Monday, September 23, 2019

၂၀၂၀ ေရြးေကာက္ပြဲေအာင္ႏုိင္ေရး စိုးရိမ္စိတ္မထားေၾကာင္း NLD ပါတီမွ ဦးေအာင္ၾကည္ညြန္႔ ေျပာ



လာမည့္၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္ ေအာင္ႏုိင္ေရးသို႔သြားရာတြင္ မဟာဗ်ဴဟာအရ စုိးရိမ္စိတ္ မထားေၾကာင္း အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ ဗဟုိေကာ္မတီ၀င္ ဦးေအာင္ၾကည္ညြန္႔က ေျပာသည္။
ရန္ကုန္တုိင္းေဒသႀကီး၊ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ရုံး၌ စက္တင္ဘာလ ၂၂ ရက္က က်င္းပေသာ အမ်ဳိးသား ဒီမုီကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဗဟုိေကာ္မတီ၊ တတိယအႀကိမ္ေျမာက္အစည္းအေ၀းအၿပီး သတင္းစာရွင္လင္းပြဲတြင္ ေျပာျခင္းျဖစ္သည္။
“ မဟာဗ်ဴဟာအရ ရန္သူကုိအထင္မႀကီးပါဘူး။ နည္းဗ်ဴဟာအရလည္းရန္သူကုိအထင္မေသးပါဘူး။ အဲဒါေၾကာင့္ေအာင္ႏုိင္ေရးကုိသြားတဲ့အခါမွာ မဟာဗ်ဴဟာအရ တအားႀကီးစုိးရိမ္စိတ္မထားပါဘူး”ဟု အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွဗဟုိေကာ္မတီ၀င္ ဦးေအာင္ၾကည္ညြန္႔က ေျပာသည္။
အဆုိပါမဟာဗ်ဴဟာအရ သတိထားရမည့္အခ်က္မ်ားႏွင့္ အားစုိက္ရမည့္အခ်က္မ်ားကုိအဆင္သင့္ျဖစ္ေစရန္ ႀကိဳးစားအားထုတ္ေနေၾကာင္းလည္း ၄င္းက ဆက္လက္ေျပာသည္။
အမ်ဳိးသားဒီမုီကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဗဟုိေကာ္မတီ၊ တတိယအႀကိမ္ေျမာက္အစည္းအေ၀းၿပီးတြင္ ဆုံးျဖတ္ခ်က္္ ၅ ရပ္ႏွင့္ ေရွ႕လုပ္ငန္းစဥ္ ၃ ရပ္ကုိခ်မွတ္ခဲ့ၿပီးယင္းေရွ႕လုပ္ငန္းစဥ္နံပတ္ (၃) အခ်က္မွာ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲႀကီးေအာင္ႏုိင္ေရးျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္၊ အေထြေထြေရြးေကာက္ပြဲတြင္ NLD ပါတီသည္ ျပည္နယ္ႏွင့္တုိင္းေဒသႀကီး အသီးသီးတုိ႔၌ မဲအျပတ္အသတ္အႏုိင္ရရွိခဲ့ၿပီး  ျပည္ေထာင္စုအဆင့္အမ်ဳိးသားႏွင့္ ျပည္သူ႔လႊတ္ေတာ္ေနရာမ်ားတြင္ ၈၀ ရာခုိင္ႏႈန္းအႏုိင္ရရွိခဲ့ေၾကာင္းသိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန )

၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး စိုးရိမ်စိတ်မထားကြောင်း NLD ပါတီမှ ဦးအောင်ကြည်ညွန့် ပြော 


လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အောင်နိုင်ရေးသို့သွားရာတွင် မဟာဗျူဟာအရ စိုးရိမ်စိတ်မထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ စက်တင်ဘာလ ၂၂ ရက်က ကျင်းပသော အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက်အစည်းအဝေးအပြီး သတင်းစာရှင်လင်းပွဲတွင် ပြောခြင်းဖြစ်သည်။
“ မဟာဗျူဟာအရ ရန်သူကိုအထင်မကြီးပါဘူး။ နည်းဗျူဟာအရလည်းရန်သူကိုအထင်မသေးပါဘူး။ အဲဒါကြောင့်အောင်နိုင်ရေးကိုသွားတဲ့အခါမှာ မဟာဗျူဟာအရ တအားကြီးစိုးရိမ်စိတ်မထားပါဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။
အဆိုပါမဟာဗျူဟာအရ သတိထားရမည့်အချက်များနှင့် အားစိုက်ရမည့်အချက်များကိုအဆင်သင့်ဖြစ်စေရန် ကြိုးစားအားထုတ်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက်အစည်းအဝေးပြီးတွင် ဆုံးဖြတ်ချက် ၅ ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ၃ ရပ်ကိုချမှတ်ခဲ့ပြီးယင်းရှေ့လုပ်ငန်းစဉ်နံပတ် (၃) အချက်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအောင်နိုင်ရေးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့၌ မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး  ပြည်ထောင်စုအဆင့်အမျိုးသားနှင့် ပြည်သူ့လွှတ်တော်နေရာများတွင် ၈၀ ရာခိုင်နှုန်းအနိုင်ရရှိခဲ့ကြောင်းသိရသည်။
ရဲကျော်ထက်(အကုန်သိသတင်းဌာန ) 

No comments:

Post a Comment

My Blog List