Monday, September 23, 2019

ဘုရင့်နောင်တံတား အမှတ်(၁)၊ သံဘောင်အထိုင် အသစ်လဲလှယ်မည် ဖြစ်၍ တစ်လတာ ပိတ်ထားမည်


No photo description available.
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ် တို့အား ဆက်သွယ်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင်တံတား အမှတ်(၁)တွင် တံတားတိုင်များပေါ်ရှိ သံဘောင်အထိုင်(Bearing)များ အသစ်လဲလှယ်ခြင်းလုပ်ငန်းကို တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)က (၅-၁၀-၂၀၁၉)ရက်နေ့မှ (၄-၁၁-၂၀၁၉)ရက်နေ့အထိ တံတားပိတ်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။

မော်တော်ယာဉ်များအနေဖြင့် ဘုရင့်နောင်တံတား အမှတ်(၁)အား ပိတ်ထားစဉ် ဘုရင့်နောင်တံတား အမှတ်(၂)တွင် လမ်းကြောင်းများ ဖော်ပြထားသည့် အတိုင်း အသွား/အပြန် ယာဉ်ကြော(၂)လမ်းစီမှ မောင်းနှင်ပေးကြပါရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနက မေတ္တာရပ်ခံ အသိပေး ကြေညာထားသည်။
The Ladies News

No comments:

Post a Comment

My Blog List