Monday, September 23, 2019

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ပ်မ္းမၽွ ေငြေၾကးေဖာင္းပြမွုႏွုန္း ၄ ဒသမ ၈၁ ရာခိုင္ႏွုန္းရွိမည္ဟု ခန႔္မွန္းထားေသာ္လည္း ၁၀ လဆက္တိုက္ ခန႔္မွန္းႏွုန္းထက္ ၁ ဒသမ ၅၃ ရာခိုင္ႏွုန္းမွ ၃ ဒသမ ၅၄ ရာခိုင္ႏွုန္းအထိျမင့္တက္


  ရန်ကုန်မြို့ရှိ စီးတီးမတ်တစ်ခုတွင် ရောင်းနေသော စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို တွေ့ရစဉ်
၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ပ်မ္းမၽွ ေငြေၾကးေဖာင္းပြမွုႏွုန္း ၁၀ လ ဆက္တိုက္ ေျခာက္ရာခိုင္ႏွုန္း ေက်ာ္မွ  ရွစ္ရာခိုင္ႏွုန္းေက်ာ္အထိ ျဖစ္ေနၿပီး ခန႔္မွန္းႏွုန္းထား ၄ ဒသမ ၈၁ ရာခိုင္ႏွုန္းထက္ ၁ ဒသမ ၅၃ ရာခိုင္ႏွုန္းမွ ၃ ဒသမ ၅၄ ရာခိုင္ႏွုန္း ျမင့္တက္ေနေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ျပန္ ေသာစာရင္းမ်ားအရ သိရသည္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ပ်မ္းမၽွေငြေၾကးေဖာင္းပြမွုႏွုန္း ၄ ဒသမ ၈၁ ရာခိုင္ႏွုန္းရွိမည္ဟု ခန႔္မွန္းထားေသာ္လည္း ဘ႑ာႏွစ္ အစပိုင္းလမ်ားျဖစ္ေသာ ေအာက္တိုဘာတြင္ ၆ ဒသမ ၃၄ ရာခိုင္ႏွုန္း၊ နိုဝင္ဘာတြင္ ၆ ဒသမ ၆၆ ရာခိုင္ ႏွုန္း၊ ဒီဇင္ဘာတြင္ ၆ ဒသမ ၈၆ ရာခိုင္ႏွုန္း၊ ဇန္နဝါရီတြင္ ၆ ဒသ မ ၉၄ ရာခိုင္ႏွုန္း၊ ေဖေဖာ္ဝါရီတြင္ ၇ ဒသမ ၀၇ ရာခိုင္ႏွုန္း၊ မတ္တြင္ ၇ ဒသမ ၂၈ ရာခိုင္ႏွုန္း၊ ဧၿပီတြင္ ၇ ဒသမ ၅၁ ရာခိုင္ႏွုန္း၊ ေမ တြင္ ၇ ဒသမ ၈၂ ရာခိုင္ႏွုန္း၊ ဇြန္တြင္ ၈ ဒသမ ၀၈ ရာခိုင္ႏွုန္း၊ ဇူလိုင္တြင္ ၈ ဒသမ ၃၅ ရာခိုင္ႏွုန္းအထိရွိေနကာ ၂၀၁၈ ခုႏွစ္ ဧၿပီမွ ၂၀၁၉ ခုႏွစ္ ဇူလိုင္အထိ ၁၆ လဆက္တိုက္ ေငြေၾကးေဖာင္းပြ မွုႏွုန္းျမင့္တက္ေနျခင္းျဖစ္သည္။
၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ႏွစ္အလိုက္ေငြေၾကးေဖာင္းပြမွုႏွုန္း ၄ ဒသမ ၁၀ ရာခိုင္ႏွုန္းႏွင့္ ပ်မ္းမၽွ ေငြေၾကးေဖာင္းပြမွုႏွုန္း ၄ ဒသမ ၈၁ ရာခိုင္ႏွုန္းရွိမည္ဟု ခန႔္မွန္းထား ျခင္းျဖစ္သည္။ ၂၀၁၈ ခုႏွစ္အတြင္း ဧၿပီမွစ၍ ၂၀၁၉ ခုႏွစ္ ဇူလိုင္အထိ ေငြေၾကး ေဖာင္းပြမွုႏွုန္း ၁၅ လ ဆက္တိုက္ျမင့္တက္ခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္တြင္ ေမၽွာ္မွန္းထား သည့္ ပ်မ္းမၽွေငြေၾကးေဖာင္းပြမွုႏွုန္း ၄ ဒသမ ၈၁ ရာခိုင္ႏွုန္းႏွင့္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လအတြင္းျဖစ္ေပၚခဲ့ ေသာ ပ်မ္းမၽွေငြေၾကး ေဖာင္းပြမွုႏွုန္း ႏွိုင္းယွဥ္ပါက သုံးရာခိုင္ႏွုန္းေက်ာ္ ျမင့္တက္ခဲ့ျခင္းျဖစ္သည္။
၂၀၁၉ ခုႏွစ္ ဇူလိုင္၏ ပ်မ္း မၽွေငြေၾကး ေဖာင္းပြမွုႏွုန္းမွာ ၈ ဒသမ ၃၅ ရာခိုင္ႏွုန္းျဖစ္ ၿပီး ၂၀၁၉ ခုႏွစ္ ဇြန္လရွိ ေငြေၾကးေဖာင္းပြမွုႏွုန္း ၈ ဒသမ ၀၈ ရာခိုင္ႏွုန္းျဖင့္ ႏွိုင္းယွဥ္ပါက ေငြေၾကးေဖာင္းပြမွုႏွုန္း ဆက္လက္ျမင့္တက္လာျခင္းျဖစ္ေၾကာင္း ဗဟိုစာရင္းအင္းအဖြဲ႕က ထုတ္ျပန္ထားသည္။
တစ္နိုင္ငံလုံးအတြက္ ၂၀၁၂  ခုႏွစ္ အေျခခံႏွစ္ျဖင့္ စားသုံးသူ ေစ်းဆႏွုန္းအေပၚ အေျခခံတြက္ ခ်က္ထားေသာ ေငြေၾကးေဖာင္းပြမွု ႏွုန္းမွာ ၂၀၁၉ ခုႏွစ္ ဇူလိုင္အထိ တစ္ႏွစ္ ပ်မ္းမၽွ ၈ ဒသမ ၃၅ ရာခိုင္ ႏွုန္းရွိၿပီး ႏွစ္အလိုက္ေငြေၾကး ေဖာင္းပြမွုႏွုန္း (Year on Year Inflation)  မွာ ၁၀ ဒသမ ၈၇ ရာခိုင္ ႏွုန္းရွိေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္ ဇူလိုင္လအတြင္း မေကြးတိုင္းေဒသႀကီးတြင္ ၁၂ ဒသမ ၄၃ ရာခိုင္ႏွုန္း ျဖင့္ ပ်မ္းမၽွေငြ ေၾကးေဖာင္းပြမွုႏွုန္း အျမင့္ဆုံး ျဖစ္ေပၚခဲ့ၿပီး မႏၲေလးၿမိဳ႕တြင္ ၉ ဒသမ ၉၆ ရာခိုင္ႏွုန္းျဖင့္ ဒုတိယအျမင့္ ဆုံးျဖစ္ခဲ့ကာ မြန္ျပည္နယ္တြင္ ၉ ဒသမ ၉၁ ရာခိုင္ႏွုန္းျဖင့္ တတိယ အျမင့္ဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္ ဇူလိုင္လအထိ ႏွစ္အလိုက္ ေငြေၾကးေဖာင္းပြမွုႏွုန္း မွာ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ၁၅ ဒသမ ၂၄ ရာခိုင္ႏွုန္းျဖင့္      ေျပာင္းလဲ မွုအမ်ားဆုံးျဖစ္ေပၚခဲ့ၿပီး ကခ်င္ ျပည္နယ္တြင္ ၄ ဒသမ ၁၈ ရာခိုင္ ႏွုန္းျဖင့္  ေျပာင္းလဲမွု ရာခိုင္ႏွုန္း အနည္း ဆုံးျဖစ္ေပၚခဲ့ေၾကာင္း ဗဟိုစာရင္း အင္းအဖြဲ႕က ထုတ္ျပန္ ထားသည္။
တစ္နိုင္ငံလုံးအတြက္ စားသုံး သူ ေစ်းဆႏွုန္းႏွင့္ ေငြေၾကးေဖာင္းပြမွုႏွုန္းကို ေျပာင္းလဲတြက္ခ်က္တင္ၿပ နိုင္ရန္ ၂၀၁၂ ခုႏွစ္ နိုဝင္ဘာတြင္  ဗဟိုစာရင္းအင္းအဖြဲ႕သည္ အိမ္ေထာင္စုဝင္ေငြႏွင့္ စားသုံးမွုစစ္တမ္းကို ၿမိဳ႕နယ္ေပါင္း ၈၂ ၿမိဳ႕နယ္တြင္ နမူနာအိမ္ေထာင္စုေပါင္း ၃၂၆၆၉ ကို စစ္တမ္းေကာက္ယူခဲ့ေၾကာင္း သိရသည္။
ယခင္က ၂၀၀၆ ခုႏွစ္ကို အေျခခံ၍ ေငြေၾကးေဖာင္းပြမွုႏွုန္း ကို တြက္ခ်က္ခဲ့ေသာ္လည္း ယခုအခါ ၂၀၁၂ ခုႏွစ္စစ္တမ္းအေပၚ အေျခခံ၍အေျခခံႏွစ္ (Base Year) ကို ေျပာင္းလဲတြက္ခ်က္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၂၀၁၂ ခုႏွစ္ အေျခခံႏွစ္ျဖင့္ စားသုံးသူ ေစ်းဆႏွုန္းအေပၚ အေျခခံ တြက္ခ်က္ထားေသာ ပ်မ္းမၽွေငြေၾကး ေဖာင္းပြမွုႏွုန္းမွာ ၂၀၁၉ ခုႏွစ္  ဇူလိုင္အထိ တစ္ႏွစ္ပ်မ္းမၽွ ၈ ဒသမ ၃၅ ရာခိုင္ႏွုန္းရွိၿပီး ၂၀၁၉ ခုႏွစ္ ဇြန္လအထိ တစ္ႏွစ္ပ်မ္းမၽွ ေငြေၾကး ေဖာင္းပြမွုႏွုန္း ၈ ဒသမ ၀၈ ရာခိုင္ ႏွုန္းႏွင့္ ႏွိုင္းယွဥ္ပါက ၀ ဒသမ ၂၇ ရာခိုင္ႏွုန္းပိုမိုလာေၾကာင္း  သိရ သည္။ ၂၀၁၈ ခုႏွစ္ ေမလမွ ၂၀၁၉ ခုႏွစ္ ဇူလိုင္အထိ ပ်မ္းမၽွေငြေၾကး ေဖာင္းပြမွုႏွုန္းကို ေလ့လာပါက ၂၀၁၈ ခုႏွစ္ ေမလတြင္ ၄ ဒသမ ၂၉ ရာခိုင္ႏွုန္းရွိခဲ့ရာမွ တျဖည္းျဖည္း ျမင့္တက္လာခဲ့ရာ ၂၀၁၉ ခုႏွစ္ ဇူလိုင္တြင္ ၈ ဒသမ ၃၅ ရာခိုင္ႏွုန္း ျဖင့္ အျမင့္ဆုံးျဖစ္ေပၚခဲ့သည္။

Eleven Media Group 
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ၁၀ လဆက်တိုက် ခန့်မှန်းနှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိမြင့်တက်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၀ လ ဆက်တိုက် ခြောက်ရာခိုင်နှုန်း ကျော်မှ  ရှစ်ရာခိုင်နှုန်းကျော်အထိ ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်း မြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် သောစာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင် နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသ မ ၉၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ်တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ မေ တွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်းအထိရှိနေကာ ၂၀၁၈ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ ၁၆ လဆက်တိုက် ငွေကြေးဖောင်းပွ မှုနှုန်းမြင့်တက်နေခြင်းဖြစ်သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထား ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ဧပြီမှစ၍ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ ငွေကြေး ဖောင်းပွမှုနှုန်း ၁၅ လ ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မျှော်မှန်းထား သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့ သော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း နှိုင်းယှဉ်ပါက သုံးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ဇူလိုင်၏ ပျမ်း မျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ် ပြီး ၂၀၁၉ ခုနှစ် ဇွန်လရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက် ချက်ထားသော ငွေကြေးဖောင်းပွမှု နှုန်းမှာ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ တစ်နှစ် ပျမ်းမျှ ၈ ဒသမ ၃၅ ရာခိုင် နှုန်းရှိပြီး နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်း (Year on Year Inflation)  မှာ ၁၀ ဒသမ ၈၇ ရာခိုင် နှုန်းရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၄၃ ရာခိုင်နှုန်း ဖြင့် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၉ ဒသမ ၉၆ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့် ဆုံးဖြစ်ခဲ့ကာ မွန်ပြည်နယ်တွင် ၉ ဒသမ ၉၁ ရာခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့်      ပြောင်းလဲ မှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင် ပြည်နယ်တွင် ၄ ဒသမ ၁၈ ရာခိုင် နှုန်းဖြင့်  ပြောင်းလဲမှု ရာခိုင်နှုန်း အနည်း ဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့က ထုတ်ပြန် ထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံး သူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြ နိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) ကို ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ်  ဇူလိုင်အထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၃၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်ပျမ်းမျှ ငွေကြေး ဖောင်းပွမှုနှုန်း ၈ ဒသမ ၀၈ ရာခိုင် နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၂၇ ရာခိုင်နှုန်းပိုမိုလာကြောင်း  သိရ သည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း ဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List