Friday, September 27, 2019

ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာလျှင် မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို မုချပြောင်းလဲနိုင်မည့် ခေါင်းဆောင်ဟု ဦးဥာဏ်ဝင်း ပြော


Image may contain: 6 people

ဒေါ်အောင်ဆန်းစုကြည်တဦးသာလျှင် မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို မုချပြောင်းလဲနိုင်မည့် ခေါင်းဆောင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောကြားလိုက်သည်။

ယနေ့(စက်တင်ဘာ ၂၇)နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိပဖွဲ့ချုပ်ရုံး၌ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၁နှစ်မြောက် အခမ်းအနား သဘာပတိမိန်းခွန်းတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့သည်။
" စိတ်ရောကိုယ်ပါ နည်းမျိုးစုံနှိပ်စက် ခံခဲ့ရပေမယ့် အမြော်အမြင်တရား ၊ မေတ္တာ တရားနဲ့ စိတ်ရှည်၊ဇွဲရှိ၊ သည်းခံ မှုအပေါင်း စွဲမြဲ ခဲ့သူ၊ လူထုခေါင်းဆောင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦး သာလျှင် မြန်မာ့ဒီမိုကရေစီ နိုင်ငံသစ် ကို မုချ ပြောင်းလဲနိုင်မယ့် ခေါင်းဆောင် ဖြစ်ပါတယ်'' ဟု ဦးဥာဏ်ဝင်းကကေပြောသည်။
ထို့အပြင် အမျိုးသာဒီမိုကရေသီအဖွဲ့ချုပ်၏ သမိုင်းဟာ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ တိုက်ပွဲ သမိုင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အပြောင်းအလဲကို အမှန်တကယ်စွမ်းဆောင်နိုင်သည့် ပါတီသည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သာ ဖြစ်ကြောင်း ၄င်းကပြောသည်။
အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပြည်သူ လူထုကိုပေးအပ်ထားသည့် အများ ပြည်သူ့ တို့၏ ဆန္ဒနှင့်ကိုက်ညီ ၍ အခြေခံ လူ့ အခွင့်အရေး များကို အာမခံမည့် စစ်မှန်သော ဒီမို ကရေစီအစိုးရ ဖြစ်ပေါ် လာစေရန် ဟူသည့် ကတိသစ္စာအား ယနေ့တိုင် နှလုံးသားထဲတွင် စွဲမြဲယုံကြည်စွာ ၊အခက်အခဲအမျိုးမျိုး၊ဖိနှိပ်ကန့်သတ်မှု အမျိုးမျိုးကို ကျော် လွှာကာ ပြည်သူနှင့်အတူ စုပေါင်းပင်အားဖြင့် ဆက်လက်ရုန်းကန်လျှက် ရှိကြောင်း ဦးဥာဏ်ဝင်းကပြောသည်။
" အာဏာရှင်စနစ် အောက်မှာ ပြည်သူလူထုနဲ့ အတူ ကျောချင်းကပ် ၊ ရင်ချင်းအပ် ပြီး နှစ်ပေါင်း ၂၀ကျော် ကြံ့ကြံ့ ခံရပ်တည် ရင်း ထုသားပေသားရ၊ သံမဏိသား ကျလာခဲ့တဲ့ပါတီ ၊ရန်းရင်း ကန်ရင်း ရှင်သန်ကြီးထွားလာခဲ့တဲ့ ပါတီ သာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် တစ်ဖွဲ့ တည်းပဲရှိပါတယ်'' ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ခုနှစ် စက်တင်ဘာ ၂၇ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က အဖွဲ့ချုပ်ကို ရန်ကုန်မြို့ ၊တက္ကသိုလ်ရိပ်သာလမ်းရှိ (အမှတ် ၅၄/၅၆) တွင် ဖွင့်လှစ်ခဲ့သည်။ အဖွဲ့ချုပ် စတင်ဖွဲ့စည်းစဉ်က အဖွဲ့ချုပ် ဥက္ကဌ အဖြစ် ဦးအောင်ကြီး၊ ဒုဥက္ကဌ အဖြစ် သူရဦးတင်ဦး၊အထွေထွေအတွင်းရေးမှူးအဖြစ် လက်ရှိနိုင်ငံတော်၏အတိုင်ပင် ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခု ၂၀၁၉ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၁နှစ်မြောက် နှစ်ပတ်လည် နေ့ဖြစ်သည်။
Image may contain: sky and outdoor 

Image may contain: 9 people, people smiling, people sitting and indoor
Image may contain: one or more peopleImage may contain: 3 people, indoor
သတင်း/ဓာတ်ပုံ- ကိုလင်း

No comments:

Post a Comment

My Blog List