Tuesday, September 24, 2019

မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ပံု အသံုးျပဳၿပီး ေလွာင္ေျပာင္ခဲ့သူဟု ယူဆရသူတစ္ဦးကို ေခၚယူစစ္ေဆးေန


Image may contain: outdoor
မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ ဓာတ္ပံုေတြကို အသံုးျပဳၿပီး လူမႈကြန္ရက္စာမ်က္ႏွာမွာ ေလွာင္ေျပာင္ သေရာ္စာ ေရးသားခဲ႔တယ္ဆိုျပီး ၆၆ (ဃ)နဲ႔ အမႈဖြင္႔ထားတဲ႔ ႏွစ္ဦးထဲက တစ္ဦးလို႔ ယူဆရသူကို ေခၚယူစစ္ေဆးေနတယ္လို႔ ခ်မ္းျမသာစည္ျမိဳ႕နယ္ အမွတ္ (၁၁) နယ္ေျမရဲစခန္းက သိရပါတယ္။

စစ္ေဆးေနတုန္းျဖစ္ျပီး အေထာက္အထားမွန္တယ္ဆိုမွ သတင္း ထုတ္ျပန္လို႔ရမွာျဖစ္တယ္လို႔ ခ်မ္းျမသာစည္ ျမိဳ႕နယ္ အမွတ္ (၁၁) နယ္ေျမရဲစခန္းက တာဝန္ရိွသူတစ္ဦးကေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက လူမႈကြန္ရက္ စာမ်က္ႏွာ Facebook မွာ We love Dauk Zaw group တစ္ခုဖြင့္ၿပီး ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ ဓာတ္ပံုေတြကို အသံုးျပဳကာ Aung pyae San Win နဲ႔ Swan Ka Bar အေကာင့္ပိုင္႐ွင္ ႏွစ္ဦးက ေလွာင္ေျပာင္ သေရာ္တဲ့ စာသားေတြနဲ႔အတူ ေဖာ္ျပခဲ့တယ္လို႔ သိရပါတယ္။

၀န္ႀကီးခ်ဳပ္ကိုယ္စား မႏၲေလးတိုင္းေဒသၾကီး အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီ ျပန္ၾကားေရးေကာ္မတီဝင္ ဦးပုညေဆြက တရားလိုျပဳလုပ္ၿပီး ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔ အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။ 
သတင္း-ေအးစုမြန္
One News Myanmar

Unicode version
မန္တလေးတိုင်းဝန်ကြီးချုပ်ပုံ အသုံးပြုပြီး လှောင်ပြောင်ခဲ့သူဟု ယူဆရသူတစ်ဦးကို ခေါ်ယူစစ်ဆေးနေ
------------------------------------------------------
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လူမှုကွန်ရက်စာမျက်နှာမှာ လှောင်ပြောင် သရော်စာ ရေးသားခဲ့တယ်ဆိုပြီး ၆၆ (ဃ)နဲ့ အမှုဖွင့်ထားတဲ့ နှစ်ဦးထဲက တစ်ဦးလို့ ယူဆရသူကို ခေါ်ယူစစ်ဆေးနေတယ်လို့ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းက သိရပါတယ်။

စစ်ဆေးနေတုန်းဖြစ်ပြီး အထောက်အထားမှန်တယ်ဆိုမှ သတင်း ထုတ်ပြန်လို့ရမှာဖြစ်တယ်လို့ ချမ်းမြသာစည် မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာ Facebook မှာ We love Dauk Zaw group တစ်ခုဖွင့်ပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ Aung pyae San Win နဲ့ Swan Ka Bar အကောင့်ပိုင်ရှင် နှစ်ဦးက လှောင်ပြောင် သရော်တဲ့ စာသားတွေနဲ့အတူ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ကိုယ်စား မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီဝင် ဦးပုညဆွေက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ သတင်း-အေးစုမွန်

No comments:

Post a Comment

My Blog List