Friday, September 27, 2019

မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအနီး၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ


Image may contain: one or more people
မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအနီး၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လယ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝ ခန့်အကွာ၌ စစ်ဆေးမှု များ ဆောင်ရွက်စဉ်စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီခန့် တွင် မိုင်းလုံဘက်မှ မိုးကုတ်ဘက်သို့ ဆွယ်ဟိန်း(ဘ)ဦးအိုက်ဆိုင် မောင်းနှင် လာသည့် MITSUBISHI PAJERO အမျိုးအစား ယာဉ်အမှတ် YGN-6G/----— မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ရှေ့ခန်း ဝဲဘက်တံခါးအတွင်းမှ ဆပ်ပြာခွက် ၁၂၅ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁၁၈၅ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် မိုးကုတ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List