သိရသည္။
ေက်ာင္းႀကီးၾကပ္ေရးမွူး၏ သားႏွွစ္ဦးမွာ အသက္ ၁၈ ႏွစ္ မျပည့္ေသးသည့္ ကေလးသူငယ္မ်ား ျဖစ္သည့္အတြက္ သားႏွစ္ဦး၏ ဂုဏ္သိကၡာကို က်ဆင္းေစျခင္း၊ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားေစျခင္း၊ လူ႔ပတ္ဝန္းက်င္၌ အရွက္ရေစျခင္းမ်ား ျဖစ္ေပၚေစသျဖင့္ ၄င္းတို႔ ေျခာက္ဦးအား အေရးယူေပးရန္ ပတၱာနယ္ေျမရဲစခန္းတြင္ (ပ) ၁၀၅/၂၀၁၉ ၊ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁(က)(၂) ျဖင့္ အမွုဖြင့္ထားေၾကာင္း သတင္းရရွိသည္။

Eleven Media Group
Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးက ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေးနှင့် အဒေါ်အပါအဝင် ခြောက်ဦးအား ကလေးသူငယ်ဥပဒေဖြင့် အမှူဖွင့်

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးက ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေး၊ အဒေါ် အပါအဝင် အောင်ကြီးဘက်မှ ရှေ့နေ ၊ တရားလို ရှေ့နေနှင့် သက္ကမိုးညိုတို့အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ သိရသည်။

ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ၎င်း၏ သားနှစ်ဦးဖြစ်သည့် ကိုကိုနှင့်ညီညီ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ၄င်းတို့က ဆောင်ရွက်ခဲ့သည်ဟုဆိုကာ စက်တင်ဘာ ၂၆ ရက်က အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေးနှင့် အဒေါ်တို့မှာ ဗစ်တိုးရီးယားအမှုအား ရုံးတင်စစ်ဆေးနေစဉ် ၁၄.၈.၂၀၁၉ ရက် ရုံးချိန်တွင် တရားဥပဒေနှင့်မညီသည့် သက်သေခံချက်များကို တင်သွင်းပြုလုပ်ခဲ့သဖြင့် သတင်းမီဒီယာများအား တရားလိုရှေ့နေနှင့် တရားခံရှေ့နေတို့က ဖြေကြားမှုများကြောင့် ၎င်း၏ သားနှစ်ဦးမှာ ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲပြောဆိုထင်မြင်ခံနေရသဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းအမှုတွင် ပါဝင်ဆောင်ရွက်နေသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်းကလည်း ၁၄.၉.၂၀၁၉ ရက်တွင် စတုတ္ထရုံးချိန်းဆိုသော ခေါင်းစဉ်ဖြင့် အဆိုပါ ဗီဒီယိုဖိုင်အကြောင်းအား ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အလားတူ အမှုဖွင့်ခံရသည့် တရားလွှတ်တော် ရှေ့နေ နှစ်ဦးမှာ စွပ်စွဲခံရသူ အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်နှင့် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့်  တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်တို့ ဖြစ်ကြောင်း သိရသည်။
ကျောင်းကြီးကြပ်ရေးမှူး၏ သားနှှစ်ဦးမှာ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များ ဖြစ်သည့်အတွက် သားနှစ်ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်း၊ လူ့ပတ်ဝန်းကျင်၌ အရှက်ရစေခြင်းများ ဖြစ်ပေါ်စေသဖြင့် ၄င်းတို့ ခြောက်ဦးအား အရေးယူပေးရန် ပတ္တာနယ်မြေရဲစခန်းတွင် (ပ) ၁၀၅/၂၀၁၉ ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List