Thursday, September 26, 2019

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များအတွက် အမေရိကန်သံရုံးက လုံခြုံရေးသတိပေးချက် ထုတ်ပြန်



ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ဖောက်ခွဲတိုက်ခိုက်မှုများရှိလာနိုင်သဖြင့် အမေရိကန်နိုင်ငံသားများ အနေဖြင့် သတိဝီရိယဖြင့် နေထိုင်သွားလာကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ စက်တင်ဘာ ၂၅ ရက်က သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်တွင် ယနေ့ စက်တင်ဘာ ၂၆ ရက်အပါအ၀င် အောက်တိုဘာ ၁၆ ရက်နှင့် အောက်တိုဘာ ၂၆ ရက်နေ့များတွင် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဆိုသော သတင်းအရ မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်ကဆိုသည်။
အမေရိကန်နိုင်ငံသားများအနေဖြင့် မြန်မာပြည်တွင်းသတင်းများနှင့် မျက်ခြေမပြတ် စောင့်ကြည့်ကြရန်၊ မိမိ၏လုံခြုံရေးနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် မိတ်ဆွေများအား အသိပေးထားရန်၊ အထူးသဖြင့် အစိုးရဌာနရုံးများအတွင်းရှိနေချိန်တွင်သော်လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပြောဆိုဆက်ဆံရသည့်အချိန်များတွင်သော်လည်းကောင်း မိမိ၏ တကိုယ်ရေလုံခြုံရေးကို အထူးဂရုပြုရန်နှင့် လုံခြုံရေးသတိရှိရန် နှိုးဆော်ထားသည်။
အမေရိကန်သံရုံး၏ ထုန်ပြန်ချက်နှင့်ပတ်သက်၍ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်မေးမြန်းရာ. နေပြည်တော် ရဲတပ်ဖွဲ့မှူးနှင့် ဒုတပ်ဖွဲ့မှူးတို့ ပြင်ပသွားနေကြကြောင်း၊ ရဲဌာနချူပ်သို့သာ ဆက်သွယ်မေးမြန်းရန် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောသည်။
လတ်တလော နေပြည်တော်အခြေအနေမှာ အေးအေးလူလူရှိနေပြီး လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် သပြေကုန်းဈေးတို့တွင် အများပြည်သူ ဟန်မပျက်သွားလာလျက်ရှိကြောင်း သိရှိရသည်။
ထွန်း(နေပြည်တော်)

No comments:

Post a Comment

My Blog List