Friday, September 27, 2019



Image may contain: 3 people, people standing, sky and outdoor

Unicode Version
ဒေါ်ဥမ္မာလှိုင်က ကလေးငယ် ဗစ်တိုးရီးယား၏ဖခင်၊ ဦးလေး ၊ အဒေါ်၊ နှစ်ဘက်ရှေ့နေများနှင့် သက္ကမိုးညို တို့ကို အမှုဖွင့်
နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးငယ် ဗစ်တိုးရီးယားအမှုမှာ ပတ်သက်နေတဲ့ နှစ်ဘက်ရှေ့နေတွေနဲ့ မိသားစု၊ မိသားစု မိတ်ဆွေ ဆရာဝန် တို့ကို စက်တင်ဘာ(၂၆)ရက်က ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ နဲ့ အမှုဖွင့်လိုက်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြုသလို အမှုဖွင့်ခံရတဲ့ ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ ရုံးအဖွဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင် က လည်း ပြောပါတယ်။ အမှုဖွင့်ခံခဲ့ရသူ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းက သူ အမှုဖွင့်ခံထားရတာကို မီဒီယာတွေကတစ်ဆင့်သိရှိထားပြီး ရဲစခန်းကတော့ အကြောင်းမကြားသေးဘူးလို့ပြောပါတယ်။

No comments:

Post a Comment

My Blog List