Tuesday, September 24, 2019

မႏၱေလးနန္းၿမိဳ႕႐ုိး က်ံဳးေဘးလက္ရန္းတြင္ ထဘီႏွင့္အဝတ္လွန္းသူမ်ားကို မန္းစည္ပင္က ခံဝန္ထိုးခိုင္းျပီး သတိေပး


No photo description available.Image may contain: one or more people and outdoor
မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ၂၆ လမ္း၊ ၇၅ လမ္းႏွင့္ ၇၆ လမ္းၾကားရွိ မႏၱေလးနန္းၿမိဳ႕ရိုးက်ံဳးေဘးလက္ရန္းေပၚတြင္ ထဘီႏွင့္အဝတ္မ်ားလွန္းသည့္ကိစၥႏွင့္ပတ္သက္၍ ျပဳလုပ္သူမ်ားကို ခံဝန္ထိုးခိုင္း၍ သတိေပးထားၿပီးျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

"ေနာက္ဒီလိုမလုပ္ဖို႔ ခံဝန္ထိုးၿပီး သတိေပးၿပီးပါၿပီ။ ဒီကိစၥမွာ ခ်က္ခ်င္းသိလိုက္တာဆိုေတာ့ ခ်က္ခ်င္းသက္ ဆိုင္တဲ့သူေတြကို သတိေပးလိုက္ပါတယ္။ ေနာက္ၿပီး ဒီကိစၥက online ေပၚ ျပန္႔သြားတာဆိုေတာ့ အမ်ားျပည္သူ သိသြားတယ္။ သိသြားေတာ့ ေနာက္ေတာ့ လုပ္လိမ့္မယ္မထင္ပါဘူးဗ်"ဟု မႏၲေလးၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္ က ေျပာၾကားခဲ့သည္။
က်ံဳးလက္ရန္းေပၚတြင္ ထဘီ၊ စကတ္ႏွင့္ အဝတ္မ်ားလွန္းထားသည့္ကိစၥႏွင့္ပတ္သက္၍ လူမႈကြန္ရက္ေပၚတြင္ ေဝဖန္ ေျပာဆိုမႈမ်ားရွိသည့္အတြက္ ျပဳလုပ္သူမ်ားျဖစ္သည့္ ဦးကိုကိုလတ္အပါအဝင္ အမ်ဳိးသားတဦးႏွင့္ အမ်ဳိးသမီးႏွစ္ဦးကို ေဖာ္ထုတ္ႏိုင္ခဲ့သည္။
က်ံဳးၿမိဳ႕ရိုးေတာင္ဘက္တြင္ လက္ရန္းမ်ား လဲလွယ္တပ္ဆင္ျခင္းနွင့္ ပလက္ေဖာင္းမ်ားအဆင့္ျမွင့္တင္ျခင္းတို႔ကို ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလကျပဳလုပ္ခဲ့ၿပီး ေငြက်ပ္သိန္း ၄၀၀၀ ကုန္က်ခဲ့ေၾကာင္း သိရသည္။
ဦးရာဇ

မန္တလေးနန်းမြို့ရိုး ကျုံးဘေးလက်ရန်းတွင် ထဘီနှင့်အဝတ်လှန်းသူများကို မန်းစည်ပင်က ခံဝန်ထိုးခိုင်းပြီး သတိပေး
------ ------ ------ ----- -----

မန္တလေး အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၇၅ လမ်းနှင့် ၇၆ လမ်းကြားရှိ မန္တလေးနန်းမြို့ရိုးကျုံးဘေးလက်ရန်းပေါ်တွင် ထဘီနှင့်အဝတ်များလှန်းသည့်ကိစ္စနှင့်ပတ်သက်၍ ပြုလုပ်သူများကို ခံဝန်ထိုးခိုင်း၍ သတိပေးထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
"နောက်ဒီလိုမလုပ်ဖို့ ခံဝန်ထိုးပြီး သတိပေးပြီးပါပြီ။ ဒီကိစ္စမှာ ချက်ချင်းသိလိုက်တာဆိုတော့ ချက်ချင်းသက်ဆိုင်တဲ့သူတွေကို သတိပေးလိုက်ပါတယ်။ နောက်ပြီး ဒီကိစ္စက online ပေါ် ပြန့်သွားတာဆိုတော့ အများပြည်သူ သိသွားတယ်။ သိသွားတော့ နောက်တော့ လုပ်လိမ့်မယ်မထင်ပါဘူးဗျ"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောကြားခဲ့သည်။
ကျုံးလက်ရန်းပေါ်တွင် ထဘီ၊ စကတ်နှင့် အဝတ်များလှန်းထားသည့်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများရှိသည့်အတွက် ပြုလုပ်သူများဖြစ်သည့် ဦးကိုကိုလတ်အပါအဝင် အမျိုးသားတဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖော်ထုတ်နိုင်ခဲ့သည်။
ကျုံးမြို့ရိုးတောင်ဘက်တွင် လက်ရန်းများ လဲလှယ်တပ်ဆင်ခြင်းနှင့် ပလက်ဖောင်းများအဆင့်မြှင့်တင်ခြင်းတို့ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်း ၄၀၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။
ဦးရာဇ 

No comments:

Post a Comment

My Blog List