Monday, September 23, 2019

သီလဝါ အထူးစီးပြားေရးဇုန္တြင္ စက္႐ုံတည္ေဆာက္ရန္ ေျမရယူခဲ့သည့္ နိုင္ငံေပါင္း ၁၈ နိုင္ငံမွ ကုမၸဏီ ၁၀၈ ခုရွိၿပီး စီးပြားျဖစ္လည္ပတ္ေနေသာ စက္႐ုံေပါင္း ၇၂ ႐ုံက ေဒၚလာ ၁ ဒသမ ၆၁ ဘီလ်ံေက်ာ္ ရင္းႏွီးျမႇုပ္ႏွံထား



 သီလဝါအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သီလဝါအထူးစီးပြားေရးဇုန္တြင္ စက္႐ုံတည္ေဆာက္ရန္ နိုင္ငံေပါင္း ၁၈ နိုင္ငံမွ ေျမမ်ားရယူခဲ့သည့္ ကုမၸဏီ ေပါင္း ၁၀၈ ကုမၸဏီ ရွိၿပီး စီးပြားျဖစ္လည္ေနသည့္စက္႐ုံ ေပါင္း  ၇၂ ခုတို႔က ေဒၚလာ ၁ ဒသမ ၆၁ ဘီလ်ံေက်ာ္အထိ လာေရာက္ ရင္းႏွီးျမႇုပ္ႏွံထားေၾကာင္း  Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) ဥကၠ႒ ဦးဝင္းေအာင္က ေျပာၾကားသည္။

“သီလဝါအထူးစီးပြားေရးဇုန္ မွာ ကုမၸဏီေတြက လုပ္ငန္းလည္ပတ္လ်က္ရွိတဲ့စက္႐ုံ အေရအတြက္ မ်ားျပားလာတာနဲ႔အမၽွ ေရနဲ႔ လၽွပ္စစ္ဓာတ္အား အသုံးျပဳႏွုန္းတိုး တက္လာမယ္လို႔ ေမၽွာ္မွန္းထားပါ တယ္” ဟု ဥကၠ႒ ဦးဝင္းေအာင္က ေျပာၾကားသည္။

ဂ်ပန္နိုင္ငံ၏ ထိပ္တန္းကုမၸဏီ တစ္ခုျဖစ္သည့္ တိုယိုတာက သီလဝါ အထူးစီးပြားေရးဇုန္တြင္ တိုယိုတာ ျမန္မာ ကုမၸဏီလီမိတက္ကို ေဒၚလာ  ၅၂ ဒသမ ၆ သန္းျဖင့္ ရင္းႏွီးျမႇုပ္ႏွံကာ ေမာ္ေတာ္ယာဥ္ထုတ္ လုပ္ေရး လုပ္ငန္း မ်ား စတင္သည့္ ၂၀၂၁ ခုႏွစ္မွ စတင္၍ တစ္ႏွစ္လၽွင္ Toyota Hilux အစီးေရ ၂၅၀၀ ထုတ္လုပ္မည္ ျဖစ္သည္။
သီလဝါအထူးစီးပြားေရးဇုန္ တြင္ တိုယို တာကားထုတ္လုပ္ရာတြင္ လိုအပ္သည့္စက္ပစၥည္း အစိတ္အပိုင္းမ်ားကို ေရာင္းခ်ေန သည့္ကုမၸဏီမ်ားကိုပါ သီလဝါ  အထူးစီးပြားေရးဇုန္အတြင္း၌ လာ ေရာက္ရင္းႏွီးျမႇုပ္ႏွံနိုင္ေအာင္ ဆြဲေဆာင္၍ စီးပြားေရးကြင္းဆက္ကို ဖန္တီးနိုင္မည္ျဖစ္ေၾကာင္း ဦးဝင္း ေအာင္က ေျပာၾကားသည္။
အထူးစီးပြားေရးဇုန္ဥပေဒ အရ ၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာ ၁ ရက္မွ စက္တင္ ဘာလလယ္အထိ သီလဝါအထူး စီးပြားေရးဇုန္တြင္ ရင္းႏွီးျမႇုပ္ႏွံမွု တိုးျမႇင့္ျခင္း အပါအဝင္ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမွုပမာဏ ေဒၚလာ ၃၆၂ သန္းေက်ာ္ ဝင္ေရာက္ထားေၾကာင္း ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံ မွုေကာ္မရွင္မွ သိရသည္။  
သီလဝါ အထူးစီးပြားေရးဇုန္ အတြင္းစက္႐ုံမ်ား ပိုမိုက်ယ္ျပန႔္စြာ လည္ပတ္ေဆာင္ရြက္နိုင္ရန္ အတြက္ နိုင္ငံတကာဆိပ္ကမ္းမ်ား၊ ေထာက္ပံ့ပို႔ေဆာင္ေရးလုပ္ငန္းမ်ား လိုအပ္လ်က္ရွိေၾကာင္း Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) ဥကၠ႒ ဦးဝင္းေအာင္က ေျပာၾကားသည္။
Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) အေနျဖင့္ ဘက္စုံေထာက္ပံ့ပို႔ ေဆာင္ေရး ဗဟိုခ်က္စီမံကိန္း (Multimodal Logistic Hub) တစ္ခုျဖစ္လာေစေရးအတြက္ ႀကိဳ တင္ေလ့လာမွုမ်ား ေဆာင္ရြက္ေနေၾကာင္း MTSH ၏ ၂၀၁၈-၂၀၁၉ Annual Report တြင္ ေဖာ္ျပထားသည္။
ဂ်ပန္နိုင္ငံ၏ ျပည္ပဖြံ့ၿဖိဳးမွု အကူအညီျဖင့္ Thilawa Multipurpose International Terminal Co., Ltd (TMIT) ဘက္စုံသုံး သီလဝါဆိပ္ကမ္းကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၁၄ ရက္တြင္ ဆိပ္ခံ တံတားတည္ေဆာ က္ျခင္းလုပ္ငန္း ၿပီးစီးျခင္းအခမ္းအနား က်င္းပ၍ လုပ္ငန္းမ်ား စတင္ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
ျမန္မာနိုင္ငံတြင္ လက္ရွိ အခ်ိန္၌ အထူးစီးပြားေရးဇုန္ သုံးခုအနက္ သီလဝါအထူးစီးပြားေရးဇုန္သည္ စီးပြားေရးအခြင့္အလမ္းေကာင္းမ်ားစြာရွိၿပီး အခ်က္အခ်ာက်သည့္အတြက္ ပုံမွန္တိုးတက္မွုရွိေနၿပီး ဇုန္အတြင္း နိုင္ငံေပါင္း ၁၉ နိုင္ငံ၊ ကုမၸဏီေပါင္း ၁၀၈ ခုအထိ ရင္းႏွီး ျမႇုပ္ႏွံထားလ်က္ရွိေၾကာင္း ျမန္မာ အထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုလုပ္ငန္းအဖြဲ႕ ဥကၠ႒ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က  ေျပာၾကားသည္။  

Eleven Media Group          
သီလဝါ အထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ရန် မြေရယူခဲ့သည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၈ ခုရှိပြီး စီးပွားဖြစ်လည်ပတ်နေသော စက်ရုံပေါင်း ရ၂ ရုံက ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထား

သီလဝါအထူးစီးပွားရေးဇုန် တွင် စက်ရုံတည်ဆောက်ရန် နိုင်ငံ ပေါင်း ၁၈ နိုင်ငံမှ မြေများရယူခဲ့ သည့် ကုမ္ပဏီပေါင်း ၁၀၈ ကုမ္ပဏီ ရှိပြီး စီးပွားဖြစ်လည်နေသည့်စက်ရုံ ပေါင်း  ရ၂ ခုတို့က ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော်အထိ လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း  Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

“သီလဝါအထူးစီးပွားရေးဇုန် မှာ ကုမ္ပဏီတွေက လုပ်ငန်းလည်ပတ်လျက်ရှိတဲ့စက်ရုံ အရေအတွက် များပြားလာတာနဲ့အမျှ ရေနဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုနှုန်းတိုး တက်လာမယ်လို့ မျှော်မှန်းထားပါ တယ်” ဟု ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သည့် တိုယိုတာက သီလဝါ အထူးစီးပွားရေးဇုန်တွင် တိုယိုတာ မြန်မာ ကုမ္ပဏီလီမိတက်ကို ဒေါ်လာ  ၅၂ ဒသမ ၆ သန်းဖြင့် ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ်ထုတ် လုပ်ရေး လုပ်ငန်း များ စတင်သည့် ၂၀၂၁ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ ထုတ်လုပ်မည် ဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန် တွင် တိုယို တာကားထုတ်လုပ်ရာတွင် လိုအပ်သည့်စက်ပစ္စည်း အစိတ်အပိုင်းများကို ရောင်းချနေ သည့်ကုမ္ပဏီများကိုပါ သီလဝါ  အထူးစီးပွားရေးဇုန်အတွင်း၌ လာ ရောက်ရင်းနှီးမြှုပ်နှံနိုင်အောင် ဆွဲဆောင်၍ စီးပွားရေးကွင်းဆက်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဦးဝင်း အောင်က ပြောကြားသည်။
အထူးစီးပွားရေးဇုန်ဥပဒေ အရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာလလယ်အထိ သီလဝါအထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၂ သန်းကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ သိရသည်။  
သီလဝါ အထူးစီးပွားရေးဇုန် အတွင်းစက်ရုံများ ပိုမိုကျယ်ပြန့်စွာ လည်ပတ်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတကာဆိပ်ကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ လိုအပ်လျက်ရှိကြောင်း Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) အနေဖြင့် ဘက်စုံထောက်ပံ့ပို့ ဆောင်ရေး ဗဟိုချက်စီမံကိန်း (Multimodal Logistic Hub) တစ်ခုဖြစ်လာစေရေးအတွက် ကြို တင်လေ့လာမှုများ ဆောင်ရွက်နေကြောင်း MTSH ၏ ၂၀၁၈-၂၀၁၉ Annual Report တွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ၏ ပြည်ပဖွံ့ဖြိုးမှု အကူအညီဖြင့် Thilawa Multipurpose International Terminal Co., Ltd (TMIT) ဘက်စုံသုံး သီလဝါဆိပ်ကမ်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ဆိပ်ခံ တံတားတည်ဆော က်ခြင်းလုပ်ငန်း ပြီးစီးခြင်းအခမ်းအနား ကျင်းပ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ အချိန်၌ အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်သည် စီးပွားရေးအခွင့်အလမ်းကောင်းများစွာရှိပြီး အချက်အချာကျသည့်အတွက် ပုံမှန်တိုးတက်မှုရှိနေပြီး ဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၀၈ ခုအထိ ရင်းနှီး မြှုပ်နှံထားလျက်ရှိကြောင်း မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က  ပြောကြားသည်။  

Eleven Media Group           

No comments:

Post a Comment

My Blog List