Wednesday, September 25, 2019

ဥေရာပ ၆ ႏိုင္ငံကို ဗီဇာေျဖေလွ်ာ့ေပးေသာ္လည္း ခရီးသြားဧည့္သည္တိုးလာမည္မဟုတ္ဟု ဆို



ဥေရာပ ၆ ႏိုင္ငံကို ဗီဇာေျဖေလွ်ာ့ေပးေသာ္လည္း တိုက္ရိုက္ေလေၾကာင္းလုိင္းမရွိသျဖင့္ ခရီးသြားဧည့္သည္ တိုးလာ မည္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။

လာမည့္ေအာက္တိုဘာလ ၁ ရက္မွစ၍ ဆြစ္ဇာလန္ႏိုင္ငံ၊ အီတလီႏိုင္ငံ ၊ ဂ်ာမနီႏိုင္ငံ၊ ၾသစေၾတးလ်ႏိုင္ငံ၊ စပိန္ႏိုင္ငံႏွင့္ ရုရွားႏိုင္ငံတို႔ကို ဗီဇာေျဖေလွ်ာ့ေပးမည့္အေပၚ ယခုကဲ့သို႔သံုးသပ္ေျပာဆိုျခင္းျဖစ္သည္။
“သူတို႔ကို ဗီဇာေျဖေလွ်ာ့ေပးထားေပမဲ့လည္း ခရီးသြားကတိုးလာမွာမဟုတ္ဘူး။ တိုက္ရိုက္ပ်ံသန္းတဲ့ ေလေၾကာင္းလိုင္းမရွိဘူး။ အေနာက္ႏိုင္ငံက စီးပြားေရးနဲ႔ဆက္စပ္ေနတယ္။ သူတို႔က ႏိုင္ငံေရး၊ လူ႔အခြင့္အေရးအေျခအေနအားလံုးကို လာၾကည့္ၿပီးေစာင့္ၾကည့္ၾကတာမ်ားတယ္။ တိုက္ရိုက္ေလေၾကာင္းလိုင္းနဲ႔ပ်ံသန္းႏိုင္မွ အဆင္ေျပမွာ။ အရင္တုန္းကဥေရာပေလေၾကာင္းလိုင္းနဲ႔ ခ်ိတ္ဆက္ၿပီး ပ်ံသန္းတဲ့ေလေၾကာင္းလိုင္းရွိေသးတယ္။ အခုက မရွိေတာ့ဘူး”ဟု ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။
လက္ရွိတြင္ ျမန္မာႏုိင္ငံသို႔ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလမွ ၾသဂုတ္လအထိ ဥေရာပခရီးသြားဦးေရ ၆၀၀၀ မွ ၉၀၀၀ ဦးဝန္းက်င္ လာေရာက္လည္ပတ္ေၾကာင္း သိရသည္။
“ကမ္းလွမ္းထားတာေတာ့ အမ်ားႀကီးရွိပါတယ္။ ကမ္းလွမ္းထားေပမဲ့လည္း ကိုယ့္ႏိုင္ငံမွာက လံုေလာက္တဲ့ ဝန္ေဆာင္မႈေပးႏိုင္ရမယ္။ အခုဆိုရင္ ေလဆိပ္ကို အဆင့္ျမွင့္တင္မႈေတြလုပ္ေနတာ ေတာ္ေတာ္ေလးၿပီးေနၿပီ။ ေနာက္ထပ္ေလေၾကာင္းလိုင္းေတြလာမယ္ဆိုရင္လည္း အမ်ားႀကီးလက္ခံလို႔ရေသးတယ္”ဟု ျပည္တြင္းေလေၾကာင္းပို႔ေဆာင္ေရးဦးဌာန၊ ေလဆိပ္စီမံခန္႔ခြဲမႈေကာ္မတီမွဥကၠ႒ ဦးျမင့္ေဌးက ေျပာသည္။
ၿပီးခဲ့ေသာ၂၀၁၈ ခုႏွစ္အတြင္း ျပည္တြင္းသို႔ လာေရာက္လည္ပတ္သည့္ႏိုင္ငံျခားခရီးသြား ၃ သန္းေက်ာ္ရွိၿပီး ၂၀၁၉ ခုႏွစ္အတြင္း ဧည့္သည္ ၄ သန္းခန္႔ဝင္ေရာက္လာမည္ဟု ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။
စုသက္ႏွင္း(အကုန္သိသတင္းဌာန)

ဥရောပ ၆ နိုင်ငံကို ဗီဇာဖြေလျှော့ပေးသော်လည်း ခရီးသွားဧည့်သည်တိုးလာမည်မဟုတ်ဟု ဆို 

ဥရောပ ၆ နိုင်ငံကို ဗီဇာဖြေလျှော့ပေးသော်လည်း တိုက်ရိုက်လေကြောင်းလိုင်းမရှိသဖြင့် ခရီးသွားဧည့်သည် တိုးလာမည်မဟုတ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
လာမည့်အောက်တိုဘာလ ၁ ရက်မှစ၍ ဆွစ်ဇာလန်နိုင်ငံ၊ အီတလီနိုင်ငံ ၊ ဂျာမနီနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ စပိန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို ဗီဇာဖြေလျှော့ပေးမည့်အပေါ် ယခုကဲ့သို့သုံးသပ်ပြောဆိုခြင်းဖြစ်သည်။
“သူတို့ကို ဗီဇာဖြေလျှော့ပေးထားပေမဲ့လည်း ခရီးသွားကတိုးလာမှာမဟုတ်ဘူး။ တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းလိုင်းမရှိဘူး။ အနောက်နိုင်ငံက စီးပွားရေးနဲ့ဆက်စပ်နေတယ်။ သူတို့က နိုင်ငံရေး၊ လူ့အခွင့်အရေးအခြေအနေအားလုံးကို လာကြည့်ပြီးစောင့်ကြည့်ကြတာများတယ်။ တိုက်ရိုက်လေကြောင်းလိုင်းနဲ့ပျံသန်းနိုင်မှ အဆင်ပြေမှာ။ အရင်တုန်းကဥရောပလေကြောင်းလိုင်းနဲ့ ချိတ်ဆက်ပြီး ပျံသန်းတဲ့လေကြောင်းလိုင်းရှိသေးတယ်။ အခုက မရှိတော့ဘူး”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ဥရောပခရီးသွားဦးရေ ၆၀၀၀ မှ ၉၀၀၀ ဦးဝန်းကျင် လာရောက်လည်ပတ်ကြောင်း သိရသည်။
“ကမ်းလှမ်းထားတာတော့ အများကြီးရှိပါတယ်။ ကမ်းလှမ်းထားပေမဲ့လည်း ကိုယ့်နိုင်ငံမှာက လုံလောက်တဲ့ ဝန်ဆောင်မှုပေးနိုင်ရမယ်။ အခုဆိုရင် လေဆိပ်ကို အဆင့်မြှင့်တင်မှုတွေလုပ်နေတာ တော်တော်လေးပြီးနေပြီ။ နောက်ထပ်လေကြောင်းလိုင်းတွေလာမယ်ဆိုရင်လည်း အများကြီးလက်ခံလို့ရသေးတယ်”ဟု ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးဌာန၊ လေဆိပ်စီမံခန့်ခွဲမှုကော်မတီမှဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။
ပြီးခဲ့သော၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းသို့ လာရောက်လည်ပတ်သည့်နိုင်ငံခြားခရီးသွား ၃ သန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း ဧည့်သည် ၄ သန်းခန့်ဝင်ရောက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
စုသက်နှင်း(အကုန်သိသတင်းဌာန)
 

No comments:

Post a Comment

My Blog List