Friday, September 27, 2019

အဝေးသင်စာမေးပွဲဖြေမည့်ပညာရေးဝန်ထမ်းများအတွက် တရားဝင်ခွင့်ရက်တိုးမြှင့်

No photo description available. 
အဝေးသင်စာမေးပွဲဖြေမည့် ပညာရေးဝန်ထမ်းများအတွက် တရားဝင်ခွင့်ရက်ကို ယခင်က ၁၇ ရက်သာ ပေးရာမှ ယခုနှစ်ကစတင်ကာ ၄၅ ရက်သို့ တိုးမြှင့်လိုက်သည်။


၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ် အသီးသီးရှိ အဝေးသင်သင်တန်းများသို့ တက်ရောက်မည့်အမြဲတမ်း ပညာရေးဝန်ထမ်းများအတွက် ၄၅ ရက်ကို On Duty အဖြစ် ခွင့်သတ်မှတ်ကြောင်း ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးက စက်တင်ဘာ ၂၆ ရက်စွဲဖြင့် အမိန့်ကြေညာစာ ထုတ်ပြန်သည်။
‘‘သွားရက် ပြန်ရက်နဲ့ ၁၇ ရက်တည်းဆိုရင် နယ်ဝေးကနေမို့မလောက်မှာ စိုးလို့ ရက်ကိုတိုးပေးတာ’’ဟု အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က ဆိုသည်။
ပညာရေးကောလိပ် လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာ ဒီပလိုမာ(D.TEd)သင်တန်းဆင်းများသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည်နှင့် ထိုဒီပလိုမာ ၂ နှစ်သင်တန်း တက်ရောက်ရခြင်းဖြစ်ရာ သင်တန်းပြီးဆုံးပြီး မူလတန်းပြဆရာ၊ ဆရာမအဖြစ် အလုပ်ဝင်ရချိန်တွင် ဘွဲ့တစ်ခုရရှိထားရန် အဝေးသင် တက္ကသိုလ် ဆက်လက်တက် ရောက်ရသည်။ အလားတူတက္ကသိုလ်ဝင်တန်းအောင်ပြီး ပညာ ရေးဝန်ကြီးဌာန ရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ၀န်ထမ်းများလည်း အဝေးသင်တက္ကသိုလ် ဆက်လက်တက်ရောက်ကြသည်။
အဝေးသင်တက္ကသိုလ် တက်ရောက်ဆဲ ပညာရေးဝန်ထမ်းများ သည် အောက်တိုဘာနှင့် နိုဝင်ဘာ၌ အနီးကပ်သင်တန်း တက်ရောက်ပြီး စာမေးပွဲဖြေဆိုရာ ၀န်ကြီးဌာနက တရားဝင်ခွင့် ခံစားခွင့် ကို  ယခင်က ၁၇ ရက်သာ  ပေးခဲ့သည်။
၂၀၁၇ အဝေးသင်တက္ကသိုလ် စာမေးပွဲကာလက တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ အဝေးသင်တက္ကသိုလ် စာမေးပွဲသွားရောက် ဖြေဆိုနေခြင်း၊ သတ်မှတ်ရက်ထက် ပို၍ပျက်ကွက်ခြင်း ကြောင့် ရခိုင်ပြည်နယ်  မြေပုံမြို့နယ်ရှိ ဆရာ၊ ဆရာမ ၁၂ ဦးနှင့် အထွေထွေလုပ်သား တစ်ဦးကို မြို့နယ်ပညာရေးမှူးရုံးက လစာငွေ နှစ်လဆိုင်းငံ့သည့်ဖြစ်စဉ် ရှိခဲ့သည်။ ဝေးလံဒေသများတွင် တာဝန်ထမ်းသည့် ပညာရေးဝန်ထမ်းများအတွက် အဝေးသင် တက္ကသိုလ်ရှိရာသို့ လာရောက်ရသည့် ကြာချိန်များအတွက်  ခွင့်ရက် မပေးထားခြင်းကြောင့်   လုံ လောက်သည့်   ခွင့်ရက်ပေးရန် နိုင်ငံအနှံ့ရှိ ပညာရေးကောလိပ် ကျောင်းသား သမဂ္ဂများက သြဂုတ် အတွင်း ဖဲကြိုးစိမ်းကမ်ပိန်းများ ပြုလုပ် တောင်းဆိုခဲ့သည်။ 
ထိုကမ်ပိန်းများအပြီးတွင် အဝေးသင်စာမေးပွဲ ဖြေမည့်ပညာ ရေး ၀န်ထမ်းများအတွက် တရားဝင်ခွင့် ရက်ကို ၄၅ ရက်သို့ တိုးမြှင့်ကြောင်း ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
7Day   

No comments:

Post a Comment

My Blog List