ဗိုလ်ချုပ်ရုပ်ရှင်ကို တနှစ်အတွင်း အပြီးရိုက်မည့်ကိစ္စ “ ဟုတ်ရဲ့လား၊ ပြီးနိုင်ရဲ့လား” ဟု ဒေါ်အောင်ဆန်းစုကြည်မေးမြန်း ခဲ့ပြီး သေချောကောင်းမွန်အောင် ရိုက်ကူးရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဆန်း ရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားကို ယနေ့( စက်တင်ဘာ ၂၄)နံနက်ပိုင်းက ရန်ကုန်မြို့ ၊Novotal Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော် အတိုင်ပင်ခံက ယင်းသို့ မှာကြားခဲ့ခြင်းဖြစ် ကြောင်းဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီ တွဲဘက်အတွင်းရေးမှူး(၂)လည်းဖြစ်၊ ယင်းဇာတ်ကားကို တာဝန်ခံရိုက်ကူးမည့် ဒါရိုက်တာလူမင်းကပြောသည်။
" ရုပ်ရှင်နဲ့ပတ်သက်ပြီး နောက်ဆုံး ၂ကြိမ်မှာတော့ နေပြည်တော်မှာတွေတုန်းကလည်း ဒီရုပ်ရှင်ကို အကောင်းဆုံး ကြိုးစားရိုက် ကူး ဖို့ မှာကြားပြီးတော့ အနုပညာဖန်တီးမှု အပိုင်းမှာ ဝင်ရောက် စွက်ဖက်ခြင်း၊လမ်းညွှန်ခြင်း၊ လွှမ်းခြင်း လုံးဝမရှိပါဘူး ။ဆိုလို တာကဘယ်အခန်းတွေ ပါသင့်တယ်။ဘယ်အခန်းကတော့ မပါသင့်ဘူး၊ဘယ်တော့ရိုက်၊ဘယ်တော့ပြီးအောင်ရိုက် အစရှိ သည်ဖြင့် ဘာတခုမှ လွှမ်းမိုးမှု မရှိပါဘူး။ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်ကို ပေးထားပါတယ်။ဒီနေ့မှာလည်း အဲဒီလိုပါပဲ အားလုံးကို ကျေးဇူးတင်တဲ့ အနေနဲ့ ဒီပွဲအတွက်ကိုပဲ သီးသန့် နေ့ချင်းပြန်တက်ရောက်ချီး မြှင့် ပေးခြင်းဖြစ်ပါတယ်။။ ပြီးရင် နေပြည်တော်ကို ပြန်မှာ ဖြစ်ပါတယ်။ဒီနေ့ ပြောသွားတာဆိုရင်လည်း အချိန်အကြာကြီးပြင်ဆင်ခဲ့ပြီးမှ ဒီတနှစ်အတွင်း ရိုက်မယ့်ကိစ္စမှာလည်း ဒါဟုတ်ရဲ့လား။ဒါပြီးနိုင်ရဲ့လား ၊ သေချာတော့ ကောင်းအောင် လုပ်ပါဆိုတာပဲ မှာပါတယ်” ဟု ဒါရိုက်တာလူမင်းကပြောသည်။
အောင်ဆန်း ရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားသည် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ် ငန်းကော်မတီစတင်ဖွဲ့စည်းစဉ်ကာလမှ စတင်၍ ၂နှစ်အတွင်း လုပ်ငန်းကော်မတီ အစည်းအဝေး ၁၁ကြိမ်မြောက်ပြု လုပ်ခဲ့ပြီး နောက် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ ယင်းအခမ်းအနားသို့ ဗိုလ်ချုပ်အောင်းဆန်းရုပ်ရှင်ရိုက် ကူးထုတ်လုပ် ရေး လုပ် ငန်း ကော်မတီဥက္ကဌ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ မြန်မာနိုင်ငံရုပ်ရှင်အ စည်း အရုံး နာယက၊ဘဘဘိုကလေးတင့်အောင်နှင့် ဒါရိုက်တာလူမင်းတို့က တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနိုင်ရေးအတွက် ဗိုလ်ချုပ်ဆောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ယခင်အစိုးရလက်ထက်၂၀၁၂ ဖေဖော်ဝါရီ ၁၃ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ၅ နှစ်တာကာလအတွင်း teaser ၁၁ မိနစ်သာ ရိုက်ကူးနိုင်ခဲ့၍ လူထုအကြားတွင် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
ယင်းနောက် ယခင်ဖွဲ့စည်းခဲ့သည့် ကော်မတီကို ဖျက်သိမ်းကာ ၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာအဖြစ် ဦးမင်းထင်ကိုကိုကြီးအား တာဝန်ပေးအပ်ခဲ့သည်။
သို့သော်လည်း၂ဝ၁၂ ခုနစ်မှ စတင်ကာ ရိုက်ကူးရန်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ခြောက်နှစ်နီးပါး ကြာမြင့်သည့်တိုင် အကောင်အထည်မပေါ်သေးသည့်အတွက် ၂၀၁၇ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ မှ စတင်ကာ သရုပ်ဆောင်လူမင်းအား ဒါရိုက်တာအဖြစ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။
ဗိုလ်ချုပ်ရုပ်ရှင်ကို စက်တင်ဘာ ၃၀ရက်နေ့မှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မန္တလေး၊အင်းဝ၊နတ်မောက်မြို့ စသည့်နေရာဒေသများသို့ သွားရောက်ရိုက်ကူး မည်ဖြစ်ကြောင်း ဒါရိုက်တာလူမင်းကပြောသည်။
ဗိုလ်ချုပ်ရုပ်ရှင်းကို စက်တင်ဘာလကုန်စ၍ ၅လအတွင်း အပြီးရိုက်ကူးရန်စီစဉ်နေပြီး ရိုက် ကူး မှုအချိန်ကာလအတွက် လိုအပ်သည့် ပြင်ဆင်မှုများ အတိုင်းအတာတခုအထိ ပြီးစီးသွားပါက လာမည့် ၂၀၂၀ခုနှစ်၊ ဇန်န၀ါရီ တွင် အပြီးသတ်ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၈ရက် နေ့ က ပြုလုပ်သည့် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဒသမအကြိမ်မြောက်လုပ် ငန်းညှိနှိုင်း အ စည်းအဝေးအပြီးတွင် ဒါရိုက်တာ ဦးလူမင်းကပြောကြားထားသည်။
သတင်း/ဓါတ်ပုံ- ကိုလင်း
No comments:
Post a Comment